ဒီနေ့ မနက်ရုံး သွားဖို့ပြင်ဆင်  ချိန်တွင် အိမ်နီးချင်း မိတ်ဆွေ တစ်ဦး  ဖြစ်သူကမင်းမှာ ယခင် ဖျက်သိမ်းခဲ့  သည့်ငွေစက္ကူ အဟောင်းတွေရှိလား  ဟုမေးလာသည်။ အကြောင်းအရင်း အစုံကို မေးမြန်း  ကြည့်တော့    ၄င်း ပိုက်ဆံ  အဟောင်းတွေ ကိုဈေးနှုန်း တစ်ခုပေး၍ ဝယ်ယူလာသော  ကြောင့်ဟုပြောသည်။  ပိုက်ဆံငွေကြေး အဟောင်း များ ကြိုက်ဈေးပေး ဝယ်ယူမှုများ  သည် ၂၁  ရာစုအတွင်းမှာ ယင်းကဲ့ သို့လိုက်လံ ဝယ်ယူမှု များရှိခဲ့ပြီး ယခု   တစ်ဖန်ပြန်လည် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
အဆိုပါငွေကြေး အ ဟောင်းများသည်  မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ခေတ်က ဖျက်သိမ်းခဲ့ သော ငွေကြေးများအား ဝယ်ယူနေ  ခြင်းဖြစ်သည်။
"ကျွန်တော်တို့က  တစ်ဆင့်ခံ ရောင်းဝယ်လုပ်တာ၊ တစ်ဆင့်ပြန်  ဝယ်တဲ့သူက တစ်ကျပ်ကို ၃၀  ရာခိုင်နှုန်းရတယ်၊ ကျွန်တော်တို့က သိပ်မရဘူး၊  အများပြောဆိုနေကြ တာ  သူဌေးတစ်ဦးက ဝယ်ခိုင်းတာ လို့ပြောတယ်။ ဘယ်သူဘယ်ဝါဆို  တာ အတိအကျ မသိဘူး၊  အမြတ် အစွန်းရလို့လုပ်နေတာ"ဟု ဆူးလေ အနီး  ၄င်းငွေကြေးဝယ်သူများက ပြောသည်။  ရပ်ကွက်များအတွင်း ယင်း သတင်းများ  ထွက်ပေါ်လာပြီးနောက် ငွေကြေး အဟောင်းများ  ပြန်လည် ရှာဖွေလာကြသည်။  တစ်ကျပ်တန်၊ ငါးကျပ်တန်များအပြင် ဖျက်သိမ်း  ခဲ့သော ကျပ်နှစ်ရာတန်၊ သုံးဆယ့်  ငါးကျပ်တန်၊ နှစ်ဆယ့်ငါးကျပ်တန်၊  လေးဆယ့်ငါးကျပ်တန် အပါအဝင်  ကျပ်ကိုးဆယ်တန် များလည်း ပါဝင် ကြောင်း စုံစမ်း  သိရှိခဲ့ရပေသည်။
ယင်းကဲ့သို့ဝယ်ယူမှုများတွင် တစ်ကျပ်လျှင်   ကျပ်တစ်ထောင်ခန့်၊ ငွေကြေးအဟောင်းကိုကြည့်၍ ကျပ် ငါးထောင်၊ ကျပ်တစ်သောင်း   ပေးပြီး ဝယ်ယူနေကြသောကြောင့် ငွေ အဟောင်းဈေးကွက်သည် စတင် အသက်ဝင်လာနေသည်။   ထို့အပြင်ရပ်ကွက်များအတွင်း ၌လည်း လိုက်လံဝယ်ယူနေသော ကြောင့်   အမှတ်တရသိမ်းဆည်း ထားသူများသည် ဈေးကောင်းရရှိ လာသောကြောင့် ထုတ်ရောင်းလာ   ကြလေသည်။ယင်းသို့ဆိုလျှင် င်္နဃ၊ ဒေါ်လာဈေးကွက်ထက်ပင်ငွေ အဟောင်းဈေးကွက်သည်   ပိုမိုအ လုပ်ဖြစ်နေကြသည်။ မန္တလေးတိုင်းဒေသကြီးတွင် လည်း   မြန်မာငွေစက္ကူအဟောင်း များအား အဆ ၁၀ဝခန့်ပိုပေး၍ လိုက်ဝယ်နေပြီး မန္တလေးကလာ   သော သတင်းများအရ မောင် ကောင်း (ခ)စံလင်းပုံပါ၊ ဗိုလ်ချုပ်   အောင်ဆန်းပုံနှင့် အခြားတစ်ဖက် တွင် ဆင်တစ်ကောင်မှ သစ်လုံးဆွဲ   နေပုံပါဝင်သော ငွေစက္ကူအ ဟောင်းတစ်ဆယ်ကျပ်တန်အား တစ်သောင်းပေး၍ ဝယ်ယူနေကြ   ကြောင်း သိရှိခဲ့ရသည်။
