တရုတ်အစားအစာ အများစုဖြစ်သော  “ဂဏန်းကြွပ်ကြော်၊ ကြက်တောင်ပံ  အစာသွပ်ကြော်၊ ငါးရှဥ့်ကြော်၊ ပြောင်းဖူး  ဟင်းချို၊ ထိုင်ဝမ်  မုန့်ညှင်းခရုဆီ၊ ကျောက်ငါးပေါင်းနှင့် ပဲငံပြာရည်၊  ပင်လယ်ခရုနှင့် ခရုဆီ၊  ဂျပန်တို့ဟူး ကညွတ်နှင့် မဟူရာမှိုနက်၊ ပင်လယ်စာနှင့်  ခေါက်ဆွဲကြော်၊  ကြက်ဥ ပဲသီးထမင်းကြော်၊ ရာသီပေါ်သီးစုံ၊ လက်ဖက်ရည်နှင့်ကော်ဖီ” တို့ ဖြစ်သည်။
အထူးလေယာဉ်ဖြင့်  ရောက်လာသော ဝန်ကြီးကလင်တန်အတွက် အစားအသောက်များကို  ဧဒင်စီးပွားရေး အုပ်စု  ပိုင်ရှင် ဦးချစ်ခိုင် ပိုင်ဆိုင်သော သင်္ဂဟ  ဟိုတယ်မှ  ချက်ပြုတ်ခြင်းဖြစ်ပြီး သမ္မတအိမ်တော်တွင် တည်ခင်း ဧည့်ခံမှာ  ဖြစ်သည်ဟု  သတင်းရပ်ကွက်များက ပြောသည်။ သင်္ဂဟ ဟိုတည်သည် နေပြည်တော်  ဟိုတည်ဇုန်အတွင်း  တည်ရှိ သည်။
အဆိုပါ အစားအသာက်များကို စီစဉ်ရန်အတွက် သင်္ဂဟ  ဟိုတယ်  စားသောက်စီမံရာဌာနသို့ နေပြည်တော် အစားအသောက်နှင့်  ဆေးဝါးကွပ်ကဲရေးဌာန FDA  ကကြိုတင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
United  States of America စာတန်းကပ်ထားသော အထူးလေယာဉ်ဖြင့်  လိုက်ပါလာသည့်  မစ္စကလင်တန်နှင့် အတူ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး  ကာ့တ်ကင်းဘဲလ်နှင့်  မိုက်ကယ်ပေါ့စနာတို့လည်း လိုက်ပါလာရာ မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမျိုးမြင့်က ကြိုဆိုနှုတ်ဆက်ခဲ့သည်။
မစ္စကလင်တန်သည်  ကြာသပတေးနေ့မှာ  မြန်မာသမတဦးသိန်းစိန်နှင့်  တွေ့ဆုံမှာဖြစ်သလို အထက်  အောက် လွှတ်တော်များက ဥက္ကဋ္ဌများဖြစ်သော  ဦးသူရရွှေမန်းနှင့်  ဦးခင်အောင်မြင့်တို့နှင့် တွေ့ဆုံမှာဖြစ်သည်။
No comments:
Post a Comment