Showing posts with label သတင်းရင်း(အင်တာနက်စာမျက်နှာ). Show all posts
Showing posts with label သတင်းရင်း(အင်တာနက်စာမျက်နှာ). Show all posts

Wednesday, January 23, 2013

ကချင်ပြည်နယ် ငြိမ်းချမ်းရေးချီတက်ပွဲ ဒုတိယနေ့။

ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြည်တွင်းစစ် ရပ်စဲဖို့ရည်ရွယ်ပြီး ရန်ကုန်ကနေ ကချင်ပြည်နယ်၊  လိုင်ဇာအထိ လမ်းလျှောက် ချီတက်နေကြတဲ့ သံဃာတော်တွေနဲ့  တက်ကြွလှုပ်ရှားသူတွေဟာ ဒီကနေ့ ပဲခူးမြို့ကို ရောက်နေကြပါပြီ။
ပဲခူးမြို့မှာ အာဏာပိုင်တွေက တားဆီးမှုတွေ ရှိခဲ့ပေမဲ့ အခုတော့  နှစ်ဘက်ကြား ညှိနှိုင်းမှု ပြေလည် သွားပြီလို့ ဦးဆောင်သူတွေက ပြောပါတယ်။ လမ်းလျှောက်လှုပ်ရှားသူတွေအနေနဲ့ အခက်အခဲကြား က လိုရာခရီးရောက်တဲ့အထိ ချီတက်သွားမှာဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးရဖို့ အင်အားစု အားလုံး နဲ့ ဆွေးနွေးအဖြေရှာသင့်တယ်လို့လည်း ထောက်ပြ ပြောဆိုမှုတွေ ရှိနေပါတယ်။ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က  သတင်းပေးပို့ထားပါတယ်။  ကချင်ပြည်နယ်မှာဖြစ်နေတဲ့စစ်ပွဲတွေ ရပ်တန့်ပေးဖို့ ငြိမ်းချမ်းရေးကိုလိုလားတဲ့ သံဃာတော်တွေ အပါအ၀င် တက်ကြွလှုပ်ရှားသူတွေကနေ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ကနေ မိုင်ပေါင်း ၈၀၀ ကျော် ကွာဝေးတဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အထိ လမ်းလျှောက်ရာမှာ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဒီကနေ့မှာ ပဲခူးမြို့အရောက်မှာတော့ သက်ဆိုင်ရာအာဏာပိုင်တွေကနေ ဟန့်တားမှုတွေနဲ့ ကြုံတွေခဲ့ ရတယ်လို့ ချီတက်လမ်းလျှောက် အဖွဲ့ခေါင်းဆောင် ကိုရဲထွဋ်အောင်က ဗွီအိုအေကို အခုလိုပြောပါတယ်။
“သူတို့ကတော့ ကျနော်တို့ကို တားတာပေါ့နော်။ ကျနော်တို့က ခွင့်ပြုမိန့် မတင်တဲ့အတွက်ကြောင့် သူတို့က တားတယ်လို့ ပြောတယ်။ ကျနော်တို့က ဒါကို လမ်းလျှောက်ပြီးတော့ ခရီးသွားတယ် လို့ ပြောတဲ့အခါကျတော့ သူတို့က ဒါက လမ်းလျှောက်ပြီး ခရီးသွားတယ်ဆိုပေမဲ့ စီတန်း လှည့်လည်တာ အဲဒီလို ပြောတယ်ခင်ဗျ။ အဲဒီဟာနဲ့ ကျနော်တို့ကို ခွင့်ပြုမိန့်တင်ဖို့ တားပါတယ်။”
ပဲခူးတိုင်းလုံခြုံရေးအဖွဲ့ကနေ လမ်းလျှောက်ချီတက်ခေါင်းဆောင် (၅) ဦးဖြစ်တဲ့ ကိုရန်နိုင်ထွန်း၊ ကိုဇော်မင်းနိုင်၊ ကိုရဲထွဋ်အောင်၊ ကိုဇင်ကိုကို ကိုကျော်မင်းကျော်တို့ကို ခေါ်ယူတွေ့ဆုံခဲ့တာပါ။ ဒါပေမဲ့နှစ်ဘက်ကြား ညှိနှိုင်းမှုကြောင့် ပြေလည်မှုရရပြီး အခု ပဲခူးမြို့ကနေ ထွက်ခွာလာပြီ ဖြစ်သလို အခက်အခဲကြားကနေ ရှေ့ဆက်တိုးသွားမယ်လို့လည်း ချီတက်လမ်းလျှောက်အဖွဲ့ ခေါင်းဆောင် ကိုရဲထွဋ်အောင်က ဆက်ပြောပါတယ်။
“ရန်ကုန်ကနေ ကျနော်တို့ထွက်လာတဲ့အချိန်မှာ ကျနော်တို့ ကျောပိုးအိတ်တွေမှာ ငြိမ်းချမ်းရေး အလံလေးတွေကို တိုင်လေးတွေ ထူပြီးတော့ စိုက်လာခဲ့တယ်ပေါ့။ အလံတိုင်လေးတွေ လွှင့်လာခဲ့ တာကို  ဒီပဲခူး တိုင်းကနေဖြတ်လာတဲ့အခါကျလို့ရှိရင် အလံတိုင် အဲဒီလို လွှင့်မသွားဖို့။ အလံကို ကျနော်တို့ ရင်ဘတ်မှာချိတ်ရင်ချိတ်၊ ကျနော်တို့ ကျောပိုးအိတ်မှာချိတ်ရင်ချိတ်ဆိုပြီးတော့ သူတို့က တောင်းဆိုတယ်ခင်ဗျ။ ကျနော်တို့တော့ သဘောတူညီမှု ယူပေးတယ်ခင်ဗျ။ ဒီအ၀င် မှာတော့ ကျနော်တို့ ဖြုတ်ပေးလိုက်မှာပေါ့နော်။ ပဲခူးမြို့ထဲ၊ ဒါမှမဟုတ် ဒီအထွက်လောက် ကျနော်တို့ ဖြုတ်သွားမယ်ခင်ဗျ။ ပဲခူးတိုင်းက ထွက်ဖြစ်သွားရင်တော့ ကျနော်တို့ ပြန်ပြီးတော့ ပထမလာခဲ့တဲ့ပုံစံအတိုင်း ပြန်လုပ်မယ်ခင်ဗျ။ ကျနော်တို့ တိုးရသလောက် တိုးသွားမယ် ခင်ဗျ။ နောက်ဆုံး ကျနော်တို့ကို ထိန်းသိမ်းလိုက်တဲ့အခါကျတော့မှ ကျနော်တို့ ဆက်မတိုးနိုင်မှ မတိုးတော့မှာခင်ဗျ။”
ရန်ကုန်မြို့ကနေ ပဲခူးမြို့ခရီးစဉ်မှာ အခက်ခဲတွေရှိနေပေမဲ့လည်း လမ်းတလျှောက် ဒေသ ခံ ပြည်သူတွေရဲ့ ထောက်ခံမှု ရရှိခဲ့တယ်လို့ ချီတက် လမ်းလျှောက် အဖွဲ့ ခေါင်းဆောင် ကိုရန်နိုင်ထွန်းက ပြောပါတယ်။
“အခက်အခဲတော့အများကြီးပါခင်ဗျ။ ကျန်းမာရေးအခြေအနေက လက်ရှိ ကျနော်တို့လူတွေက သိပ်နေမကောင်းကြဘူး။ အာဏာပိုင်တွေရဲ့ တားဆီးတာလည်း ကျနော်တို့ ကြုံတွေ့ရတာပါပဲ။ ဒါပေမဲ့ အားရစရာကောင်းတာတခုက ပြည်သူတွေ ကျနော်တို့ကို လုံးဝ ထောက်ခံချက်ပေးတယ်။ ထမင်းကျွေးတယ်။ အဲဒါတွေကြောင့် ဒီအချိန်အထိ ကျနော်တို့ ခရီးထွက်လာတာပေါ့။”
ဒီလှုပ်ရှားမှုကို ငြိမ်းချမ်းရေးကိုလိုလားပြီး ပြည်တွင်းစစ်ရပ်စဲရေးအတွက် တောင်းဆိုတဲ့အနေနဲ့ သံဃာတော်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ကနေ ရန်ကုန်မြို့ကနေ ဇန္နာဝါရီ (၂၁) မနက်ပိုင်းမှာ လမ်းလျှောက် ချီတက်ခဲ့ကြတာပါ။
နိုင်ငံတော်အနေနဲ့ လက်ရှိအပြောင်းအလဲကို ဦးတည်နေတဲ့ကာလမှာ ပြည်တွင်းစစ်တွေရပ်စဲဖို့ အတွက် အင်အားစုအားလုံးနဲ့ ဆွေးနွေး အဖြေရှာသင့်တယ်လို့လည်း ငြိမ်းချမ်းရေးအတွက် ချီတက်လမ်းလျှောက်လူငယ်အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဇင်ကိုကိုက ပြောပါတယ်။
“တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးသွားဖို့အတွက်ကို တဦးတည်း တစ်ယောက်တည်း၊ တဖွဲ့တည်းနဲ့ သွားပြီးတော့ဆွေးနွေးလိုက်။ ပြီးတော့ ပြန်ပျက်သွားလိုက်ဆိုတာမျိုး မဖြစ်သင့်တော့ဘူး။ ပြီးတော့ ဖြစ်နေတာလည်း ကျနော်တို့ ညီအကိုမောင်နှမတွေဖြစ်နေတာပဲ။ အဲဒီဖြစ်နေတဲ့ ပြဿနာကြီးကိုပဲ ကျနော်တို့က ဟိုဘက်အပြစ်ပုံလိုက်၊ ဒီဘက်အပစ်ပုံလိုက် ဆိုတာ မဖြစ်သင့်ဘူးဗျ။ ဒီအင်အားစု အားလုံးပါဝင်တဲ့ တကယ် စစ်မှန်တဲ့ငြိမ်းချမ်းရေးသွားဖို့အတွက်ကို ဒိုင်ယာလော့လမ်းကြောင်းအနေနဲ့ အသေအချာ ဆွေးနွေးတိုင်ပင်ပြီးတော့ လုပ်ရင်တော့ ပိုအဆင်ပြေမယ်ဗျ။”
တိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွါးနေတဲ့ ကချင်ပြည်နယ်ဒေသတွေမှာ တိုက်ပွဲတွေ ရပ် စဲပြီး နှစ်ဘက်ကြားတွေ့ဆုံ ဆွေးနွေးနိုင်ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီ တီကနေ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ကမ်းလှမ်းခဲ့တဲ့ အပေါ်မှာ KIO အနေနဲ့ စစ်ရေးအရ ဖိအားပေးနေတဲ့အခြေအနေမှာ တဖွဲ့တည်းမဆွေးနွေးလိုပဲ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ အနေနဲ့သာ ဆွေနွေးလိုကြောင်းပြန်ကြားခဲ့ပါတယ်။
အခုလို KIO အနေနဲ့ UNFC နဲ့သာ ဆွေးနွေးလိုကြောင်း တုံ့ပြန်တဲ့အပေါ်မှာ ပဋိပက္ခဖြစ်ပွားနေတဲ့ အဖွဲ့တစ်ဖွဲ့ချင်း အရင်မဆွေးနွေးဘဲ တပ်ပေါင်းစုအနေနဲ့သာ ဆွေးနွေးချင်တာဟာ တိုက်ပွဲကို ရပ်တန့်ချင်တဲ့သဘောမဆောင်လို့ စိုးရိမ်မှု ဖြစ်ရတယ်လို့လည်း မြန်မာအစိုးရ ပြန်ကြားရေးဌာနက ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကနေ ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။
ကချင်ဒေသစစ်ပွဲရပ်စဲရေးအတွက် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာကရော ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တောင်းဆိုနေပေမဲ့လည်း နှစ်ဘက်အပြန်အလှန်စွပ်စွဲချက်တွေရှိနေပြီး လက်ရှိ အခြေအနေ မှာတော့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသေးတာကြောင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ အချိန်ယူရဦးမယ့် အခြေအနေ ရှိနေသေးတယ်လို့ စစ်ရေးသုံးသပ်သူတွေကပြောပါတယ်။

