Showing posts with label သတင်းရင်း(FNG). Show all posts
Showing posts with label သတင်းရင်း(FNG). Show all posts
Sunday, November 13, 2011
နိုင်ငံရေး အကျဉ်း သားတွေ ထပ်လွှတ် မည်။
ပြီးခဲ့တဲ့ အောက်တိုဘာလ က နိုင်ငံရေး အကျဉ်းသား တွေ ပြန်လွတ်ပေး ရာ မှာ ကိုဇာဂနာ အပါဝင် ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသား အချို့  ပြန်လည် လွှတ်ပေး ခဲ့ ပေ မယ့် နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် သာ ပါတဲ့ အတွက် ကန့် ကွက် မှု ဝေဖန်မှု  တွေ ပေါ်ထွက် ခဲ့ ပါတယ်။
လတ်တလေ ဟာဝိုင်ယီ မှာ ကျင်းပ နေတဲ့ အာရှ-ပိစိဖိတ် အစည်း အဝေး မှာ အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီး ဟီလာရီ ကလင်တန် က မြန်မာ နိုင်ငံ မှာ စစ်မှန် တဲ့ အပြောင်းအလဲ တွေ ဖြစ်လာ ဖို့  အတွက် ဒီထက် ပို လုပ် ရမယ် လို့  ပြောခဲ့ ပါတယ်။ နောက် သူမ က မြန်မာ ပြည်သူ အားလုံး တိုင်း ပြည် ရဲ့  နိုင်ငံရေး မှာ ပါဝင် နိုင် ဖို့  မျှော် လင့် တယ် လို့  ဆိုပါတယ်။
ဒီနေ့  တနင်္ဂနွေ နေ့ ထုတ် ကြေးမုံ သတင်း စာမှာလည်း မြန်မာ စိုးရ က ဖွဲ့  စည်းထား တဲ့ လူ့ အခွင့် အရေး ကော်မရှင် က နိုင်ငံရေး အကျဉ်းသား တွေ ကို လွှတ်ပေး ဖို့  တောငး ဆို ခဲ့ ပါတယ်။
မြန်မာ ပြည်ရဲ့  အာဆီယံ ဥက္ကဌ နေရာကို ဒေသတွင်း နိုင်ငံ တွေ က မဆုံး ဖြတ် ခင် အတွင်း မှာနဲ့ အမေရိကန် သမ္မတ အိုဘားမား တက် ရောက် မယ့် အင်ဒိုနီးရှား ဘာလီ ကျွန်း က အာဆီယံ အစည်းအဝေး မစ ခင် မှာ နိုင်ငံ ရေး အကျဉ်းသား တွေ လွှတ်ပေး မယ် ဆိုတဲ့ ဒီကြေငြာချက် ကို ထုတ် ပြန်လိုက်တာ ဖြစ်ပါတယ်။
Wednesday, October 12, 2011
လွှတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားစာရင်း။
