ရေလွှမ်းတာက  အကာအကွယ် အကောင်းဆုံးနေရာတွေဖြစ်တဲ့   ဘန်ကောက်အတွင်းပိုင်းနေရာတွေထိ ကပ်လာ နေပါပြီ။ 
ဘန်ကောက်ရဲ့ခရိုင်အတော်များများနဲ့လမ်းမတွေ  ရေမြုပ်ပြီးနောက်မှာ   မြို့တော်အတွင်း ပိုင်းနေရာတွေ လည်း မလွယ်တဲ့ အခြေအနေ  ရောက်နေပါပြီ။   တိုင်းပြည်မြောက် ပိုင်းကဒလဟော စီးလာနေတဲ့ ရေ တွေကြောင့်  လတ်ဖရောက် လမ်းဆုံရေ   မြုပ်သွားပြီး လတ်ဖရောက်က Central Plaza စင်ထရယ်ပလာဇာ  ကုန်တိုက်ကြီးလည်း   ပိတ်လိုက်ရပါတယ်။ ဘန် ကောက်၊ ချက်တူးချက် ခရိုင်ထဲက  ခရိုင်ခွဲ ၄ ခုကို   ရွေ့ပြောင်းရမယ့်ဇုံအဖြစ် ကြေညာထားပါတယ်။
မြို့တော်တွင်းဝင်မယ့်ရေတွေ  လျော့ကျသွားအောင်လို့ အာဏာပိုင်တွေဟာ   ပထုမ်ဌာနီတောင်ပိုင်းမှာ  သဲအိတ်တံတိုင်း ကြီးတွေ ဆောက်လုပ်နေရပါပြီ။   ချတ်တူးချတ်ခရိုင်မှာဆို  ရေအမြင့် ၂၀စင်တီမီတာထိ တိုးလာပါတယ်။ လက်ဆီ   ခရိုင်မှာ  ၃၀စင်တီမီတာနဲ့၁၂၀စင်တီမီတာအကြား ရှိပါတယ်။ ခလုံဆမ်ဝခရိုင်မှာ   စင်တီမီတာ  ၆၀ကနေ ၉၀ထိ ရောက်နေပါပြီ။
မြို့တော်ရဲ့မြေအောက်ရထားဘူတာရုံတွေကိုလည်  ပိတ်ထားလိုက်ရပါပြီ။   အောက်တိုဘာ ၂၉ ရက် နေ့မှာ ဒွန်မောန်လေ ဆိပ်မှာ  အခြေစိုက်ထားတဲ့   ရေဘးကယ်ဆယ်ရေးဌာနကိုလည်း စွမ်းအင်ဌာန အဆောက်အအုံကို  ပြောင်းရွှေ့လိုက်ရပါ   တယ်။ ဒါပေမဲ့ရေက စွမ်းအင်အဆောက်အအုံရှေ့မှာလည်း  တက်လာနေပါတယ်။
ပြည်နယ်အတွင်းပြေးဆွဲနေတဲ့ ဘတ်စ်  ကားလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့   သယ်ယူပို့ဆောင်ရေးကုမ္ပဏီလိမီတက်ဟာ  ကားဝင်းထဲ ရေရောက်ရင် မော်ချစ်   ဘတ်စ်ကားဂိတ်ကြီးကနေ ဘတ်စ်ကားအကုန်လုံး  တနာရီအတွင်း ရွှေ့ပြောင်းနိုင်ရေး    စီမံကိန်းတခုကို အခုအခါ ကြို တင်ရေးဆွဲ  ပြင်ဆင်လုပ်ကိုင်နေရပါတယ်။   ဒီဘတ်စ်ကားဂိတ်ဟာ ချတ်တူးချတ်ခရိုင်  ကမ်ဖဲန်းဖက်လမ်းမကြီးပေါ်မှာ ရှိ  ပါတယ်။
ကုမ္ပဏီအနေနဲ့  ဘတ်စ်ကားတွေကို ဖထုမ်ဌာနီခရိုင်က ဖရာတူနမ်ထာဖရာ အင်းနဲ့   ဆုဝဏဖူးမ်လေဆိပ်၊  ဒါမှမ ဟုတ် ချုန်ဘူရီမှာရှိတဲ့နေရာကို   ရွှေ့ပြောင်းရနိုင်ပြီး အဲဒီကနေ  လုပ်ငန်းတွေ ဆက် လည်ပတ်သွားမှာ ဖြစ်တယ်လို့   တာ ၀န်ရှိသူတွေက  ပြောပါတယ်။ဘန်ကောက်အနောက်ပိုင်းမှာ ရေလွှမ်းမိုးမှုဟာ   ဆီယမ်တက္ကသိုလ်နဲ့  ထာဖရာလမ်းဆုံဆီကို ဦးတည်စီးလာနေပါတယ်။
No comments:
Post a Comment