ကချင်တိုက်ပွဲကြောင့် ဒုက္ခသည်တွေ ထပ်မံထွက်ပြေး။

ဒီရက်ပိုင်းတွေအတွင်း နိုင်ငံတော်သမ္မတနဲ့ အစိုးရခေါင်းဆောင်ပိုင်းက ကချင်ပြည်နယ်အတွင်းမှာ အပစ်အခတ်ရပ်စဲဖို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ကမ်းလှမ်းတာရှိနေပေမဲ့ တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေပြီး၊ အထူးသဖြင့် ဖားကန့်ဒေသဘက်မှာ ဒုက္ခသည် ဦးရေဟာ တိုးများလာနေပါတယ်။ ဒီလိုအခြေအနေကြောင့် နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေညာတဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပေါ်မှာလည်း ဝေဖန်မှုတွေ ပေါ်ထွက်လာနေပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်အတွင်း လွန်ခဲ့တဲ့နှစ်ကုန်ပိုင်းက စပြီး စစ်ရေးအရှိန်မြင့်တက်ခဲ့တဲ့နောက် ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ အစိုးရဘက်က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အနီးက လဂျားယန်မှာ စစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့ အစိုးရဘက်က ကြေညာခဲ့သလို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ် ကမ်းလှမ်းတာတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်ခဲ့ပါတယ်။

စစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့ ကြေညာခဲ့တဲ့နောက်မှာလည်း အစိုးရတပ်တွေက သူတို့ဌာချုပ်ကို အမြောက်နဲ့ပစ်ခတ်နေဆဲဖြစ်တယ်လို့ KIO ဘက်က ပြောဆိုတာတွေရှိသလို အစိုးရဘက်ကလည်း KIAက ရဲစခန်းကိုတိုက်ခိုက်တာ၊ ခရီးသည်တင်ကားတွေ မိုင်းခွဲတာ၊ အစိုးရတပ်တွေကို ပစ်ခတ်တာတွေ ရှိတယ်လို့ အပြန်အလှန် စွပ်စွဲတာတွေဟာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

ဒီစွပ်စွဲပြောဆိုနေမှုတွေအကြားမှာပဲ မငြိမ်းချမ်းသေးတဲ့ အခြေအနေတွေကြောင့် ဒေသ ခံ ပြည်သူတွေဟာ စစ်ရဲ့ ဒုက္ခတွေကို ဆက်လက် ခံစားနေကြရပါတယ်။

“ကျမ စံပြကျေးရွာမှာရောက်နေပါတယ်။ စစ်သားတွေ ရောက်လာမယ်ဆိုတဲ့သတင်းတွေ ကြားရလို့ ထွက်ပြေးခဲ့ရတာပါ။ ဒီနေ့တော့ စစ်သားတွေ ရောက်လာပြီ။ သေနတ်သံတွေ ကြားရတယ်။ ဘယ်လောက်လောက် များတယ်ဆိုတာတော့ မပြောနိုင်သေးဘူး။ ဒီနေ့ လောလောဆယ်မှာပဲ တိုက်ပွဲတွေ ဖြစ်နေတာ။”

ဒါကတော့ ဖားကန့်မြို့နယ်က ဒေသခံပြည်သူတယောက် ပြောပြတာဖြစ်ပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်ရာ ဒေသကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဒေါ်ဘောက်ဂျာက သူတွေ့ရှိတဲ့အခြေအနေကို အခုလို ပြောပါတယ်။

