Sunday, November 6, 2011

အပြောင်းအလဲနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏အမြင်။

Change ဆိုတာမှာ သမ္မတ အိုဘားမား တက်လာတုန်းကလည်း change ဆိုပြီးပြောကြတာပဲ။ တချို့ကလည်း ဒီလောက်ထိ change မဖြစ်သေးပါဘူးလို့ပြောကြတယ်။ တချို့လည်း ကျေနပ်လောက်အောင်ရှိတယ်လို့ ပြောကြသူတွေလည်းရှိပါတယ်။ ပြုပြင်ပြောင်းလဲရေးဆိုတာ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းတော့ မတူဘူးပေါ့။ အဲဒီတော့ အများလက်ခံနိုင်တဲ့နည်းနဲ့ ပြုပြင်ပြောင်းလဲတဲ့နည်းနဲ့ တိုင်းထွာရတာပေါ့။ ပြည်သူတွေ ရဲ့ လူနေမှုအဆင့်အတန်း တက်လာရဲ့လား။ အဲဒီလောက်ကိုပဲ ရိုးရိုးလေးကြည့်လိုက်ရင်ကို ပညာရေးပါမယ်။ ကျန်းမာရေးပါမယ်။ စီးပွားရေးပါမယ်။ အဲဒီဟာက တိုးတက်လာတယ်ဆိုရင်တော့ ဘယ်လိုပဲပြောပြော အပြောင်းအလဲဖြစ်လာတာပေါ့။ ဒါပေမယ့် ဒါတွေက နည်းနည်းအချိန်ကြာတယ်။ ကျွန်မအမြင်အရဆိုရင် မြန်မြန်ဆန်ဆန် မြင်နိုင်တဲ့ ပြုပြင်ပြောင်းလဲမှုမျိုးဟာ ဥပဒေနဲ့ဆိုင်တယ်။ ဥပမာဆိုရင် သမီးတို့မီဒီယာလောက က သူတွေ ဘယ်လောက်လုပ်နိုင်ကိုင်နိုင်သလဲဆိုတာ ဥပဒေကနေ လုပ်ပိုင်ခွင့်ပေးလိုက်ပြီ ဆိုရင် ပြောင်းလဲ လိုက်ရင် နေ့ချင်းညချင်း မြင်တွေ့ရမယ့်အပြောင်းအလဲပဲ။ ဒီအတိုင်းပဲ အန်တီတို့အကျဉ်းသားတွေနဲ့ ပတ်သက် လို့ ဥပဒေကာကွယ်မှု ရှိလို့ရှိရင် ဒီလိုဟာမျိုးတွေ နောက်ထပ်ဖြစ်ဖို့မရှိဘူး။ အဲဒါကြောင့် ဥပဒေစိုးမိုးရေးကို ဦးစားပေးတာ။ အဲဒါတော့ ခပ်မြန်မြန် ပြောင်းလဲပစ်ရမယ်။ ခပ်မြန်မြန်နဲ့ ဒီအပြောင်းအလဲရဲ့ ရလဒ်ကို မြင်နိုင်ရ မယ်ပေါ့။ 
မှတ်ချက်(အင်ဗွိုင်း ဂျာနယ်နှင့်အင်အာဗျူး မှ)

No comments:

Post a Comment