မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်   မစ္စတာဒဲရစ်မစ်ချယ်က  အမေရိကန်သည် မြန်မာနိုင်ငံကို   အသေးစားလုပ်ငန်းချေးငွေနှင့်  စိုက်ပျိုးရေးလုပ်ငန်းချေးငွေများ   တိုးမြှင့်ပေးသွား မည်ဖြစ်ကြောင်း  နိုဝင်ဘာလ ၄ ရက်နေ့က   မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။  မြန်မာနိုင်ငံသို့ တတိယအကြိမ်   လာရောက်လည်ပတ်ခဲ့သော ဒဲရစ်မစ်ချယ်က  မြန်မာနိုင်ငံ၌ အကျိုးရှိသည့်   အပြောင်းအလဲများ ဖြစ်ပေါ်နေချိန်တွင် ခရီးစဉ်  လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊   ယခုခရီးစဉ်သည် ထိရောက်ပြီး အကျိုးရှိသည့်  ခရီးစဉ်ဖြစ်ကြောင်း၊   အမေရိကန်အနေဖြင့် ပိုမိုအရေးပါပြီး တက်ကြွသော  အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်   သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
  ထိတွေ့ဆက်ဆံရေးမူဝါဒ၏  အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်အနေဖြင့် အမေရိကန်က   မြန်မာနိုင်ငံကို US  Aid မှတစ်ဆင့် အသေးစားငွေချေးလုပ်ငန်းနှင့်   စိုက်ပျိုးရေးချေးငွေများ  တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ အမေရိကန်သည်   US Aid မှတစ်ဆင့်  ချေးငွေများပေးသည့် အစီအစဉ်ရှိခဲ့ကြောင်း   ဒေါ်အောင်ဆန်းစုကြည်နှင့်  ဆွေးနွေးတိုင်ပင်ပြီးနောက် အမေရိကန်၏   ကြိုးပမ်းမှုများကို  အရှိန်မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံ   တိုင်းရင်းသားလူမျိုးစုဒေသများနှင့်  အခြားဒေသများတွင် ဒေသခံများ   ဖွံ့ဖြိုးရေးအတွက်  ချေးငွေများတိုးချဲ့ပေးသွားရန် နှစ်နိုင်ငံလုံးက   နည်းလမ်းရှာဖွေနေကြောင်း  မစ္စတာဒဲရစ်မစ်ချယ်က ပြောကြားခဲ့သည်။ 
  မြန်မာနိုင်ငံသို့  ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့သော   ဒီမိုကရေစီလူ့အခွင့်အရေးနှင့်  အလုပ်သမားရေးရာ   လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာက  ပြီးခဲ့သည့်လက   အကျဉ်း သား များလွှတ်ပေးမှုကို ကြိုဆိုကြောင်း၊ သို့သော်လည်း  ကာလကြာရှည်စွာ   ထိန်းသိမ်း ထားသော နိုင်ငံရေးအကျဉ်းသားများအပါအ၀င်  ကျန်ရှိသည့်   နိုင်ငံရေးအကျဉ်းသား အားလုံး ကို ခြွင်းချက်မရှိ  လွှတ်ပေးစေလိုကြောင်း   ပြောကြားခဲ့သည်။ 
မစ္စတာပိုစနာက   ယခုခရီးစဉ်တွင်  အစိုးရအဆင့်မြင့်တာဝန်ရှိသူများ၊ အရပ်ဘက်   လူ့အဖွဲ့အစည်း များ မှ  ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အတိုက်အခံ   နိုင်ငံရေးခေါင်းဆောင်များနှင့်  တွေ့ဆုံခဲ့ကြောင်း၊ မြန်မာနိုင်ငံသည်   လူ့အခွင့်အရေးပြဿနာများကြောင့်  စီးပွားရေးနှင့် နိုင်ငံရေး   အထီး ကျန်နေသည်မှာ  ဆယ်စုနှစ်ချီကြာနေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်   ထင်ရှားသည့်  ပြုပြင် ပြောင်း လဲမှုများ မကြာသေးခင်က   ဆောင်ရွက်မှုကိုကြိုဆိုကြောင်း ပြောကြားခဲ့သည်။
  လွှတ်တော်တွင် မကြာသေးခင်က အလုပ်သမားရေးရာဥပဒေကို   ပြဌာန်းနိုင်ခဲ့ပြီးနောက်  အလုပ် သမဂ္ဂများဖွဲ့စည်းရေးနှင့်   ထိုအဖွဲ့အစည်းများ  လွတ်လပ်စွာလည်ပတ်ရေးတို့အတွက် ဆောင်ရွက်စေ လိုကြောင်း၊   နိုင်ငံရေးပါတီများ  မှတ်ပုံတင်ရေးဥပဒေကို ပြင်ဆင်ပြဌာန်းရန် လွှတ်တော်တွင်   ဆွေးနွေးနေမှုသည်  ဥပဒေရေးရာတွင် တိုးတက်မှုတစ်ခုအဖြစ် ကြိုဆိုကြောင်း၊   သို့သော်လည်း  မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ   ထပ်မံဆောင်ရွက်ရန်  လိုအပ်နေသေးကြောင်း၊ နိုင်ငံရေး ပါတီများ   မှတ်ပုံတင်ဥပဒေကို  အပြီးသတ်လက်မှတ်ရေးထိုးမှု၊ မြန်မာနိုင်ငံ၏   နိုင်ငံရေးဖြစ်စဉ် တွင် NLD ပါဝင်နိုင်ရန် ဆောင်ရွက်စေလိုကြောင်း   ပြောကြားခဲ့သည်။ 
 တိုင်းရင်းသား   လူမျိုးစုဒေသများ၌ ပဋိပက္ခများ ဖြစ်ပွားနေမှုကိုလည်း  ဆောင်ရွက်စေလိုကြောင်း၊   အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်  လွတ်လပ်စွာတွေ့ဆုံနိုင်ရန်၊   နိုင်ငံရေးပါတီများ၊ အလုပ်သ မားသမဂ္ဂများနှင့်  အခြားအရပ်ဘက်အဖွဲ့အစည်းများ   လွတ်လပ်စွာဆောင်ရွက်နိုင်ရန် လိုကြောင်း၊  ထိုကဲ့သို့   ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန်အတွက်  လွတ်လပ်စွာဖော် ထုတ် ရေးသားခွင့်၊   အစိုးရအဖွဲ့အတွင်း သိသာမြင်သာမှုရှိမှုနှင့်  ဥပဒေဖြင့် အုပ်စိုးမှုတို့ကို   လေးစားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထိုကိစ္စများကို   ညတွင်းချင်း  ပြုပြင်ပြောင်းလဲနိုင်မည်ဟု မျှော်လင့်မထားကြောင်း၊   ကျယ်ပြန့်ပြီး  အဓိပ္ပာယ်ပြည့်ဝသည့် အသွင်ကူးပြောင်းရေးကို   ဆက်လက်ဆောင်ရွက်သွားမည်ဟု  မျှော်လင့် ကြောင်း၊ အမေရိကန်က အရေးပါသော   အခန်းကဏ္ဍမှ ပါဝင်နိုင်ရန်  မျှော်လင့်ကြောင်း မစ္စတာပို စနာက ပြောကြားခဲ့သည်။
No comments:
Post a Comment