“မနက် လေးနာရီလောက်ကတည်းက စစ်ကားတွေ တော်တော်များများပေါ့။ အဲဒီဘက်ခြမ်းကို သွားနေကြတယ်။ ချောင်းယံဘက်ကမ်းတွေမှာ။ အဲဒီနေရာတွေကျတော့ KIA နေတဲ့ နေရာတွေ။ ခွေးတအား ဟောင်တဲ့အခါကျတော့ ထကြည့်တဲ့အခါ စစ်ကားတွေက သွားနေတယ်။ ဒီမနက်ကျတော့ သေနတ်သံတွေလည်း ကြားတယ်။ ရွာသားတွေကတော့ တချို့က မနေ့ တနေ့ကတည်းက - အခြေအနေမကောင်းဘူး၊ စစ်တပ်ဝင်မယ်ပြောတယ်- ပြောလို့ ထွက်ပြေးကြတယ်။”

အောင်ရာစံပြကျေးရွာကို လော့ဂျာ၊ ဆဆင်နဲ့ ဂျဝမ်းကျေးရွာဖက်တွေက ဒုက္ခသည် အနည်းဆုံး ၄၀၀ လောက် ထွက်ပြေးရောက်ရှိလာနေတယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။ ဖားကန့်ဒေသ လုံးခင်းဖက်က အခြေအနေကိုတော့် ဒေသခံက အခုလို ပြောပါတယ်။

“၁၃ ရက်နေ့ကနေ တိုက်ပွဲတွေ စဖြစ်တဲ့ဥစ္စာက ဒီနေ့ထိအောင်ပဲ ကြားထဲမှာ တရက်၊ နှစ် ရက်လောက် နားတာပေါ့ဗျာ။ နားပြီးမှ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေက ဒီနေ့အထိ ဖြစ်နေ တုန်းပဲ ခင်ဗျ။ လုံးခင်းမှာ ဒုက္ခသည်စခန်း ၁၁ ခု ဖွင့်ထားပြီးတော့မှ ကျနော်တို့ လက်ခံထားရပါတယ်ခင်ဗျ။ ၂၁ ရက်နေ့ မနေ့ကအထိ ဒုက္ခသည်စခန်းတခုမှာ လူဦးရေ ၃ ထောင် ဝန်းကျင်လောက်ကို လက်ခံပြီးတော့မှ ထားရတယ်ခင်ဗျ။"

ဒီလ ၁၃ ရက်နေ့က စတင်ဖြစ်တဲ့တိုက်ပွဲတွေကြောင့် လုံခင်းအနီး ရွာပေါင်း ၂၁ ရွာက လူ ၂ သောင်း လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြတာဖြစ်တယ်၊  လုံးခင်းနဲ့ ဖားကန့်က ဒုက္ခသည် စခန်းတွေမှာ လူ ၄ ထောင်လောက်ပဲ လက်ခံနိုင်ပြီး ကျန်တသောင်းခွဲလောက်ဟာ နီးစပ်ရာ ဆွေးမျိုး နဲ့ မိတ်ဆွေတွေ အိမ်မှာ ခိုလှုံနေကြတယ်လို့ ပြောပါတယ်။ လုံးခင်းက ဒုက္ခသည်တွေ ကိုတော့ ဒေသခံပြည်သူတွေ အပါအ၀င်  လူမှုရေး၊ ဘာသာရေးနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက ကူညီထောက်ပံ့ထားရတယ်လို့ လုံးခင်းဒေသခံက ပြောပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာဘက်မှာလည်း တိုက်ပွဲတွေဟာ ဒီနေ့အထိ ပြင်းထန်နေဆဲ ဖြစ်တယ် လို့ ကျောင်းသားတပ်မတော်က ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဌေးက အခုလို ပြောပါတယ်။

“လိုင်ဇာဘက်မှာ လက်နက်ကြီးနဲ့ပစ်တယ်။ ခါယာဘက်မှာတော့ တိုက်ပွဲဖြစ်နေတယ်။ ရပ်တယ်ဆိုတာက - လဂျားယန်ကို သူတို့က အပိုင်သိမ်းလိုက်တာကိုး။ အပိုင်သိမ်းလိုက်တဲ့အချိန်မှာ ကျနော်တို့တွေ အကုန်ဆုတ်တယ်။ ဆုတ်လိုက်တဲ့အချိန်မှာ လဂျားယန်ရွာ ကွက်ကွက်ကလေး မှာတော့ တိုက်ပွဲရပ်သွားတာပေါ့နော်။ ဒါပေမဲ့ နောက်ရက် (အပစ်ရပ်ဖို့) ကြေညာပြီးတဲ့အချိန်မှာပဲ  လဝါယန်ဘက်မှာ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တယ်။ ပြီးတော့ ခုနက ပြောတဲ့ ခါယာဘွမ်ကို မရ ရအောင် တက်ထိုးနေတယ်။သူတို့စာထဲမှာက လဂျားယန်ဒေသလို့ပဲ ပါတာလေ။ ကျန်တဲ့ ခါယာတို့၊ လိုင်ဇာတို့ မပါဘူး။ လဂျားယန်ဒေသမှာ အပစ်အခတ်ရပ်စဲတာဖြစ်တယ်လို့ ပြောတာကိုး။ ပြောတော့ ကျန်တဲ့ဒေသတွေမှာ ဆက်ထိုးမယ်ဆိုတဲ့ သဘောကတော့ ရှင်းရှင်းလေးပါပဲ။”

NDF ခေါ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဒေါ်ဘောက်ဂျာကတော့ အစိုးရဘက်က ကြေညာလိုက်တဲ့ အပစ်အခတ်ရပ်စဲရေးအပေါ်မှာ အခုလို ဝေဖန်ထားပါတယ်။

“သမ္မတအနေနဲ့ အပစ်အခတ်ရပ်စဲဖို့  ပြောတာလည်း အကြိမ်ကြိမ်ဖြစ်နေပြီ။ တခါမှလည်း မမှန်ကန်ဘူး။ ပြေးစရာလမ်းလည်းမရှိ၊ စားစရာ အစားအသောက်လည်းမရှိ၊ တော်တော်လေး ဒုက္ခရောက်နေတာ။ အဲဒီတော့ အစိုးရစစ်တယ်ဆိုရင် ဒါတွေကို ကိုယ်ချင်းစာပြီးတော့ ရှက်တတ်ဖို့ လိုအပ်တယ်လို့ ပြောချင်တာပေါ့နော်။”

ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြန်လည်စတင်တာကတော့ တစ်နှစ်ခွဲကျော်လာပြီဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေအတွင်းမှာတော့ ကချင်ပြည်သူ တသိန်းကျော်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး အရင်နှစ်ကုန်ပိုင်းက စပြီး တိုက်ပွဲတွေပြင်းထန်လာချိန်မှာတော့ KIA  ထိန်းချုပ်ရာနယ်စပ်ဒေသက ဒုကသည် ၆ သောင်း လောက်ဟာ တရုတ်ပြည်ကလည်း လက်မခံတာကြောင့် ပြေးစရာမြေမရှိဖြစ်နေကြရပါတယ်ခင်ဗျား။

Wednesday, January 16, 2013

အရှေ့တောင်အာရှ၏ အမြင့်ဆုံးဆီးနှင်းဖုံးတောင်နှင့် မြန်မာနိုင်ငံ၏ အကြီးဆုံး ဥယျာဉ် ခါကာဘိုရာဇီ။

