![]()  | 
| အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု့ဆိုင်ရာ နိုင်ငံတကာညီလာခံသို့ တက်ရောက်လာသော နိုင်ငံတော်အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်အားနိုင်ငံတော်သမ္မတ၏စီးပွားရေးအကြံပေးဒေါက်တာဦးမြင့်နှင့်အတူတွေ့ရစဉ်။ | 
နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ပြည်ထောင်စုမြန်မာနိုင်ငံ၏အဓိပဓိ နိုင်ငံတော်အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့တော်၊  မြန်မာနိုင်ငံ ဘဏ်များအသင်း အဆောက်အဦ၌ ပြုလုပ်နေသည့် အစိမ်းရောင်  စီးပွားရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ နိုင်ငံတကာ ညီလာခံသို့ မနက် ၉  နာရီမှ မွန်းတည့် ၁၂ နာရီအထိ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ 
နိုင်ငံတော်အကြီးအကဲနှင့်အတူ နိုင်ငံတော် သမ္မတ၏  စီးပွားရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ ဦးမြင့်၊ မြန်မာနိုင်ငံသို့  ခေတ္တရောက်ရှိနေသော ဒေါက်တာသန်းမြင့်ဦး စသည့် ပညာရှင်းများလည်း  တက်ရောက်ခဲ့ကြောင်းသိရပါသည်။
ယင်းညီလာခံ  ဖြစ်မြောက်ရေးအတွက် ကုလသမဂ္ဂ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း  ဒေါက်တာ နေထွန်းဦးက မြန်မာနိုင်ငံသို့ ယခုနှစ်ဆန်းပိုင်းက  အလည်အပတ် ရောက်ရှိစဉ် အစိမ်းရောင် စီးပွားရေးနှင့် ပတ်သက်၍ ညီလာခံ  ပြုလုပ်ရန် ကမ်းလှမ်းခဲ့ရာ ပြည်တွင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး  ပညာရှင်များနှင့် ကျွမ်းကျင်သူများ ပူးပေါင်း၍ Convening Group ဖွဲ့စည်းကာ  စီစဉ်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်၊ ဂျပန်၊ နော်ဝေ၊ အိန္ဒိယ၊ ထိုင်း၊  ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှား စသည့် နိုင်ငံတကာမှ ကမ္ဘာကျော်  သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ၏ ဥက္ကဋ္ဌများနှင့်  ပညာရှင်များက ကိုယ်ပိုင် ကုန်ကျစရိတ်ဖြင့် လာရောက် ဟောပြော ဆွေးနွေးကြခြင်း  ဖြစ်ကြောင်း Convening Group ၏ပြောခွင့်ရပုဂ္ဂိုလ်  ဦးကိုကို (ကိုကို - စက်မှု တက္ကသိုလ်) က ပြောကြားခဲ့ပါသည်။

No comments:
Post a Comment