![]()  | |
| ဂုဏ်ပြုဆုအဆောင်အယောင်များဝတ်ဆင်ထားသောဦးကျော်သူနှင့်ဇနီးဒေါ်မြင့်မြင့်ခင်ဖေ။ ဓါတ်ပုံ(ဒီမိုဝေယံ) | 
 နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူနှင့်ဇနီး  မမြင့်မြင့်ခင်ဖေတို့အား ဧမာနွေလ နှစ်ခြင်း ခရစ်ယာန် ဘုရား  ရှိခိုးကျောင်းမှ( Doctor of Humane Social Services)  ဆုချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့  ကျောက်တံတားမြို့နယ် မဟာဗန္ဒုလပန်းခြံလမ်း ဆူးလေစေတီတော်နှင့်  ရန်ကုန်မြို့တော်ခန်းမ အနီးရှိ ဧမာနွေလ နှစ်ခြင်း ခရစ်ယာန်  ဘုရားရှိခိုးကျောင်းမှ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူနှင့်ဇနီး  မမြင့်မြင့်ခင်ဖေတို့အား လူမှုရေးဆိုင်ရာ ဒေါက်တာဘွဲ့ (Doctor of Humane  Social Services) ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်..။ အဆိုပါ အခမ်းအနားအား ယနေ့(၁၃.၁၁.၂၀၁၁)ညနေ ၄နာရီမှ ညနေ(၆)နာရီအထိ အဆိုပါ ဘုရားရှိခိုးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

No comments:
Post a Comment