ဒေါ်ဝင်းမြမြ ဗိုလ်ချုပ်ဆေထင် မစုစုနွေး ထက်ထက်ဦးဝေ ကိုဌေးကြွယ် ကိုကိုကြီး ရွှေဘိုထောင်မှ- ၁။ လေးလေးမွန် ၂။ ကျော်မင်းသန်း ၃။ ကြည်သာထွန်း ၄။ စိုးဝင်းအောင် ၅။ ဦးကျော်လိုင် ၆။ ဦးသုစိတ္တ ၇။ ဦးသုဇန ၈။ ဦးခေမိတ္တ ၉။ မရင်ရင်ဝိုင်း ၁၀။ စောပိကလိ လားရှိုးထောင်မှ- ၁။ ကိုအောင်ဇော်ဦး ၂။ ကိုအုန်းကျော် ၃။ မတင်တင်ချို ၄။ ဦးစိန္တိက (ခေါ်)ဦးခင်မောင်စိုး ပြည်ထောင်မှ- ၁။ ကိုအောင်ကျော် ၂။ ကိုမြင့်လွင်ဦး၊ ပခုက္ကူ ထောင်မှ- ၁။ ကိုချစ်ကိုလင်း ဗန်းမော်ထောင်မှ- ၁။ ကိုကျော်စွာဋ္ဌေး ၂။ ကိုသန့်ဇော် ၃။ ကိုဘိုဘိုမြင့် မြစ်ကြီးနားထောင်မှ- ၁။ ကိုဇာဂနာ ၂။ မျိုးအောင်သန်း ၃။ ဇင်မင်းထွန်း ၄။ ဦးတင့်ဆန်း တောင်ကြီးထောင်မှ ၁။ ဦးရွှေထူး ၊ စစ်တွေအကျဉ်းထောင်မှ ၁။ ကိုဝင်းမော် ကလေးထောင်မှ ၆ယောက်လွတ်- ၁။ အရှင်ဂမ္ဘီရ ၂။ ကိုမင်းအောင် ၃။ ကိုဘွေထန်း ၄။ ဦးအေးချို ကျောက်ဖြူထောင်မှ- ၁။ ဇော်ထက်ကိုကို။ ၂။ အာကာဘို။ နောက်တယောက် သာယာဝတီထောင်မှ- ၁။ ကြည်လွင်။ ၂။ စောသက်ထွန်း။ ၃။ စောလှိုင် ၄။ ဇော်သက်ထွေး ရမည်းသင်းထောင်မှ- ၁။ သော်ဇင်ထွန်း၊ ၂။ နေဇာမျိုးဝင်း၊ ၃။ ဘုန်းကြိး ၄ ပါး တောင်ကြီးထောင်မှ- ၁။ ဦးကျော်ခင် မော်လမြိုင်ထောင်မှ- ၁။ ဖြိုးဖြိုးအောင် လွိုင်ကော်ထောင်မှ- ၁။ ဦးပီတာ မြင်းခြံထောင်မှ- ၁။ အောင်သိုက်စိုး၊ ၂။ သီဟ၀င်းတင် မအူပင်ထောင်မှ-- ၁။ နိုးနိုး။ မိတ္ထီလာထောင်မှ- ၁။ ဒေါ်စန်းစန်းတင်၊ ၂။ ညွန့်ဝင်း အင်းစိန်ထောင်မှ- ၁။ မအေးသီခိုင်၊ ၂။ မအေးချမ်း၊ ၃။ မယဉ်ကြည်၊ ၄။ ဒေါ်သန်းသန်းဌေး ၅။ အောင်မိုးလွင် ၆။ စောကလဲထူး(ကေအင်ယူ) ၇။ စောသန်းရွှေ(ကေအင်ယူ) ၈။ ဖိုးခွါး(ခ)အောင်ကျော်စိုး ၉။ အောင်ကျော်မိုး ၁၀။ ကိုလတ်(ခ)မောင်မောင်လတ်(ဗကသ) ၁၁။ စပ်ခွန်အောင် ၁၂။ စောနိုင် ၁၃။ ဇော်လေး ၁၄။ ကိုဇော်လင်းထွန်း(ဗကသ) ၁၅။ ဦးဘတင့် ၁၆။ ထွန်းထွန်းဦး ၁၇။ ဒိုးလေး ၁၈။ နိုင်ဝင်း ၁၉။ ကိုခင်ကျော် ၂၀။ မိုက်ကယ် ၂၁။ ကိုယဉ်ထွန်း ၂၂။ ကိုဝင်းတင် ၂၃။ ထွန်းတောက်ဝင်း မန္တလေးထောင်မှ ၄၆ယောက်လွတ်(ထောက်လှန်းရေးဟောင်းတယောက်ပါ) ၁။ မစိုးရိမ်ကျောင်းမှ သံဃာ ၇ပါး ၁။ ဦးသြဘာသ ၂။ ဦးဥတ္တမ ၃။ ဦးခေမိန္ဒ ၄။ ဦးတေဇောဘာသ ၅။ ဦးကလျာဏ ၆။ ဦးစိန္တွက ၇။ ဦးသုဝန ၈။ ဦးပန္ဒိတ ။
မှတ်ချက်။  ။ (ဆက်လက်ဖေါ်ပြပေးသွားပါမည်)