ဥယျာဉ် ၊ ဘေးမဲ့တောနှင့် သဘာဝနယ်မြေများကို ပျက်စီးမှုလျော့နည်းအောင် ထိန်းသိမ်းစောင့်ရှောက် သော လုပ်ငန်းသည် များစွာအရေးပါလှသည်။ ထို့ပြင်ပျက်စီးမှုမရှိအောင် ထိန်းသိမ်းထားနိုင်မှသာ သစ်တောများ၊ ရှားပါးဆေးဖက်ဝင်အပင်များနှင့် တောတောင်များကို အမှီပြုပြီးနေထိုင်သော တောရိုင်း တိရိစ္ဆာန်များကိုထိန်းသိမ်းထားနိုင်မည်။ သစ်တောဂေဟစနစ်များကို လေ့လာနိုင်မည်ဖြစ်သည်။ သစ်တောများသည် ရာသီဥတုပြောင်းလဲမှု ၊လေထုညစ်ညမ်းမှုများကို ကာကွယ်ပေးနိုင်မည့် သဘာဝအတားအဆီးများ အဖြစ်လည်း အကျိုးသက်ရောက်လျက်ရှိပေသည်။ မြန်မာနိုင်ငံရှိ ဥယျာဉ်၊ဘေးမဲ့တော များအနက် မြန်မာနိုင်ငံ၏ အကြီးဆုံး ဥယျာဉ်နှင့် အမြင့်ဆုံးတောင်ဖြစ်သည့် ခါကာဘိုရာဇီ အမျိုးသာဥ ယျာဉ်အ ကြောင်းကို ရေးသားဖော်ပြလိုက်ပါသည်။

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ကို ၁၉၉၆ ခုနှစ်တွင် သစ်တောထိန်းသိမ်းရေးနယ်မြေအမဖြစ် ပထမဆုံး တည်ထောင်ခဲ့ပြီး ၁၉၉၈ခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ် ကြေငြာခဲ့သည်။ ယခုအခါ အာဆီယံအမွေအနှစ်ဆိုင်ရာ ဥယျာဉ်အဖြစ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။
ယင်ဥယျာဉ်သည် မြန်မာနိုင်ငံမြောက်ဘက်စွန်းရှိ ကချင်ပြည်နယ်ပူတာအိုခရိုင် နောင်မွန်မြို့နယ်တွင် တည်ရှိပြီး ဧရိယာ ၁၄၇၂ စတုရန်းမိုင်ကျယ်ဝန်းသည်။ ခါကာဘိုရာဇီတောင်သည် အမြင့်ပေ ၁၉၀၀၀၀ ကျော်ရှိပြီးမြန်မာနိုင်ငံတွင် အကြီးဆုံးသဘာဝဥယျာဉ်ဖြစ်ပြီး တောင်တန်းများ ၊ရေတံခွန်များ ၊ရေစီးသန်သော စမ်းချောင်းများနှင့် ဖွဲ့စည်းတည်ရှိသည်။နိုင်ငံ၏ အရေးပါဆုံး ဧရာဝတီမြစ်၏မြစ်ဖျားခံရာ ဒေသတစ်ခုလဲဖြစ်သည်။ခါကာဘိုရာဇီအမျိုးသားဥယျာဉ်သည် ရှားပါးတိရိစ္ဆာန်များဖြစ်သော သားမင်း၊ဒရယ်၊ချေ ၊ ဆတ်တို့နှင့် သားရဲတိရိစ္ဆာန်မျိုးစိတ် အမြောက်အများတို့အပြင် ရှားပါးငှက်များ ၊ရှားပါးအနက်ရောင်သစ်ခွများ ၊ ရှီးပတီးနှင့် ဆေးဖက်ဝင် သစ်မြစ် ၊သစ်ဥများကိုထိန်းသိမ်းကာကွယ်ထားပြီး အမြဲစိမ်းတော၊ ရွက်ပြတ်ရောနှောတော တော်ပေါ်ထင်းရှုးတော ဂေဟစနစ်များကိုလည်း ထိန်းသိမ်းထားသည်။

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်သည် နို့တိုက်သတ္တ၀ါမျိုးစိတ် ၄၂ ၊ ငှက်မျိုးစိတ် ၃၇၀ ၊ တွားသွားသတ္တ၀ါ နှင့်ကုန်းနေရေနေ သတ္တ၀ါမျိုးစိတ် ၈၀ ၊ လိပ်ပြာမျိုးစိတ် ၃၆၀ ၊ သစ်ပင်မျိုးစိတ် ၂၉၇ နှင့် သစ်ခွမျိုးစိတ် ၁၀၆ တို့၏နေရင်းဒေသလည်းဖြစ်သည်။ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ပြတိုက်ရှိ ဥယျာဉ်တစ်ခုတွင် အနက်ရောင်သစ်ခွများကို စနစ်တကျ စိုက်ပျိုးထားသည်။
အဆိုပါ ဥယျာဉ်သည် ရုက္ခဗေဒ၊ ဘူမိဗေဒ ၊ သတ္တဗေဒ နှင့်ပထ၀ီဝင်ကျောင်း သားများအတွက် ကွင်းဆင်းလေ့လာရန် အကောင်းဆုံးပြတိုက်ဖြစ်ပေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ် ပြည်မကြီး စီးပွားရေးနဲ့  ကူးသန်းရောင်းဝယ်ရေး ဒု-၀န်ကြီး မစ္စတာ Chen Jian နေပြည်တော်မှာလာရောက်တွေ့ဆုံ။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်ကို ရောက်၇ှိနေတဲ့ တရုတ် နိုင်ငံရဲ့ စီးပွားရေးနဲ့  ကူးသန်းရောင်းဝယ်ရေး ဒု-၀န်ကြီး မစ္စတာ Chen Jian တို့ နေပြည်တော်မှာ ဒီက နေ့ (၁၅.၁.၂၀၁၃)နေ့လည်ပိုင်းမှာ တွေ့ဆုံခဲ့တယ်လို့ အန် အယ်လ်ဒီပြောရေးဆိုခွင့်ရှိသူ ဦးအုံးကြိုင်ကပြောပါတယ်။ တရုတ် ဒု- ၀န် ကြီးနဲ့ အဖွဲ့ ဝင် ၁၄ ဦးက ဒေါ်အောင် ဆန်းစုကြည်ကို လွှတ်တော်ဝန်းအတွင်းမှာ လာရောက် တွေဆုံတာ ဖြစ်ပြီး ဆွေး နွေးတဲ့ အကြောင်းအရ အသေးစိတ်ကိုတော့တော့ နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။ ဒေါ်အောင် ဆန်းစုကြည်ဟာ ပါတီ ဥက္ကဌအနေနဲ့ တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ ဆုံတာဖြစ်ပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကိစ္စနဲ့ ပတ်သက်ပြီး ပြောဆို ဆွေးနွေးခဲ့ခြင်းရှိ မရှိ မသိရသေးဘူးလို့ လည်း ဦးအုန်းကြိုင်က ပြော ပါ တယ်။

Saturday, November 3, 2012

ရခိုင် ပဋိပက္ခ ဒုက္ခသည်များကို တိုက်ရိုက်ကူညီမည်ဟု သံတမန်များ ပြောကြား။

ရခိုင်ပြည်နယ် အတွင်း တကျော့ပြန် ဖြစ်ပွား ခဲ့သော ပဋိပက္ခများ ကြောင့် နေရပ် စွန့်ခွာ ထွက်ပြေး နေရသည့် ဒုက္ခသည် များ အတွက် လူုသားချင်း စာနာမှု အကူအညီ များကို တိုက်ရိုက် လှူတန်း သွားမည် ဖြစ်ကြောင်း ပဋိပက္ခ ဖြစ် ပွား ခဲ့မှု များကို လေ့လာရန် ရခိုင်ပြည်နယ် သို ရောက်ရှိ နေသည့် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်၊ အမေရိကန် နှင
့် Australia နိင်ငံ သံအမတ် ကြီးများက နိုဝင်ဘာ ၁ရက် နေ့တွင် ပြောကြား ခဲ့ကြောင်း ယင်းဒေသခံ များထံမှ သိရှိရသည်။

