မြန်မာ အစိုးရကနိုင်ဝင်ဘာလ ၁၄ ရက်နေ့  တနင်္လာ နေ့ မှာ နိုင်ငံရေးအကျဉ်းသားတွေ ထပ်လွှတ် ပေးအုံး မယ် လို့ မြန်မာ အစိုးရ တာဝန် ရှိ သူ တစ်ဦးကAFP သတင်းဌာန ကို ဒီကနေ့တရား ၀င် ပြောကြား လိုက်ပါတယ်။ ပြည်ထဲရေး ၀န်ကြီးဌာန က ပြောခွင့် ရ အရာ ရှိ တစ်ဦးက ရိုက်တာ သတင်းဌာန ကို ပြောရာမှာ တော့ယုံကြည် ချက် ကြောင့် အကျဉ်းကျ နေ သူ တွေ ကို လွှတ်ပေး မယ် ၊ ဒီတစ်ရက် နှစ် ရက် အတွင်းအသေးစိတ် သိရ လိမ့် မယ် ၊ အချို့  က တော့ တနလာင်္ နေ့  အထွေထွေ လွတ် ငြိမ်း ချမ်းသာခွင့်ကြေငြာ ပြီးတာ နဲ့  လွှတ်မယ် လို့  ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ က နိုင်ငံရေး အကျဉ်းသား တွေ ပြန်လွတ်ပေး ရာ မှာ ကိုဇာဂနာ အပါဝင် ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသား အချို့  ပြန်လည် လွှတ်ပေး ခဲ့ ပေ မယ့် နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် သာ ပါတဲ့ အတွက် ကန့် ကွက် မှု ဝေဖန်မှု တွေ ပေါ်ထွက် ခဲ့ ပါတယ်။
လတ်တလေ ဟာဝိုင်ယီ မှာ ကျင်းပ နေတဲ့ အာရှ-ပိစိဖိတ် အစည်း အဝေး မှာ အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီး ဟီလာရီ ကလင်တန် က မြန်မာ နိုင်ငံ မှာ စစ်မှန် တဲ့ အပြောင်းအလဲ တွေ ဖြစ်လာ ဖို့  အတွက် ဒီထက် ပို လုပ် ရမယ် လို့  ပြောခဲ့ ပါတယ်။ နောက် သူမ က မြန်မာ ပြည်သူ အားလုံး တိုင်း ပြည် ရဲ့  နိုင်ငံရေး မှာ ပါဝင် နိုင် ဖို့  မျှော် လင့် တယ် လို့  ဆိုပါတယ်။
ဒီနေ့  တနင်္ဂနွေ နေ့ ထုတ် ကြေးမုံ သတင်း စာမှာလည်း မြန်မာ စိုးရ က ဖွဲ့  စည်းထား တဲ့ လူ့ အခွင့် အရေး ကော်မရှင် က နိုင်ငံရေး အကျဉ်းသား တွေ ကို လွှတ်ပေး ဖို့  တောငး ဆို ခဲ့ ပါတယ်။
မြန်မာ ပြည်ရဲ့  အာဆီယံ ဥက္ကဌ နေရာကို ဒေသတွင်း နိုင်ငံ တွေ က မဆုံး ဖြတ် ခင် အတွင်း မှာနဲ့ အမေရိကန် သမ္မတ အိုဘားမား တက် ရောက် မယ့် အင်ဒိုနီးရှား ဘာလီ ကျွန်း က အာဆီယံ အစည်းအဝေး မစ ခင် မှာ နိုင်ငံ ရေး အကျဉ်းသား တွေ လွှတ်ပေး မယ် ဆိုတဲ့ ဒီကြေငြာချက် ကို ထုတ် ပြန်လိုက်တာ ဖြစ်ပါတယ်။

No comments:
Post a Comment