"ရပ်ကွက်တွေအတွင်းမှာ ဒီ သတင်းက  ပျံ့နှံ့နေပြီ၊  ရှာကြဖွေကြ ပေါ့၊ ဘာကြောင့်ဝယ်ယူနေတယ် ဆိုတာ  အကြောင်းအရင်းမသိရ တော့  အတော်ဆိုးတယ်၊ မြန်မာ လူမျိုးတွေရဲ့  ခေတ်တစ်ခေတ်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့  အမှတ်တရ ပိုက်ဆံတွေပါ"ဟု  ပုဇွန်တောင်မြို့ နယ်အတွင်း အသက် ၅၀အရွယ်ရှိ  လူကြီးတစ်ဦးကပြောပြသည်။  ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေ ဒင်္ဂါးတစ်ကျပ်တွင်  တစ်ဖက်၌လှေ  ငယ်တစ်စီးပုံပါဝင်ပြီး ငါးကျပ်တန် တွင်  ဗိုလ်ချုပ်အောင်ဆန်းပုံနှင့်  တစ်ဖက်တွင် ဆံရစ်ဝိုင်း၊ အမျိုးသမီး  တစ်ဦးဗိုင်းငင်နေပုံပါဝင်သော ငွေ  များအား ရန်ကုန်၌ ကျပ်ခြောက် ထောင်မှ  ကျပ်တစ်သောင်းအထိ ပေးဝယ်နေကြကြောင်း  သိရှိရ သည်။
အဆိုပါဝယ်မှုများသည် တရားမဝင်ဈေးကွက်  အဖြစ်တည်ရ  နေပြီး အချို့သောသူများပြောကြား ချက်များအရ သူဌေးတစ်ဦးမှ ဝယ်   ယူစုဆောင်းခိုင်းခြင်းဖြစ်ပြီး ၄င်း ငွေစက္ကူများအား မည်သို့အသုံးပြု မည်၊   ကိုယ်ကျိုးအတွက်စုဆောင်း ခြင်းမျိုးလားဆိုသည်မှာ မေးခွန်း   ထုတ်စရာဖြစ်လာနေပေသည်။ နိုင်ငံတကာတွင် နိုင်ငံ၏ သမိုင်းဝင်အမှတ်တရ   ရှေးဟောင်း အမွေအနှစ်များအား လိုက်လံစု ဆောင်းဝယ်ယူ၍ တရားမဝင်မှောင်   ခိုရောင်းချမှုများရှိနေသော သာဓ ကများစွာရှိနေပေသည်။ ယင်းအ တွက်   နိုင်ငံတော်တာဝန်ရှိသူများ အနေဖြင့် မည်သို့အတွက်ကြောင့်   ဝယ်ယူနေသည်ကိုသိရှိရန် စုံစမ်းစစ် ဆေးမှုများ ပြုလုပ်ရန်လိုအပ်လာ သည်။   မည်သို့ဆိုစေ မြန်မာ့သမိုင်း၌ ပြယုဂ်တစ်ခုအဖြစ်ကျန်ရှိသော   သမိုင်းဝင်ငွေစက္ကူအဟောင်းရောင်း ဝယ်မှုများသည် မည်သည့်အချိန် ကာလအတိုင်းအတာ   အထိရှိနေ မည်ကို မသိရှိနိုင်သော်လည်း ပြည် သူများ အကြားယင်းသတင်းများ သည်   ပျံ့နှံ့လျက်ရှိနေပါတော့သည်။
No comments:
Post a Comment