"အစိုးရ မဟုတ်တဲ့ ယုံကြည် စိတ်ချရတဲ့ သူတွေ ဆီက တစ်ဆင့် အထောက်အပံ့ ပစ္စည်းတွေကို လှူတန်းမယ်" ဟု မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ် Andrew Heyn က ကျောက်ဖြူ မြို့ရှိ လူမှု ကူညီရေး အဖွဲ့များ နှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့ကြောင်း ယင်း တွေ့ဆုံပွဲကို တက်ရောက် ခဲ့သူ ဦးလှမျိုးအောင် က ဆိုသည်။

လတ်တလော ပဋိပက္ခ ဖြစ်ပွား ခဲ့မှုကြောင်း ရခိုင်ပြည်နယ် တွင် လူပေါင်း ငါးသောင်း ရှစ်ထောင်ကျော် ခန့် စားဝတ် နေရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု အရေးပေါ် လိုအပ် နေသဖြင့် အစိုးရ မှတစ်ဆင့် လှူတန်းခြင်း မပြုတော့ဘဲ ယင်းသို့ INGO နှင့် NGO အဖွဲ့အစည်း များမှ လှူတန်း ရခြင်း ဖြစ်ကြောင်း သံအရာရှိ များက ပြောကြား ခဲ့သည်ဟု ၄င်းက ထပ်မံ ပြောကြားသည်။

သံအရာရှိ များက ယင်းသို့ INGO နှင့် NGO အဖွဲ့အစည်း များမှ တိုက်ရိုက် လှူတန်း မည်ဟု ဆိုသော်လည်း ရခိုင်ပြည်နယ် အတွင်း ဇွန်လက ဖြစ်ပွားခဲ့သော ပဋိပက္ခ များတွင် ယင်း အဖွဲ့အစည်း များက ပါဝင် ပတ်သက် သည် ဟုဆိုကာ ရခိုင်ပြည်နယ် အနှံ့ ဆန္ဒ ပြမှုများ ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွား ခဲ့သော ပဋိပက္ခ များကို လေ့လာရန် ဗြိတိန်သံအမတ်ကြီး Andrew Heyn၊ အမေရိကန် သံအမတ်ကြီး Derek Mitchell နှင့် သြစတေးလျ သံအမတ်ကြီး Ms. Bronte Moules တို့ က နိုဝင်ဘာ လ ၁ ရက်နေ့ က ရခိုင်ပြည်နယ် သို့ ရောက်ရှိ နေကြောင်း ရခိုင်ပြည်နယ်အ စိုးရ အဖွဲ့ထံမှ သိရှိရသည်။

Sunday, April 15, 2012

ကိုမင်းကိုနိုင် ဦးဆောင်သော(၈၈)သံချပ်အဖွဲအားသံလျှင်တွင် အကြမ်းဖတ်ရိုက်နှက်မှု့ဖြစ်ပွား။

သန်လျှင်NLDလူငယ်များ စီစဉ်သော သင်္ကြန်မဏ္ဍပ် သို့ ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ ပါဝင်သောသံချပ်အဖွဲ့ ကား ၀င်ရောက်ရပ်နားချိန်တွင် လူ၁၅ ယောက်ခန့်  ပါသော လူအုပ်တစုမှ အကြောင်းမဲ့ဝင်ရောက် ရိုက်နှက်မှု တခု ဧပြီလ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့ ) ညနေ ၆နာရီ၅ မိနစ်ခန့် က ဖြစ်ပွားခဲ့ပါတယ်။ ရိုက်နှက်မှုဖြစ်ဖြစ်ချင်း ကိုမင်းကိုနိုင်ပါဝင်သော ကားကို အမြန်မောင်းရန် ပြောကြားနိုင်ခဲ့မှုကြောင့် သံချပ်အဖွဲ့ ဝင်များ တစုံတရာထိခိုက်မှု မရှိခဲ့သော်လည်း ကျန်ရှိနေခဲ့သော ဒေသခံ သန်လျှင် NLD အဖွဲ့ ဝင် လူငယ်၅ ဦးထက် မနည်းမှာ တုတ်များ၊အုတ်နီခဲများဖြင့် ထုနှက်ခံရမှုကြောင့် ဒဏ်ရာများရရှိခဲ့ကြောင်းသိပါတယ်။ ထိုလူအုပ်တွင် အမျိုးသမီးတဦးပါဝင်ပြီး ကြံ့ဖွံ့ပါတီအကျီင်္ဝတ်ထားသူ တဦးကိုလည်းတွေ့ လိုက်ရကြောင်း ပြောပါတယ်။ သန်လျှင်ရဲစခန်းကို သွားရောက် အမှုဖွင့် တိုင်ကြားခဲ့တဲ့ သန်လျှင် NLD မှ ကိုညီညီဦးကတော့ အခုချိန်ကိုက်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကို ဒုတိယ ဒီပဲယင်း ဖြစ်စဉ်ကဲ့သို့ ဖြစ်မည်ကို စိုးရိမ်ကြောင်း ပြောပါတယ်။သန်လျှင်ရဲစခန်းမှလည်း ပါဝင်သူများကို လိုက်လံဖမ်းဆီးလျှက်ရှိပြီး ညနက်ပိုင်းအထိ လူ၇ဦးခန့် ဖမ်းဆီးရရှိထားကြောင်းသိရပါတယ်။ ထိုလူစုမှာ အခြားခရီးသည်တင်ကားတစီးကိုလည်း တားဆီးပြီး ခရီးသည်တဦးကို ခေါင်း ၈ ချက် ချုပ်ရသည်အထိ ရိုက်ခဲ့ကြောင်း သိရပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်မှာ ဝှက်ထားခဲ့တဲ့ ဗြိတိသျှအစိုးရပိုင် စပစ်ဖိုင်းယား(spitfire)တိုက်လေယာဉ်တွေပြန်လည်တူးဖေါ်ရန် ဦးသိန်းစိန်အစိုးရနဲ့ ဒေဗစ်ကင်မရွန်းဆွေးနွေးခဲ့။

မြန်မာနိုင်ငံကို ဂျပန်တွေဝင်လာချိန်မှာဒီလေယာဉ် တွေကို မြှုပ်ထားခဲ့တာပါ ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာနိုင်ငံက ဗြိတိသျှစစ်တပ်တွေ ဆုတ်ခွာစဉ် မြန်မာနိုင်ငံမှာ မြှုပ်ဝှက်ထားခဲ့တဲ့ ဗြိတိသျှ Spitfire တိုက်လေယဉ် အစင်း၂၀ကို မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး ပြန်လည် တူးဖေါ်ဖို့ သဘောတူခဲ့တယ်လို့ ဗြိတိသျှ အရာရှိတွေက ပြောပါတယ်။
၁၉၄၅ ခုနှစ်က မြန်မာနိုင်ငံကို ဂျပန်တွေ ဝင်လာ ချိန်မှာ ဆုတ်ခွာနေတဲ့ ဗြိတိသျှစစ်တပ်က ဂျပန်တွေ ရသွားပြီး အသုံးချမှာ ၊ ဒါမှမဟုတ် ဖျက်ဆီးလိုက် မှာကို စိုးရိမ်လို့Spitfire တိုက်လေယဉ် အစင်း ၂၀ ကို မြှုပ်ထားခဲ့တာပါ။အဲဒီလေယာဉ်တွေဟာ ဆင်တောင် မဆင်ရသေးတဲ့ လေယာဉ်တွေ ဖြစ်ပြီး အစိတ်အပိုင်း တွေကို သေတ္တာကြီးတွေနဲ့ ထည့်ပြီး မြှုပ်ထားခဲ့တာလို့ သိရပါတယ်။စစ်ပြီးလို့ဂျပန်တွေ လက်နက်ချပြီးတဲ့ နောက်မှာလဲ လေယာဉ်တွေ ဝှက်ထားခဲ့တာကို မေ့နေခဲ့ကြသလို၊ ဒီနောက်မှာလဲ မြန်မာနိုင်ငံမှာ ရာစုနှစ်တဝက်လောက် စစ်တပ် အုပ်ချုပ်မှု အောက်ကို ရောက်နေခဲ့ လို့ တူးဖေါ်ခွင့်မရခဲ့ပါဘူး။

