ဒဂုံ
 ရွှေအောင်လံ မြန်မာ့ ရိုးရာ လက်ဝှေ့ ပြိုင်ပွဲ(၂ဝ၁၃) တတိယနေ့ 
ဖိုင်နယ်ပွဲစဉ် များကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၆ ရက် (တနင်္ဂနွေ နေ့) မွန်းလွဲ
 ၂ နာရီက ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း အမျိုးသား အားကစား ပြိုင်ပွဲရုံ 
(၁)၌ အားကစား ဝန်ကြီးဌာန မြန်မာ နိုင်ငံ ရိုးရာ လက်ဝှေ့ အဖွဲ့
 ချုပ်မှ ကြီးမှူးပြီး ဒဂုံ အဖျော် ယမကာ ကုမ္ပဏီ လီမိတက်က အဓိက ပံ့ပိုး 
ကူညီကာ မြန်မာ မီဒီယာ ဂရု(ပ်)မှ စီစဉ်၍ ဆက်လက် ယှဉ်ပြိုင် ခဲ့ရာ
 
 
လေးချီစိန် ခေါ်ပွဲ များတွင် အောင်သူရိန် (Top One)က ပထမအချီ ၂မိနစ် ၄၄ 
စက္ကန့်၌ ရဲရင့်ထွန်း (မုဒုံသား) အား အလဲ ထိုးဖြင့် လည်းကောင်း၊ 
ဇွဲမောင်မောင် (အဖြူရောင် သွေးသစ်) နှင့်သက်ကို (ဝါဆို) တို့မှာ လေးချီ 
ပြည့်သည် အထိ အနိုင် အရှုံး မပေါ် သောကြောင့် ပူးတွဲ သရေဖြင့် လည်းကောင်း၊ 
စလူကာ (ဝါဆို)နှင့် ရှမ်းသွေးလေး (Top One) တို့မှာ လေးချီ ပြည့်သည် အထိ 
အနိုင် အရှုံး မပေါ် သောကြောင့် ပူးတွဲ သရေဖြင့် လည်းကောင်း ပြီးဆုံးခဲ့သည်။
 
 တတိယတန်း ဒဂုံ ရွှေအောင်လံ (ဖိုင်နယ်) ပွဲစဉ်တွင် ရဲမြင့်အောင် (အဖြူရောင် 
သွေးသစ်)နှင့် မြှားထက် အောင် (မြထက်ကျော်)တို့ ယှဉ်ပြိုင် ထိုးသတ်ရာ 
ရဲမြင့်အောင် (အဖြူရောင် သွေးသစ်)က တတိယ အချီ ၂ မိနစ် ၅၇ စက္ကန့်တွင် 
အလဲထိုး အနိုင် ရရှိခဲ့ပြီး တတိယတန်း ဒဂုံ ရွှေအောင်လံ ဆုဖလားကို 
ရရှိခဲ့သည်။
 
 ဒုတိယတန်း ဒဂုံ ရွှေအောင်လံ (ဖိုင်နယ်) ပွဲ အဖြစ် 
တူးတူး (နဂါးမာန်)နှင့်  ဖိုးသားကြီး (မန္တလေး) တို့ ငါးချီ ပြည့်သည် အထိ 
ယှဉ်ပြိုင် ထိုးသတ် ခဲ့ကြပြီး တူးတူး (နဂါးမာန်)က အမှတ် ပြည့်ဖြင့် အနိုင် 
ရရှိ ခဲ့သည်။
 
 အထူး ဒဂုံ ရွှေအောင်လံ လုပွဲ အဖြစ် ထွန်းထွန်းမင်း 
(မြန်မာ)နှင့် ဖူးခက်မွေ ထိုင်း ချန်ပီယံ ဖဲလစ်စ် (ဂျာမန်) တို့ယှဉ်ပြိုင် 
ထိုးသတ်ရာ ထွန်းထွန်းမင်း (မြန်မာ)၏ ထိုးချက်များ၊ ခေါင်းတိုက် ချက် များ၊ 
ခြေကန် ချက်များ၊ ဒူးတိုက်ချက် များကြောင့် ဖဲလစ်စ် (ဂျာမန်)အား ဒုတိယ အချီ
 ၁ မိနစ် ၄၄ စက္ကန့်တွင် အလဲထိုး အနိုင်ယူ၍ အထူး ဒဂုံ ရွှေအောင်လံ ပထမဆုကို 
ရရှိခဲ့သည်။ အထူး ဒဂုံ ရွှေအောင်လံ လုပွဲ ဒုတိယ ပွဲစဉ် အဖြစ် ထွန်းထွန်း 
(မြန်မာ) နှင့် အီရန်နှင့် အာရှ မွေထိုင်း ချန်ပီယံ အက်ရှ်ခန် အင်တီခါဘီ 
(အီရန်)တို့ ယှဉ်ပြိုင် ထိုးသတ်ရာ ပထမ အချီ စစချင်း ၅၂ စက္ကန့်တွင် 
ထွန်းထွန်း (မြန်မာ)၏ ခြေကန်ချက် များဖြင့် အက်ရှ်ခန် အင်တီခါဘီ (အီရန်)ကို
 အနိုင်ရရှိပြီး အထူး ဒဂုံရွှေ အောင်လံ ပထမဆုကို ဆွတ်ခူးခဲ့သည်။
 
 
ပထမတန်း ဒဂုံ ရွှေအောင်လံ (ဖိုင်နယ်) ပွဲအဖြစ် တွေ့မရှောင် (နဂါးမာန်) နှင့်
 ဖိုးကေ (မန္တလေး)တို့ ယှဉ်ပြိုင် ထိုးသတ် ကြရာ တွေ့မရှောင်၏ ထိုးချက်၊ 
ကန်ချက် များကြောင့် ပထမ အချီ ၂ မိနစ် ၂ဝ စက္ကန့် တွင်ပင် ဖိုးကေအား 
အလဲထိုးနိုင် ခဲ့ပြီး ပထမတန်း ဒဂုံ ရွှေအောင်လံ ပထမ ဆုဖလားကို ရရှိ 
ခဲ့ကြောင်း သတင်း ရရှိသည်။
No comments:
Post a Comment