နိုဝင်ဘာ ၁၅ ရက်ဒီနေ့မနက် ၆နာရီကစတင်ပြီး မန္တလေးမြို့  မဟာမြတ်မုနိဘုရားကြီးဝန်းအတွင်းမှာရှိတဲ့  မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီးပေါ်မှာ  သံဃာတော် ၅ပါးက ဦးဆောင်ပြီး ပြည်တွင်းစစ်ရပ်စဲရေး၊  နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးနဲ့ လွတ်လပ်စာဟောပြောခွင့်တွေပေးရေး  တောင်းဆိုနေပါတယ်။
    ဆရာတော်တွေကိုယ်တိုင် ဗိမာန်တော်ကြီးကို အတွင်းမှ ပိတ်ထားတာဖြစ်တဲ့အတွက်  အတွင်းကိုဘယ်သူမှ ၀င်လို့မရပါဘူး ခုလက်ရှိအခြေနေမှာ မြတောင်တိုက်က  ရွှေဝါ၀န်းကျောင်းဆရာတော်နဲ့ မစိုးရိမ်တိုက်က ဆရာတော်တို့  လာရောက်ဆွေးနွေးနေတယ်လို့ ဆန္ဒပြတဲ့အထဲမှာပါဝင်တဲ့ ဆရာတော်တပါးက  မိန့်ပါတယ်။ 
 ဆွမ်းကွမ်းအတွက်တော့ ခေါက်ဆွဲထုတ်တွေ ရေဗူးတွေယူဆောင်လာတာကြောင့်  ဒီနေ့အဖို့တော့ မပူရဘူးလို့မိန့်ပါတယ်။ တောင်းဆိုချက်တွေ မရမချင်း  တိုက်ပွဲဝင်သွားမယ်လို့ ဆရာတော် ၅ပါးလုံး တညီတညွတ်တည်း  ဆုံးဖြတ်ချက်ချထားတယ်လို့ သိရပါတယ်။ ကျန်သံဃာများလည်း  လာရောက်ပူးပေါင်းကြပါလို့ တိုက်တွန်းသွားပါတယ်ခင်များ   


No comments:
Post a Comment