Spitfire တိုက်လေယဉ်တွေဟာ ၁၉၄၀ ပြည့်လွန်နှစ်တွေက ဂျာမန်တိုက်လေယာဉ်တွေကို ယှဉ်ရာမှာ အနိုင်ရတဲ့ အောင်မြင်တဲ့ တိုက်လေယာဥျတွေ အဖြစ် ကျော်ကြားပြီး ဂျာမဏီကို အံတုနိုင်တဲ့ အတွက် ဗြိတိသျှတို့ရဲ့ အမျိုးသားရေး လက္ခဏာတခု ဖြစ်လာခဲ့ပါတယ်။

အခု လောလောဆယ်မှာ ပျံသန်းနိုင်လောက်အောင် အခြေအနေ ရှိနေတဲ့ Spitfire တိုက်လေယဉ် တကမ္ဘာလုံးမှာ ၃၅ စင်းလောက်ဘဲ ရှိတယ်လို့ယူဆရပါတယ်။ အခုလို လေယာဉ်တွေ  ပြန်လည်တူးဖေါ်ရေးနဲ့ နောက်ပြီး လေကြောင်း ပျံသန်းမှု သမိုင်းမှာ အရေးပါဆုံးဖြစ်တဲ့ Spitfire တိုက်လေယာဉ်တွေ ပြန်လည် တပ်ဆင်ရေး လုပ်ငန်းတွေ ဟာ မြန်မာအစိုးရနဲ့ အတူ လုပ်ကိုင် ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်း တခု ဖြစ်လိမ့်မယ်လို့ မျှော့်လင့်ကြောင်း ဗြိတိသျှ အရာရှိတဦးက ပြောပါတယ်။

ဒီကိစ္စကို ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ ဒီကိစ္စကို ထုတ်ဖေါ်ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

Thursday, April 5, 2012

အမေစု နေပြည်တော်တွင် နေအိမ်ဝယ်ယူရန် ပြင်ဆင်။

နေပြည်တော်ရှိ လူနေတိုက်တလုံးအားတွေ့ရစဉ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ဟာနေပြည်တော်
၊ဇေယျာသီရိမြို့နယ်မှာနေအိမ်တစ်လုံးဝယ်ယူဖို့စီစဉ်နေတယ်လို့ဒီချုပ်ရဲ့ကိုယ်ရေး
အရာရှိဖြစ်တဲ့ ဦးဟံသာမြင့်ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်ကို
သွားရောက်ရာမှာအဆင်ပြေချော့မွေ့စွာနေထိုင်လုပ်ကိုင်နိုင်ဖို့အတွက်ဝယ်ယူရခြင်း
ဖြစ်တယ်လို့သိရပါတယ်..ဦးဟံသာမြင့်ဟာနေအိမ်ဝယ်ယူဖို့အတွက်ဧပြီလ(၇)
ရက်နေ့မှာနေပြည်တော်ကိုသွားရောက်မယ်လို့သိရှိရပါတယ်။

Wednesday, December 28, 2011

ရန်ကုန်မြို့တွင် ကြီးမားသောပေါက်ကွဲမှု့တခုဖြစ်ပွား။

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်း ကူးတို့ဆိပ်တွင် ယခု မနက်(၂) နာရီ ခန့်တွင် ဂိုထောင် မီးလောင်သဖြင့် ဂတ်စ်အိုးများ ပေါက်သည်ဟု သတင်းရရှိပါသည်။ မင်္ဂလာတောင်ညွန့် တစ်ဝိုက်တွင် နေအိမ်တိုက်တာများ အင်အားပြင်းထန်သော လှုပ်ခတ်မှု ခံစားကြရပြီး ရပ်ကွက်နေပြည်သူအားလုံး လမ်းမများပေါ်သို့ ထွက်လာကြပြီး ငလျှင်လှုပ်သည်ဟု ထင်မှတ်ကြကြောင်း သိရသည်။ ပေါက်ကွဲသံကြီးမှာလည်း အလွန်ကြီးမားပြင်းထန်ပြီး တိုက်တာများ တုန်လှုပ်သွားသည်ကို ငလျှင်လှုပ်သကဲ့သို့ ခံစားရသည်။ မင်္ဂလာတောင်ညွန့် ရဲစခန်းမှ ဝေါ်ကီတော်ကီ သတင်းအရ စက်ဆန်း ကူးတို့ဆိပ် ဂိုထောင် မီးလောင်ကျွမ်းသည်ဟု သိရသည်။ ကြီးမားသော မီးခိုးလုံးကြီးများ ကောင်းကင်ယံသို့ ထိုးတက်လာသည်ကို မြင်ရသည်။ ပေါက်ကွဲမှု အရှိန်ကြောင့် မင်္ဂလာတောင်ညွန့် ရဲစခန်းအနီးမှ ရွှေမြယာ အိမ်ယာစီမံကိန်းရှိ အဆောက်အဦး တွင်တပ်ဆင်ထားသော ဆယ်ပေ ပတ်လည်ခန့်ရှိ မှန် များ တစ်စစီ ကွဲကျသွားသည်ဟု မျက်မြင်သက်သေများက ဆိုသည်။ ယခု (၂)နာရီ (၁၃) မိနစ် အချိန်တွင် ရရှိသော သတင်းဖြစ်ပါသည်။ ဆက်လက်ပြီး ရရှိသောသတင်းများကို တင်ပြပါဦးမည်။
ပေါက်ကွဲမှု့ဖြစ်ပွားပုံကို အဝေးမှမြင်ရစဉ်။
ထပ်မံရရှိသော သတင်းအရ နေရာတွင် ပွဲချင်းပြီး သေဆုံးသူ ၅ ဦးတွေ့ရကြောင်း သိရပြီး အသေအပျောက်နှင့် ဒဏ်ရာရသူစာရင်းကို သက်ဆိုင်ရာက အတည်ပြုချက် မရရှိသေးပေ။ အခင်ဖြစ်ပွားသည့် ကူးတို့ဆိပ်လမ်းအတွင်းသို့လည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်ဖြစ်သည့် အတွက် ၀င်ရောက်ခွင့် တားမြစ်ထားရာ မီးလောင်မှုနေရာနှင့် ပတ်ဝန်းကျင်သို့ အနီးစပ်ဆုံး ၀င်ရောက်ကြည့်ရှုနိုင်ရန် အခက်အခဲရှိနေသည်။

