Friday, January 11, 2013

ှိ ရန်ကုန်မြို့တွင်းခရီးသည်တင် ယာဉ်များကို လိုင်းပြေးဆွဲရန် CNG ကုဗဗေ တစ်သန်း ပေးမည်။

Friday, 11 January 2013

လက်ရှိ ရန်ကုန်မြို့တွင် ရောက်ရှိနေသော တင်သွင်းပြီး ခရီးသည်တင်ကားများ ယာဉ်လိုင်းပြေးဆွဲရန် တစ်နေ့လျှင် CNG ကုဗဗေ တစ်သန်း ခွင့်ပြုချထား ပေးသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၉ ရက်က ပြုလုပ်သော မထသ (ဗဟို) အစည်းအဝေးမှ သိရသည်။

ထိုသို့ CNG ခွဲဝေချပေးမည့် အဆိုပါ ယာဉ်များကို လမ်းကြောင်းအသစ် ခွင့်ပြုမည် မဟုတ်ဘဲ ယခင်ရှိပြီး ယာဉ်လိုင်းများ အောက်တွင်သာ ပြေးဆွဲစေမည် ဖြစ်သည်။

“ဒီမှာ ရောက်ရှိပြီး ယာဉ်စီးရေ ၂၀၀၀ ခန့်ကိုပဲ ချပေးမှာ ဖြစ်ပါတယ်။ နောက်သွင်းလာမယ့် ကားတွေ မပါဘူး။ ယာဉ်ပိုင်ရှင်တွေ အနေနဲ့ မထသ လက်အောက်က ရှိပြီးသား ယာဉ်လိုင်းတွေမှာ ၀င်ရောက် ပြေးဆွဲရမှာ ဖြစ်ပါတယ်။ လမ်းကြောင်းအသစ် ချပေးမှာ မဟုတ်ဘဲ နဂိုရှိပြီးသား ယာဉ်လိုင်းအောက်မှာပဲ ပြေးဆွဲရမှာပါ” ဟု မထသ (ဗဟို) မှ ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။

၎င်းကပင် “တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့လည်း ကားတင်းသွင်းတဲ့ ကုမ္မဏီတွေကို ခေါ်ယူ အသိပေး ထားပါတယ်။ ကုမ္မဏီတွေကနေ ကိုယ့်အစီအစဉ်နဲ့ကို တင်သွင်းလာတဲ့ ကားတွေကို CNG ချပေးသွားမှာ ဖြစ်ပါတယ်” ဟု ဆက်လက် ပြောကြားသည်။

ရန်ကုန်မြို့တွင်း လက်ရှိပြေးဆွဲနေသော ယာဉ်လိုင်း ၁၇ လိုင်း၏ အောက်တွင် ယာဉ်လိုင်း ၃၈၆ လိုင်း ရှိကြောင်း သိရသည်။

No comments:

Post a Comment