ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံပိုင်  ရေသယံဇာတမှ တစ်နှစ်လျှင်  ကန်ဒေါ်လာသန်း ၇၀ဝ မှ ၈၀ဝ ကြား အမြတ် ရနေသည်ဟု MFI  IV LTD မှ ဥက္ကဋ္ဌဖြစ်သူ  ပြင်သစ် နိုင်ငံသား Mr.Jean PICHON  က ပြောသည်။     ထိုင်းနိုင်ငံ သည်      ၁၉၆၀-၆၁       ခုနှစ်ကတည်းက ၄င်းတို့တွင်        ငါးသယံဇာတ မရှိတော့ကြောင်း  ကမ္ဘာ       ကသိအောင်     ကြေညာ ထားသည့်        နိုင်ငံဖြစ်သော်လည်း  ထိုင်းနိုင်ငံတွင်       ငါးသယံဇာတ ပေါကြွယ်ဝပြီး ကမ္ဘာ        ပေါ်တွင်      နံပါတ်တစ်     အိတ်စပို့လုပ်       နိုင်သည့်  နိုင်ငံဖြစ်နေကြောင်း၊  ထိုင်း       နိုင်ငံမှ     ငါးအားလုံးသည်      မြန်မာနိုင်ငံ       မှ      လာရောင်းသည့် ငါးများဖြစ်ပြီး မြန်        မာနိုင်ငံ၏  အလုပ်သမားငါးသိန်းခန့       သည်     ထိုင်းနိုင်ငံ၏  ငါးစက်ရုံများ        တွင်     အလုပ်လုပ် နေကြသည်ဟု       Mr. Jean PICHON  ကဆက်လက်        ပြောသည်။
ရနောင်းမြို့က လွန်ခဲ့တဲ့       အနှစ်      ၂၀ လောက်ကဆိုရင်        သေးသေးလေးပဲ။ အားမနာတမ်း       ပြောရရင်      မြန်မာနိုင်ငံ ကြောင့်        အခုဆိုရင်     အရမ်းဖွံ့ဖြိုးတိုးတက်        သွားတာ။ သူတို့တွေမှာ အမြတ်        အစွန်းတွေ အများကြီး ရပေမယ့်        မြန်မာနိုင်ငံမှာ ကျတော့      အအေးခန်း       စက်ရုံတွေ ပိတ်ထားရတယ်ဟု      ၄င်း       က ပြောသည်။        တနင်္သာရီတိုင်း ဒေသကြီးတွင်        တိုင်းရင်းသားအမည်ခံ     ထိုင်းငါး        ဖမ်းသင်္ဘော ၅၀ဝ ခန့်သည်တရား        မဝင်     စည်းကမ်းမဲ့      ငါးဖမ်းယူမှုများ       ကြောင့် မြန်မာနိုင်ငံ  သယံဇာတများ  တဖြည်းဖြည်းရှားပါးလာပြီး ငါးမရှိ တော့ကြောင်း၊ ကမ္ဘာသိအောင်  ကြေညာထားရသည့်  ထိုင်းနိုင်ငံတွင် ငါးများပေါနေကြောင်း ၊   မြန်မာနိုင်ငံတွင်နိုင်ငံတကာအဆင့်  အတန်း မီ   ငါးလေလံဈေးနှင့်အအေးခန်းစက်ရုံ များပိတ်ထားရသည့် အခြေအနေ   မျိုးဖြစ်နေကြောင်း အထက်ပါပုဂ္ဂိုလ် ထံမှ သိရသည်။
လူတွေက ကျွန်းသစ်တွေ  နိုင်ငံမှာမရှိတော့ဘူး၊ သယံဇာတ  တွင်းထွက်ပစ္စည်းတွေမရှိနိုင်တော့ဘူး  လို့သာပြောနေကြတာ  ငါးကိုအာရုံမစိုက်ကြဘူး။ အခုလို ငါးတွေကို        တရားမဝင် ရောင်းနေတာတွေ၊        အမည်ခံလှေတွေ မြန်မာပြည်မှာ        ဝင်ဖမ်းနေတာ မြစ်ဆုံကိစ္စတမျှအ        ရေးကြီးပါတယ်။ ဧရာဝတီမြစ်ကြီးဟာ  မြန်မာနိုင်ငံရဲ့ အသည်းနှလုံး        ဖြစ်သလို မြန်မာ့ပင်လယ်ပြင်ကြီး        ဟာလည်း မြန်မာ့အသည်းနှလုံး        ဖြစ်ပါတယ်။ ဒါကို သေသေချာချာမ        ကိုင်တွယ်ဘဲ ဒီအတိုင်းဆက်သွား        မယ်ဆို နောက်ဆိုရင် ရေငန်ငါး        ပျောက်တော့မယ်။
ဒီကိစ္စတွေကို       သက်ဆိုင်ရာ  အကြီးအကဲတွေ        အာရုံစိုက်ဖို့လိုပါတယ်။ ပင်လယ်       ပြင်ကြီးထဲက  တရားမဝင်ငါးဖမ်းမှု၊        အမည်ခံငါးဖမ်းမှုတွေကို အဖြစ်       လောက်ပဲ  စစ်ဆေးတာတွေကို        မျက်ကွယ်ပြုထားရင် အရမ်း       အန္တရာယ်ရှိပါတယ်ဟု  အထက်ပါ       ပုဂ္ဂိုလ်က  ထပ်လောင်းပြောသည်။       တနင်္သာရီ တိုင်းဒေသကြီးတွင်        မြန်မာအမည်ခံ  ငါးဖမ်းသင်္ဘောများ       အပြင် နိုင်ငံခြားပိုင်ငါးဖမ်း  သင်္ဘော        များကိုလည်း ပုတ်ပြတ်စနစ်ဖြင့် မြန်မာ့       ပင်လယ်ပြင်တွင်   ငါးဝင်ဖမ်းခွင့်ပြု       ထားကြောင်း၊ အဆိုပါ ငါဖမ်း       သင်္ဘော များသည်   မြန်မာ့ပင်လယ်       ပြင်တွင် ရက်အကန့်အသတ်ဖြင့်       ပိုက်ဆံပေးကာ   ငါးဖမ်းပြီး ၄င်းတို့       နိုင်ငံများတွင် ပြန်ရောင်းကြကြောင်း၊         ထိုကဲ့သို့ မိမိနိုင်ငံ၏ ကုန်ကြမ်း       လိုအပ်ချက်ကို တခြားနိုင်ငံမှ   ကုန်       ကြမ်းဖြင့်တိုက် ရိုက်ဖြည့်ဆည်းခြင်း       သည်   ကမ္ဘာပေါ်တွင်မည်သည့်       နိုင်ငံတွင်မှ မရှိတော့သော်လည့်း        မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင်       နေဆဲဖြစ်သဖြင့် စဉ်းစားရန်လို         အပ်ကြောင်း ၄င်းကပြောသည်။       ထိုင်းနိုင်ငံရနောင်းသို့ တနင်္သာ         ရီတိုင်းဒေသကြီးမှငါးတန်ချိန် ၁၅၀ဝ       မှ ၂၀ဝ၀ အကြားရောင်းချလျက်ရှိ         နေကြောင်း Mr. Jean PICHON  က ပြောသည်။
No comments:
Post a Comment