စစ်အတွင်းက မြန်မာနိုင်ငံမှာ 
ကျန်ရစ်ခဲ့တဲ့ဗြိတိသျှတိုက်လေယာဉ်တွေကို တူးဖော်ဖို့အတွက် ဗြိတိန်နိုင်ငံက 
အဖွဲ့တဖွဲ့ဟာ မြန်မာနိုင်ငံကို ဒီကနေ့ပဲ ထွက်ခွါသွားပါပြီ။
စစ်မပြီးခင်မှာပဲ ဒီတိုက်လေယဉ်တွေကို
 ရန်ကုန်မြို့က မင်္ဂလာဒုံ လေယာဉ်ကွင်းမှာူးပြီးမြုပ်ထားခဲ့တယ်လို့ 
ယူဆကြပါတယ်။ ဒီအဖွဲ့ထဲမှာ လေယာဉ်ကို စိတ်ဝင်စားလှတဲ့ လယ်သမားတဦး၊ရှေးဟောင်း သုတေသန ပညာရှင်တဦးနဲ့ ရှေးဟောင်းပစ္စည်း တူးဖော်သူတွေ 
ပါဝင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက လေယာဉ်သင်္ချိုင်း 
တူးဖော်ဖို့အတွက် ဘယ်လာရုရှန် လို့ခေါ်တဲ့ ဗီဒီယို ဂိမ်းကုမ္ပဏီကနေ 
ဒေါ် လာငွေတသန်း စိုက်ထုတ်မတည် ပေးလိုက်ပါတယ်။ ဒီအဖွဲ့ကနေ 
ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကန် အင် ဂျင်နီယာတွေ မြေမြုပ်ထားခဲ့တယ်ဆိုတဲ့ 
တိုက်လေယာဉ် တဒါဇင်လောက်ကို ရှာဖွေကြမှာပါ။
Spitfire လေယာဉ် ၃၆ 
စီးကို သစ်သားဘောင်တွေနဲ့ ကာပြီး သေတ္တာတွေထဲ မြှုပ်နှံထားတယ်ဆိုတဲ့ 
သတင်းကို နှစ် ၂၀ နီးပါးစုံစမ်းနေခဲ့တဲ့ ဒေးဗစ်ကန်ဒေါ ဆိုသူဟာ 
လယ်သမားတဦးပါ။ သူ့ကို လေယာဉ် ရူးလို့တောင် ပြောရလောက်အောင် လေယာဉ်တွေကို 
စိတ်ဝင်စားသူ လေယာဉ်မှူးတဦးလည်း ဖြစ်ပါတယ်။
ရန်ကုန်မှာ 
မြှုပ်ထားတဲ့ ၃၆ စီးကိုတွေ့ရရင် ကျန်တဲ့ လေယာဉ် ၁၂၄ စီးကိုလည်း 
မြန်မာပြည်အနှံ့မှာ တွေ့နိုင်တယ်လို့ ယူဆထားကြပါတယ်။ ကျော်ကြားလှတဲ့ 
ဒုတိယကမ္ဘာစစ်သုံး ဗြိတိသျှ တိုက်လေယာဉ်တွေကို တွေ့မယ်ဆိုရင် သူတို့လို 
လေယာဉ်ရူးတွေအတွက်ကတော့ အီဂျစ် ဘုရင် တူတန်ရဲ့ အုပ်ဂူကို 
တွေ့ရသလို ဖြစ်မှာပဲလို့ ဒေးဗစ်ကန်ဒေါ က ရန်ကုန်ကိုမထွက်ခင် လန်ဒန်လေဆိပ်မှာ
 သတင်းသမားတွေကို ပြောခဲ့ပါ တယ်။ အီဂျစ်ဘုရင် တူတန်ခါမန်ဟာ ၁၄ ရာစုက 
အုပ်စိုးခဲ့သူဖြစ်ပြီး သေဆုံးချိန်မှာ တပ်ဆင်ထားတဲ့ မျက် နှာဖုံးကြောင့် 
ရှေးဟောင်း အီဂျစ်တွေရဲ့ အထင်ရှားဆုံးအုပ်ဂူတခု ဖြစ်ပါတယ်။ 
 ဒါပေမဲ့ ရန်ကုန်ကို လာကြတဲ့သူတိုင်းကတော့ သိပ်မျှော်လင့်ချက်ကြီးပုံ 
မရကြပါဘူး။ နှစ်ပေါင်းကြာလှပြီမို့ တူးဖော်လို့ တွေ့ရင်တောင်မှ လေယာဉ်ကို 
မပျက်မစီး တွေ့နိုင်မလားဆိုတာ မသေချာပါဘူး။ တူးဖော်ပြီးခါမှ 
သံချောင်းသံပြား အပုံလိုက်ကိုပဲ တွေ့ချင်တွေ့ရမယ်လို့ ထင်သူတွေလည်း 
ရှိပါတယ်။
တကယ်လို့ တွေ့ခဲ့ရင် မြန်မာနိုင်ငံက တန်ဖိုးရဲ့ 
ထက်ဝက်ကို ရမှာဖြစ်ပြီး လယ်သမားကြီး ဒေးဗစ်က ၃၀ %နဲ့ သူ့ကိုယ်စားလှယ်က ၂၀% 
ရကြမှာပါ။ မြန်မာနိုင်ငံမှာ တူးဖော်ခွင့်ရအောင် ဒေးဗစ်ဟာ မြန်မာနိုင်ငံကို 
အကြိမ်ကြိမ် သွားရောက်ခဲ့သလို မြန်မာအစိုးရကို လည်း ခွင့်ပြုချက်ရအောင် 
တိုက်တွန်းတောင်းဆို ခဲ့တယ် လို့ ဆိုပါတယ်။
"ကျနော်ဟာ မကြွယ်ဝတဲ့ 
ရိုးရိုး လယ်သမားတဦးပါ။ သန်းကြွယ်သူဌေးလည်း မဟုတ်ပါဘူး။ 
ဒီအဆင့်ကို ရောက်ဖို့ ကျနော် အတော့ကို ကြိုးစားခဲ့ရပါတယ်။ ကျနော် ပြီးခဲ့တဲ့
 နှစ်ပေါင်း ၂၀ နီးပါးလောက် ကြာအောင် ရှာခဲ့ရတာပါ။ အခုနောက်ဆုံးတော့ 
တွေ့ပါပြီ" - လို့ ဒေးဗစ်က ပြောပါတယ်။
လယ်သမားကြီး ဒေးဗစ်ဟာ 
ဗြိတိန်နဲ့ အမေရိကန် စစ်ပြန်ကြီးတွေ၊ မြန်မာနိုင်ငံက လူကြီးသူမတွေရဲ့ 
ပြန်ပြောပြချက်တွေ အရရော၊ ဝေဟင်ဓာတ်ပုံတွေ၊ မြေပြင် ရေဒါလေ့လာမှုတွေ အရရော 
ဒီလေယာဉ်တွေ ဟာ ပုံမပျက် မြေအောက်မှာ မြုပ်နှံနေဆဲရှိမယ်လို့ စွဲစွဲမြဲမြဲ 
ယုံကြည်နေပါတယ်။
သိပ်မကြာလှတဲ့အချိန်မှာပဲ ရန်ကုန်မှာ 
ကမ္ဘာကျော်မယ့် လေယာဉ်သင်္ချိုင်းပဲ တွေ့မလား၊ သံဆွေး အပုံကြီး ကိုပဲ တွေ့မလား။ 
စောင့်ကြည့်ကြပါအုန်းစို့။
No comments:
Post a Comment