ပြည်ထောင်စု၏ ပျမ်းမျှ ဆင်းရဲ နွမ်းပါးမှုမှာ လူ ၁၀၀ တွင် ၂၆ ဦး ဆင်းရဲနေပြီး ပျမ်းမျှ အလုပ်လက်မဲ့ ရာခိုင်နှုန်းမှာ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းနီးပါး ရှိနေကြောင်း ပြည်သူ့လွှတ်တော်၊စီမံကိန်းမ
ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ
ပြည်သူ့လွှတ်တော်၊ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ဥက္ကဋ္ဌ ဦးစိုးသာက'' မြန်မာနိုင်ငံ အိမ်ထောင်စု စားဝတ်နေရေး အခြေအနေ ဘက်စုံလေ့လာမှု မှတ် တမ်းဆိုပြီး ရှိပါတယ်။ အဲဒီမှာ တစ်ပြည်လုံးရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းက ၂၆ ရာခိုင်နှုန်း ရှိပါတယ်။ ဆိုလိုတာက လူ ၁၀၀ ရှိရင် ၂၆ ဦးက ဆင်းရဲတဲ့ အပိုင်းမှာ ရောက်နေတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ချင်းပြည်နယ်က ၇၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။ရခိုင်က ၄၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။ရှမ်းက ၃၃ ပါ။ ကချင်ပြည်နယ်က ၂၉ ရာခိုင်နှုန်း၊ ကရင် ၁၇ ရာခိုင်နှုန်း၊ မွန် ၁၆ ရာခိုင်နှုန်း၊ကယား ၁၁ ရာခိုင်နှုန်း၊ တနင်္သာရီ ၃၃ ရာခိုင်နှုန်း၊ဧရာဝတီ ၃၂ ရာခိုင်နှုန်း၊မကွေး ၂၇ ရာခိုင်နှုန်း၊မန္တလေး ၂၇ ရာခိုင်နှုန်း၊ပဲခူး ၁၈ ရာခိုင်နှုန်း၊ရန်ကုန် ၁၆ ရာခိုင်နှုန်း၊စစ်ကိုင်း ၁၅ ရာခိုင်နှုန်း ဖြစ်ကြပါတယ်။ ဒီစစ်တမ်းအရ ပြည်နယ်လေးခု၊ တိုင်းလေးတိုင်းက Poverty Line အထက်တွင် ရှိနေတာတွေ့ရပြီး ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ဟာ ပြည်နယ်တိုင်း ဒေသကြီးတွေထဲမှာ ဆင်ရဲနွမ်းပါးမှု အမြင့်ဆုံး ပြည်နယ်များ ဖြစ်နေတာကို တွေ့ရပါတယ်။
ဆင်းရဲမွဲတေမှု လျော့ပါးရေးကို စီမံကိန်းဖြင့် မလွဲမသေ အလေးထား ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှုနဲ့ စပ်လျဉ်းပြီး နိုင်ငံတော်အစိုးရရဲ့ ရည်မှန်းချက်က ၂၀၁၅ ခုနှစ်မှာ ၁၆ ရာခိုင်နှုန်း
လျော့ချရန် ရည်မှန်းထားတယ်လို့ သိရပါတယ်။ ဆင်းရဲနွမ်းပါးမှု မြင့်မားနေသော ပြည်နယ်နဲ့ တိုင်းများကို ဆင်းရဲနွမ်းပါးမှု Poverty လိုင်းအောက် ရောက်ရှိအောင် ဆောင်ရွက် ပေးဖို့ လိုအပ်မှာပါ''ဟု
ပြောခဲ့သည်။
ဆက်လက်၍ ၎င်းက''ဆင်းရဲ နွမ်းပါးမှုဟာ အလုပ်လက်မဲ့နှုန်းနဲ့လည်း ဆက်စပ်ပါတယ်။ ဘက်စုံ လေ့လာမှု စစ်တမ်းအရ တစ်ပြည်လုံးမှာ အလုပ်လက်မဲ့မှု နှုန်းထားအနေဖြင့် ၃၇ ဒဿမ ၅ ရာခိုင်နှုန်း ရှိနေပါတယ်။ပြည်နယ်နှင့် တိုင်းအလိုက် ကြည့်မယ်ဆိုရင် ကယား ၅၈ ဒသမ ၅ ရာခိုင်နှုန်း၊ ကရင် ၄၉ ဒသမ ၉ ရာခိုင်နှုန်း၊ ကချင်၄၈ ဒသမ ၂ ရာခိုင်နှုန်း၊ ချင်း ၄၇ ဒသမ ၉ ရာခိုင်နှုန်း၊ ရခိုင် ၄၃ ဒသမ၅ ရာခိုင်နှုန်း၊ရှမ်း ၄၁ ဒသမ ၄ ရာခိုင်နှုန်း၊ မွန် ၃၉ ဒသမ ၁ ရာခိုင်နှုန်း၊စစ်ကိုင်း၄၄ ဒသမ ၉ ရာခိုင်နှုန်း၊ မကွေး ၄၃ ဒသမ ၄ ရာခိုင်နှုန်း၊တနင်္သာရီ ၃၇ ဒသမ ၁ ရာခိုင်နှုန်း၊ ဧရာဝတီ ၃၃ ဒသမ ၃ ရာခိုင်နှုန်း၊ ရန်ကုန် ၃၃ ဒသမ ၃ ရာခိုင်နှုန်း၊ ပဲခူး ၃၁ ဒသမ ၅ ရာ ခိုင်နှုန်း၊မန္တလေး ၂၉ ဒသမ ၇ ရာ ခိုင်နှုန်း တို့ဖြစ်ပါတယ်။ ဒီမှာကြည့်ရင် ပြည်နယ်အားလုံးရဲ့ အလုပ်လက်မဲ့နှုန်းဟာ ပျမ်းမျှ အလုပ်လက်မဲ့နှုန်းထက် များနေတာကို တွေ့ရပါတယ်။
တိုင်းခုနစ်တိုင်းမှာတော့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသကြီးနှစ်ခု တွင်သာ ပျမ်းမျှ လုပ်လက်မဲ့နှုန်း အထက်မှာရှိ
No comments:
Post a Comment