Monday, December 12, 2011

နောက်တယောက် ကျပြန်ပြီ။

အဝေးပြေးလမ်မပေါ်မှ ကျအပြီးတွေ့ရစဉ်။
 
စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အမျိုးသမီး တဦးဟာ ယဉ်အသွားအလာအလွန် ထူထပ်တဲ့ စင်္ကာပူနိုင်ငံရှိ မိုးပျံလမ်းတခုပေါ်မှ ခုန်ချခဲ့တာကြောင့် ဆေးရုံ တင်ထားရကြောင်း စင်္ကာပူ သတင်းစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။ သူမဟာ မိုးပျံလမ်း Kallang-Paya Lebar နှင့် the Pan-Island အဝေးပြေးလမ်း Sims လမ်းမကြီးတို့ ဆုံရာနေရာသို့ ခုန်ချခဲ့တာဖြစ်ပြီးသူမဟာ စင်္ကာပူနိုင်ငံတွင် အိမ်ပေါ်အဖြစ် အလုပ်လုပ်နေသူ တစ်ဦး ဖြစ်ကြောင်းလဲ သိရှိရပါတယ်။ အဆိုပါမိန်းကလေးဟာ ခုန်မချခင် Katong Shopping Centre ရှိ အိမ်အကူအလုပ်သမား ရှာဖွေရေး အေဂျင်စီမှ ထွက်ပြေး လာတာဖြစ်တယ်လို့သိရပါတယ်။ မျက်မြင်များ၏ ပြောပြချက်အရ သူမဟာ မိုးပျံလမ်းရဲ့ အစွန်းက ပန်းခင်းပေါ်မှာ မက်တက်ရပ်ပြီး လက်တွေကို ဆန့်တန်းကာ အောက်ကို ခုန်ချခဲ့တာလို့ သိရပါတယ်။
သူမပြုတ်ကျအပြီးမှာတက်စီမောင်းသူ တစ်ဦးမှလမ်းဘေးသို့ဖယ်ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ တာဖြစ် ပါတယ်။ ၎င်းအမျိုး သမီးဟာ ပြုတ်ကျတဲ့ အချိန်မှာ သစ်ကိုင်း တစ်ကိုင်းပေါ်ကို တစ်ဆင့်ပြုတ် ကျခဲ့တာ ကြောင့် အသက်သေလောက်အောင်အထိ ထိခိုက်ဒဏ်ရာ မရရှိနိုင်ဘူးလို့ မျက်မြင် သက်သေ တချို့က ပြောပါတယ်။  သူမဟာ အဝေးပြေးလမ်းမကြီးဘေးက ခေတ်တယာဉ်ရပ်နားရာ  နေရာပေါ်ကို ပြုတ်ကျ လာတာဖြစ်ပြီး ပြုတ်ကျတဲ့ အရှိုန်ကြောင့်ညာဖက်လက်နဲ့ဘယ်ဖက်ခြေထောက် ကျိုးသွားခဲ့ပါတယ်။ Tan Tock Seng ဆေးရုံကို သယ်ဆောင်သွားတဲ့အချိန်မှာ သူမဟာ ဝေဒနာများ ခံစားနေရသော်လည်း သတိတော့ကောင်းစွာ ရနေခဲ့ပါတယ်။ သူမကိုအခု အရေးပေါ်ဆောင်မှာ ထားရှိပြီး လုံးဝလှုပ် ရှားခွင့် ပေးမထားဘူးလို့ သိရပါတယ်။
သူမဟာအဲဒီလို မလုပ်ခင်မှာ သူ့ကိုယ်သူ အဆုံးစီရင်ချင်တယ်ဆိုတဲ့ အကြောင်းကို တစ်ခြား အိမ်အကူ အမျိုးသမီးတွေကို ပြောပြခဲ့ တယ်လို့သိရပါတယ်။ ဘာကြောင့်ဒီ လိုဆန္ဒရှိနေတယ် ဆိုတာကိုတော့ မပြောခဲ့ဘူးလို့ သိရပါတယ်။  မြန်မာမိန်းခလေး အများစုဟာ စင်္ကာပူနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့ မြန်မာနိုင်ငံအတွင်းမှာ အင်္ဂလိပ်စကားပြောနဲ့ အဆင့်မြင့် အသက်မွေးဝမ်းကြောင်းပညာတွေကို အချိန်နဲ့ ငွေတွေရင်းနှီးပြီး သင်ကြားလာခဲ့ပေမဲ့ တရားဝင်နိုင်ငံခြား အလုပ်အကိုင်ရှာဖွေရေး အေးဂျင်စီတချို့ရဲ့ မမှန်ကန်တဲ့ သွေးဆောင်ဖျားယောင်မှု့ကြောင့် စင်္ကပူနိုင်ငံကို ရောက်ရှိလာကြတဲ့အခါမှာ မိမိတို့ကို ပြောထားတာနဲ့ လက်တွေ စင်္ကပူနိုင်ငံမှာ လုပ်ကိုင်ရတဲ့ အလုပ်တွေဟာ တက်တက်ဆင် လွဲနေကြပေမဲ့ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ မိသားစုတွေကို အသိမပေးဘဲ မျိုးသိပ်ထားကြပြီး နောက်ဆုံး မခံမရပ်နိုင်အောင် ဖြစ်လာတဲ့အခါမှသာ အခုလို မိမိကိုယ်မိမိ သေးကြောင်းကြံစဉ်တဲ့ အထိ လုပ်ရပ်တွေကို လုပ်ကိုင်တတ်ကြတယ်လို့ သိရပါတယ်။

စင်္ကာပူနိုင်ငံမှာ မြန်မာမိန်းကလေးများ အမြင့်မှ ခုန်ချပြီး သေကြောင်းကြံမှုဟာ အစဉ်အလာ တစ်ခုလို ဖြစ်လာနေပြီး မခိုင်သင်ဇာ နှင့် မယဉ်ငြိမ်းပွင့် ပြီးလျှင် ယခုမိန်းကလေးမှာ တတိယမြောက်ဖြစ်ပါတယ်။

Sunday, November 13, 2011

နာရေးကူညီမှု့အသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူနှင့်ဇနီးအားဧမာနွေလဘုရားရှိခိုကျောင်းမှဂုဏ်ပြုဆုအပ်နှင်း။

ဂုဏ်ပြုဆုအဆောင်အယောင်များဝတ်ဆင်ထားသောဦးကျော်သူနှင့်ဇနီးဒေါ်မြင့်မြင့်ခင်ဖေ။ ဓါတ်ပုံ(ဒီမိုဝေယံ)
နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူနှင့်ဇနီး မမြင့်မြင့်ခင်ဖေတို့အား ဧမာနွေလ နှစ်ခြင်း ခရစ်ယာန် ဘုရား ရှိခိုးကျောင်းမှ( Doctor of Humane Social Services) ဆုချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဒုလပန်းခြံလမ်း ဆူးလေစေတီတော်နှင့် ရန်ကုန်မြို့တော်ခန်းမ အနီးရှိ ဧမာနွေလ နှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူနှင့်ဇနီး မမြင့်မြင့်ခင်ဖေတို့အား လူမှုရေးဆိုင်ရာ ဒေါက်တာဘွဲ့ (Doctor of Humane Social Services) ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်..။ အဆိုပါ အခမ်းအနားအား ယနေ့(၁၃.၁၁.၂၀၁၁)ညနေ ၄နာရီမှ ညနေ(၆)နာရီအထိ အဆိုပါ ဘုရားရှိခိုးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်း သံဃာတော်များ သိက္ခာထပ်ပွဲ ကျင်းပ ။

အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော် ၁၂ ပါးအတွက် သိက္ခာထပ်၊ သိမ်တက် မင်္ဂလာပြုပွဲ အခမ်းအနားကို ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မကွေးပရိယတ္တိစာသင်တိုက် မှာ ဒီကနေ့ နိုဝင်ဘာလ ၁၂ ရက် မနက် ၉ နာရီက ကျင်းပရာမှာ ပရိသတ် တထောင်နီးပါး တက်ရောက်တယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော်များအား သိမ်ထပ်မင်္ဂလာ ပြုလုပ်သော အခမ်းအနားနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်အား သူရသတ္တိရွှေတံဆိပ်ဆု ချီးမြှင့်သည့် အခမ်းအနားကို ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ဒဂုံမြို့သစ်အရှေ့ပိုင်း မကွေး ပရိယတ္တိ စာသင်တိုက်တွင် ကျင်းပစဉ်။
ဒီအခမ်းအနားနဲ့ ပတ်သက်ပြီး ပွဲစီစဉ်သူတဦးဖြစ်တဲ့ ဒေါ်နော်အုံးလှက အခုလို ပြောပြပါတယ်။

