NLD ရဲ့ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ကျင်းပမည်။
လာမယ့်ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပသွားမယ် လို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က RFA ကို အတည်ပြုပြောပါတယ်။
 
 အဲဒီညီလာခံကို တနိုင်ငံလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
 ကိုယ်စားလှယ် စုစုပေါင်း ၁၃ဝဝလောက် တက်ရောက်ကြမယ်လို့ ခန့်မှန်းထားပြီး၊ 
ညီလာခံကနေ လာမယ့် ၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ 
ကြိုတင်ပြင်ဆင်မှုတွေကိုလည်း ဆွေးနွေးသွားမယ်လို့လည်း သိရှိရပါတယ်။
 
 လတ်တလောမှာတော့ ညီလာခံကျင်းပဖို့အတွက် ဆွေးနွေးနေဆဲဖြစ်တာကြောင့် 
ညီလာခံကျင်းပမယ့် နေရာအတိအကျနဲ့ ရက်ကိုတော့ ထုတ်ပြန်နိုင်ခြင်း 
မရှိသေးဘူးလို့ ဦးအုန်းကြိုင်က ပြောပါတယ်။
 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment