အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အခုသီတင်းပတ် အတွင်း ပါတီ ပြန်လည် မှတ်ပုံတင်မယ်လို့ သိရပါတယ်။ အသေးစိတ် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပြီး ဒီတပတ် သောကြာနေ့ မှတ်ပုံတင် လျှောက်ထားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဌာနချုပ်တွင် မတ်လ ၂၉ ရက်က ပါတီ မှတ်ပုံတင်ရေး၊ မတင်ရေး ခေါင်းဆောင်များ ဆွေးနွေးနေစဉ် ရုံးအပြင်တွင် ပါတီဝင်များက ဆုံးဖြတ်ချက်ကို စောင့်မျှော်နေခြင်း ဖြစ်ပါသည်။ (Photo: RFA)
အန်လ်အယ်ဒီ ပါတီ အနေနဲ့ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ် အဖြစ် ရွေးချယ်ရာမှာ လူငယ်တွေနဲ့ တိုင်းရင်းသားတွေကို ဦးစားပေးမယ်လို့ သိရပါတယ်။ ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ ရှိပေမယ့် ဘယ်မြို့နယ်က ၀င်ရောက် ယှဉ်ပြိုင်မယ်ဆိုတာ လတ်တလော မဆုံးဖြတ်ရသေးဘူးလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲ အတွက် ပြည်သူ့ လွှတ်တော်မှာ နေရာ (၄၀)၊ အမျိုးသားလွှတ်တော်မှာ (၆)နေရာနဲ့ တိုင်းဒေသကြီးမှာ (၂) နေရာ - စုစုပေါင်း (၄၈) နေရာ လစ်လပ်လျှက် ရှိပြီး၊ အန်အယ်လ်ဒီ ပါတီ အနေနဲ့ လစ်လပ်နေရာ (၄၈) ခုလုံးမှာ ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
No comments:
Post a Comment