Monday, January 14, 2013
၈၈မျိုးဆက်ကျောင်းသားများ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ရောက်ရှိ
 ယနေ့(၂ဝ၁၃ခုနှစ်၊ ဇန်န၀ါရီလ၊ ၁၄ ရက်) နံနက် ၈း၃ဝ နာရီတွင် ရန်ကုန်လေဆိပ်မှ ဖိလစ်ပိုင်နိုင်ငံ၊  မနီလာမြို့သို့
 ထွက်ခွာလာခဲ့ကြသော ၈၈မျိုးဆက်ကျောင်းသား ၁၆ ဦးသည် ဖိလစ်ပိုင်နိုင်ငံ၊ 
မနီလာလေဆိပ်သို့ ဒေသစံတော်ချိန် ည ၇း ၁၀ နာရီတွင် ဆိုက်ရောက်ခဲ့ကြရာ 
Centrer Peace and Conflict Studies မှ တာဝန်ရှိသူများနှင့် 
ဖိလစ်ပိုင်နိုင်ငံတွင် ပညာတော်သင်ရောက်ရှိနေကြသော မြန်မာကျောင်းသားများက 
လေဆိပ်သို့ လာရောက်ကြိုဆိုခဲ့ကြသည်။ ၈၈မျိုးဆက်ကျောင်းသားများသည်
 မနီလာမြို့ရှိ ခေတ္တ တည်းခိုရာ The Richmonde Hotel သို့ ဒေသစံတော်ချိန် ၈း
 ၃၀ နာရီတွင် ရောက်ရှိခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံအခြေစိုက်
 Centrer Peace and Conflict Studies ( ငြိမ်းချမ်းရေးနှင့် ပဋိပက္ခများ 
လေ့လာရေးစင်တာ CPCS ) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမိတ်ဆက်ခဲ့ကြသည်။ 
၈၈မျိုးဆက်ကျောင်းသားများသည်
 မနက်ဖြန် ( ဇန်န၀ါရီလ၊ ၁၅ ရက်) နံနက်တွင် ဖိလစ်ပိုင်နိုင်ငံ 
ကာကွယ်ရေးဦးစီးချုပ် Lt. General Emmanuel T Bautista နှင့် 
တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။ ထို့အပြင် ဖိလစ်ပိုင်နိုင်ငံ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှု ပြုလုပ်နေကြသည့် လူမှုအဖွဲ့အစည်းများဖြစ်ကြသော
 BMFI , MILF , TAF စသည့် အဖွဲ့များနှင့်လည်း တွေ့ဆုံကြမည်ဖြစ်ပြီး၊ 
ဖိလစ်ပိုင်နိုင်ငံရှိ ဗြိတိသျှသံရုံးမှ သံအမတ်ကြီး Stephen Lille နှင့် 
ပထမအတွင်းဝန် Thomas Philpps တို့နှင့်လည်း တွေ့ဆုံကြမည်ဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment