အများပြည်သူက ရွှေ့ပြောင်း ဖယ်ရှားပေးလိုခြင်း မရှိသည့်နေရာ များတွင်   မြေငှားရမ်း၍ ရင်းနှီးမြှုပ် နှံခွင့် မရှိစေရ ဟူသော အချက်ပါရှိသည့်   ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု   ဥပဒေနှင့် စပ်လျဉ်းသည့် မြေအသုံးပြုပိုင်ခွင့် အမိန့်ကြော်ငြာစာကို   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့က   ထုတ်ပြန်ခဲ့သည်။
အဆိုပါအမိန့်ကြော်ငြာစာတွင် အခန်း (၉) ခန်း ပါဝင်ပြီး ပါဝင်   သည့်အခန်းများမှာ အမည်နှင့် အဓိ ပ္ပာယ်ဖော်ပြချက်၊ ငှားရမ်းခွင့်ပြုသည့်   မြေများ၊ မြေအသုံးပြုခွင့်ကာလ သတ်မှတ်ခြင်း၊ မြေအသုံးပြုခွင့်   လျှောက်ထားခြင်း၊ မြေငှားရမ်းခနှုန်းထား သတ်မှတ်ခြင်း၊ မြေငှားရမ်းမှုကို   ရပ်ဆိုင်းခြင်း၊ ကန့်သတ်ချက်များ၊ ပေးလျော်ခြင်း၊ စည်းကမ်းချက်များ   တို့ဖြစ်သည်။
အခန်း (၈) ပေးလျော်ခြင်းတွင် ရင်းနှီးမြှုပ်နှံသူသည် မြေငှားရမ်း၍   ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍   လုပ်ငန်းဆောင်ရွက်သည့်မြေပေါ်တွင် လူနေအိမ်ခြေများ၊ အဆောက်အအုံများ၊   လယ်ယာဥယျာဉ်ခြံမြေများ၊ သီးပင် စားပင်များ စသည်တို့ကို   ပြောင်းရွှေ့ရှင်းလင်းရန် လိုအပ်ပါက ယင်းတို့အား   ပြောင်းရွှေ့နေရာချထားပေးခြင်း၊ ဒေသန္တရ ကာလပေါက်ဈေးဖြင့် ပေးချေခြင်းနှင့်   လျော်ကြေးပေးခြင်း တို့ကို သက်ဆိုင်ရာပိုင်ဆိုင်သူ၏ သဘောတူကျေနပ်ကြောင်း   ဖော်ပြချက် နှင့်အတူ သက်ဆိုင်ရာအစိုးရဌာန၊ တိုင်းဒေသကြီးနှင့်   ပြည်နယ်အစိုးရ အဖွဲ့တို့၏ ခွင့်ပြုချက်ရယူညှိနှိုင်း ဆောင်ရွက်ရမည်။   အများပြည်သူက ရွှေ့ပြောင်းဖယ်ရှားပေးလိုခြင်း မရှိသည့်နေရာများတွင်   မြေငှားရမ်း၍ ရင်းနှီးမြှုပ်နှံခွင့် မရှိစေရ။ ဟု ဖော်ပြ ထားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူအား   ကော်မရှင်က ခွင့်ပြုသော စီးပွားရေး လုပ်ငန်းတစ်ရပ်ရပ်ကို   ဆောင်ရွက်ရန်အလို့ငှာ မြေငှားရမ်းခွင့်ရှိသူ သို့ မဟုတ်   မြေအသုံးပြုခွင့်ရသူထံမှ (က) အစိုးရပိုင်မြေများ၊ (ခ) အစိုးရဌာန၊   အဖွဲ့အစည်းပိုင်မြေများ၊ (ဂ) နိုင်ငံသားပိုင် ပုဂ္ဂလိကမြေများ။ ကို   ပြည်ထောင်စုအစိုးရ၏ ကြိုတင် သဘောတူညီချက်ဖြင့် ငှားရမ်းရန် ခွင့်   ပြုနိုင်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူအား   အမှန်လိုအပ်သည့် မြေငှားရမ်းခွင့် ကာလ သို့မဟုတ် မြေအသုံးပြုခွင့်ကာလကို   စီးပွားရေးလုပ်ငန်း အမျိုးအစားနှင့် ရင်းနှီးမြှုပ်နှံခွင့် ပမာဏ အပေါ်   မူတည်၍ မြေငှားရမ်းခွင့်ရှိသူ သို့မဟုတ် မြေအသုံးပြုခွင့်ရသူ ထံမှ ကနဦး   နှစ် ၃၀ အထိ ငှားရမ်း ခွင့်ပြုနိုင်ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု   ဥပဒေနှင့် စပ်လျဉ်းသည့် မြေအသုံးပြုပိုင်ခွင့် အမိန့်ကြော်ငြာစာကို   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၁ ခုနှစ်   စက်တင်ဘာလ ၃၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment