အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အာဆီယံထိပ်သီးအစည်းအဝေးပွဲ တက်ရောက်ရန် ဘာလီသို့ နိုဝင်ဘာ(၁၇) ရက်နေ့က ရောက်ရှိလာစဉ်
အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဟီလာရီကလင်တန် သည်  ဒီဇင်ဘာလအတွင်းတွင်  မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားက  အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေ စဉ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင်  ထုတ်ပြန်ကြေညာလိုက်သည်။
ယင်းဆုံးဖြတ်ချက်မချမီတွင် အိုဘားမားသည် နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက  မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်စကားပြောခဲ့ကြောင်း  သိရသည်။ ဟီလာရီကလင်တန်နှင့် အတူ  ဘာလီတွင်ကျင်းပနေသည့် အာဆီယံ  ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်ဆွေးနွေးပွဲများသို့ တက်ရောက်လာသည့်  အိုဘားမားက မြန်မာနိုင်ငံ တွင်ဖိနှိပ်မှုများနှစ်ပေါင်းများစွာ ကြုံ  တွေ့ရပြီးသည့်နောက်ပိုင်း အစိုးရ သည် ပြောင်းလဲလာသည့်လက္ခဏာ  များပြသလာခဲ့ကြောင်း ပြောကြားခဲ့သည်။
အစိုးရသည်အရေးပါသော ခြေလှမ်းများဖြစ်သည့် နိုင်ငံရေး အကျဉ်းသားများ  လွှတ်ပေးခြင်း၊ မီဒီယာများအပေါ် ကန့်သတ်မှုများ လျှော့ချခြင်းများ  ပြုလုပ်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။
''ဒါတွေဟာ နှစ်ပေါင်းများစွာ အတွင်း မြန်မာနိုင်ငံမှာအပြောင်း  အလဲဆီကိုလှမ်းတဲ့အရေးပါဆုံးခြေ လှမ်းတွေပါ။နောက်ထပ်လုပ်စရာ တွေအများကြီး  လည်းရှိပါသေးတယ် '' ဟုအိုဘားမားကပြောကြားခဲ့သည်။
သို့ရာတွင် မြန်မာနိုင်ငံသည် အပြည့်အဝအသွင်ကူးပြောင်းရန် ပြင်ဆင်ထားခြင်းရှိ၊မရှိမှာ မရှင်း လင်းသေးကြောင်းအိုဘားမားက ပြောကြားခဲ့သည်။
သို့ရာတွင် မြန်မာနိုင်ငံသည် အပြည့်အဝအသွင်ကူးပြောင်းရန် ပြင်ဆင်ထားခြင်းရှိ၊မရှိမှာ မရှင်း လင်းသေးကြောင်းအိုဘားမားက ပြောကြားခဲ့သည်။
သို့ရာတွင်  တောက်ပသောအနာဂတ်အတွက် ဖြစ်တန်စွမ်းများကို လျစ်လျူရှုရန်  မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ''အမှောင်ကာလကိုနှစ်ပေါင်း  များစွာဖြတ်သန်းပြီးတဲ့နောက် လွန် ခဲ့တဲ့ရက်သတ္တပတ်တွေမှာ တိုးတက်  မှုရောင်စဉ်တန်းတွေကိုမြင်တွေ့ခဲ့ရ ပါတယ် ''ဟု အိုဘားမားက မြန်မာနိုင်ငံ  အခြေအနေနှင့်ပတ်သက်ပြီး ပြောကြားသွားခဲ့သည်။ ယခုခရီးစဉ်သည်  အမေရိကန်-မြန်မာဆက်ဆံရေးတွင် စိတ်ဝင်စားစရာအကောင်းဆုံး အပြောင်းအလဲ  တစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း လေ့လာသူတို့ကသုံးသပ်သည်။
အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာနေလာပြီးနောက်ပိုင်း  ရွေးကောက်ပွဲများကျင်းပပြီး  စစ်ဘက်ခေါင်းဆောင်ဟောင်းများ ပါဝင်သော  အရပ်သားအစိုးရသစ် တက်လာပြီးနောက်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်း  ရေးဆောင်ရွက်မှုများ စတင်ပြုလုပ်လာခဲ့သည်။
ဟီလာရီကလင်တန်သည် ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး  ပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့်အရေး နှင့်  အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတို့တွင်တိုးတက်မှုရှိစေရေး အမေရိကန်က  မည်သို့ကူညီနိုင်မည်ကို လေ့လာသွားမည်ဖြစ်သည် ဟု အမေရိကန်အကြီးတန်း  တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ နောက်ဆုံးလာရောက်ခဲ့သော အမေရိကန်မှအဆင့်  အမြင့်ဆုံးပုဂ္ဂိုလ်မှာ မက်ဒလင်း အောဘရိုက် ဖြစ်ပြီး ၁၉၉၅ ခုနှစ် က  အမေရိကန်ပြည်ထောင်စု ကုလသမဂ္ဂဆိုင်ရာသံအမတ်အဖြစ်လာ ရောက်ခဲ့ခြင်း  ဖြစ်သည်။မက်ဒလင်းကို ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ တွင်မှ အမေရိကန်နိုင်ငံ  ခြားရေးဝန်ကြီးအဖြစ် ထိုစဉ်က  အမေရိကန်သမ္မတ ဘီလ်ကလင်  တန်ကခန့်အပ်ခဲ့ခြင်းဖြစ်ပြီး  မြန်မာနိုင်ငံသို့လာရောက် စဉ်က သံအမတ်သာ  ဖြစ်သေးသည်။
No comments:
Post a Comment