၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၁  ရက်နေ့၌ နော်ဝေနိုင်ငံ ပတ်ဝန်းကျင်နှင့်  အပြည်ပြည်ဆိုင်ရာ  ဖွံ့ဖြိုးမှုဝန်ကြီး H.E Mr. Erik Solheim နှင့်  ကိုယ်စားလှယ်အဖွဲ့သည်  မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင်  ထိန်းသိမ်းရေး  ကူညီပံ့ပိုးပေးမည့် အစီအစဉ်များအတွက် မြန်မာနိုင်ငံမှ  ပတ်ဝန်းကျင်  ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဝန်ကြီး  ဦးဝင်းထွန်းနှင့်  လာရောက် တွေ့ဆုံဆွေး နွေးခဲ့ ကြောင်း သိရသည်။
ထို့ပြင်  မြန်မာနိုင်ငံအတွင်း တစ်နေ့တစ်ခြား ပျက်စီးလာလျက်ရှိသည့်   သစ်တော်ပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား လျှော့ကျခြင်းမှ ကာဗွန်   ထုတ်လုပ်မှု လျှော့ချခြင်း (REDD Plus) လုပ်ငန်းများတွင် နှစ်နိုင်ငံ   ပူးပေါင်းဆောင်ရွက်နိုင်ရန် နော်ဝေနိုင်ငံမှ စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ   နှစ်သန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်  အောက်တိုဘာလ  ၂၇ ရက်နေ့၌ နေပြည်တော်တွင် ကျင်းပခဲ့သည့်   မြန်မာ့သစ် တောသတင်းပတ် အခမ်းအနားဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး   ဦးဝင်းထွန်းက ပတ်ဝန်းကျင်လေ ထုညစ် ညမ်းခြင်း၊ ရေထုညစ်ညမ်းခြင်းနှင့်   စက်ရုံသုံးစွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု အစရှိသော သဘာဝ ပတ်ဝန်းကျင်   ရေးရာများကို ပျက်စီးစေရန် ပြုလုပ်ပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း   ပြောကြားခဲ့သည်။
အစိုးရသစ်လက်ထက်မှ စတင်၍ ယခင် သစ်တောဝန်ကြီးဌာနအား  ပတ်ဝန်းကျင်  ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနအဖြစ်   ပြောင်းလဲခဲ့ပြီး  ဥပဒေမူကြမ်းကို အောက်တိုဘာလ ၆ ရက်နေ့  ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌  သဘောတူညီခဲ့ကြောင်း သိရသည်။
No comments:
Post a Comment