“မနက် ၉ နာရီခွဲကျော်မှာ သိမ်ဆင်းလောင်းပြီးတော့ ၁ဝ နာရီကျော်မှာ အခမ်းအနား စပါတယ်။ အခမ်းအနားဖွင့်၊ ငါးပါးသီလ ခံယူ၊ ပရိတ်တရားနာပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေ အတွက်၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးအတွက် ဆုတောင်းပွဲ လုပ်ပါတယ်”

သိက္ခာထပ်ခံ ရဟန်းတော်တွေထဲမှာ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်း အဖမ်းခံခဲ့ရတဲ့ သံဃာတော်တွေနဲ့ ၁၉၉ဝ သပိတ်မှောက် ကံဆောင်ပွဲမှာ ပါဝင်ခဲ့တဲ့ သက်တော် ၉၆ နှစ်ရှိ ရွှေဘုံးပွင့်ဘုရားကျောင်း ဆရာတော် ဦးသြဘာသနဲ့ ဦးဝိစိတ္တ တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။ အဲ့ဒီ အခမ်းအနားမှာပဲ အကျဉ်းကျနေဆဲ နိုင်ငံရေးအကျဉ်းသားတွေ မိသားစု ၄၃ စုအတွက် စာအုပ်စာတမ်း၊ အင်္ကျီနဲ့ တခြားပစ္စည်းတွေ လှူဒါန်းတဲ့ပွဲကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ အခမ်းအနားမှာ မကွေး ပရိယတ္တိ စာသင်တိုက်ဆရာတော် ဦးပါမောက္ခက ရွှေတကျပ်သားနဲ့ ထုလုပ်ထားတဲ့ ခွပ်ဒေါင်းပုံပါ “သူရသတ္တိဆု” တံဆိပ်ကို NLD ခေါင်းဆောင် ဦးဝင်းတင်ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ဦးဝင်းတင်ဟာ ၁၉၈၈ အရေးတော်ပုံ ကာလက စပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မဆုတ်မနစ် အားသွန်ဆောင်ရွက်ခဲ့ပြီး ကိုယ်တိုင်လည်း နှစ်ရှည် ထောင်ဒဏ် ကျခံခဲ့ရတဲ့အပြင် ထောင်က လွတ်မြောက်လာချိန်မှာလည်း NLD အဖွဲ့ချုပ်မှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တာဝန်တွေကို ဆက်လက်ဆောင်ရွက်နေကြောင်း၊ အဲဒီလို စွဲစွဲမြဲမြဲ သတ္တိရှိရှိ လုပ်တဲ့အတွက် အခုလို “သူရသတ္တိဆု” ကို ချီးမြှင့်တာဖြစ်ကြောင်း စာသင်တိုက်ဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။

အစီအစဉ် နောက်ဆုံးအနေနဲ့ ဆရာတော် ဦးပါမောက္ခက အနုမောဒနာ တရားချီးမြှင့်ပြီး သိက္ခာထပ် သိမ်တက်မင်္ဂလာပြုပွဲကို နေ့လည် ၁၂ နာရီမှာ ရုတ်သိမ်းခဲ့ပါတယ်။ ဒီအခမ်းအနားကို နိုင်ငံရေး အကျဉ်းသား မိသားစုတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ မျိုးဆက်ဟောင်း မျိုးဆက်သစ် ကျောင်းသားတွေ အပါအဝင် အလွှာအသီးသီးက နိုင်ငံရေး အင်အားစုတွေ တက်ရောက်တယ်လို့ သိရပါတယ်။

ဒီနေ့ကျင်းပတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း သံဃာတော်များ သိက္ခာထပ်ပွဲနဲ့ ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

Wednesday, November 2, 2011

အမေရိကန် သံ နှစ်ဦး နှင့် ဒေါ်စု တစ်ချိန် တည်း တွေ့မည်။

အမေရိကန် အစိုးရ ဒီ...မိုကရေစီ ၊ လူ့  အခွင့်အရေး နဲ့  အလုပ်သမား ရေးရာ လက်ထောက် ၀န်ကြီးမိုက်ကယ် ပို့စ်နာ နဲ့  မြန်မာ နိုင်ငံ ဆိုင်ရာ ညှိုနှိုင်းရေမှုး နဲ့  အထူး အကြံပေး ပုဂ္ဂိုလ် ဒဲရက်(ခ)မစ်ချလ် တို့  ကို မြန်မာ့ ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က နိုဝင်ဘာလ ၃ ရက်နေ့ မှာ တစ်ချိန် တည်း လက်ခံ တွေ့ ဆုံ မှာ ဖြစ်ပါတယ်။
မိုက်ကယ် ပို့ စနာ ဟာ ဒီနေ့  မြန်မာ ပြည် ကို ရောက် ရှိလာပြီး မနက်ဖြန် မှာ ရောက်ရှိလာမယ့်ဒဲရက်(ခ)မစ် ချလ်နဲ့ အတူ မြန်မာ အစိုး ရ တာဝန် ရှိ သူ တွေ နဲ့  ဆုံ တွေ့ မှာ ဖြစ်ပါတယ်။နိုဝင်ဘာလ ၄ ရက်နေ့ မှာ တော့ သူ တို့  ဟာ မြန်မာ နိုင်ငံ က ပြန်လည် ထွက် ခွာ မှာ ဖြစ်ပါတယ်။အမေရိကန် အစိုးရ ရဲ့  အထူး သံ ဒဲရက်(ခ) မစ်ချလ် ဟာ မြန်မာ ပြည်ကို နှစ်လ အတွင်း ၃ ကြိမ်မြောက်လာရောက် သူ ဖြစ်ပါတယ်။

ရေဘေးသင့် မြန်မာ အလုပ်သမားများ အတွက် နေထိုင်ခွင့် စာရွက်များ လုပ်ပေးနေ။

ထိုင်းအလုပ်သမား ၀န်ကြီးဌာန ဒုဝန်ကြီး ဖဒွန်ချိုင် စစုမ်စပ်နှင့် မြန်မာသံရုံးမှ သံမှူး ဦးနိုင်ထွန်းတို့ ဦးဆောင်ပြီး ရေဘေးသင့် ရွှေ့ပြောင်း မြန်မာ အလုပ်သမားများအတွက် ယာယီ နေထိုင်ခွင့် စာရွက်စာတမ်းများကို ကယ်ဆယ်ရေး စခန်းထဲတွင် လုပ်ပေးနေသည်ဟု သိရသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ (၁၀၀)ခန့် အကွာတွင် ရှိသော Watrakhing Phraarramluang ၀တ်ရိတ်ခင် ဘုန်းတော်ကြီးကျောင်း အတွင်း ဖွင့်လှစ်ထားသော ယာယီကယ်ဆယ်ရေး စခန်းတွင် လာရောက် ခိုလှုံနေသည့် ရေဘေးသင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းရဲနှင့် လူဝင်မှု ကြီးကြပ်ရေး (လ၀က) အဖွဲ့များက ဖမ်းဆီးခြင်း မပြုနိုင်ရန် ထိုင်းအလုပ်သမား ၀န်ကြီးဌာနနှင့် မြန်မာသံရုံးတို့က စီစဉ်ပေးကြခြင်း ဖြစ်သည်။

မြန်မာသံမှူး ဦးနိုင်ထွန်းက “ရေဘေးကြောင့် ယာယီပတ်စ်ပို့ ပျောက်ဆုံးတာတွေ၊ နေထိုင်ခွင့် စာရွက် စာတမ်းနဲ့ ဘတ်ရှိသူတွေကို ဒီကယ်ဆယ်ရေး စခန်းထဲမှာပဲ ယာယီပတ်စ်ပို့ လုပ်ပေးမယ်။ တပြိုင်တည်းမှာပဲ ထိုင်းအစိုးရက work permit ပါ လုပ်ပေးမယ်။ ဘာစာရွက် စာတမ်းမှ မရှိတဲ့ အလုပ်သမားတွေကိုတော့ ယာယီ ခရီးသွားလာခွင့် လုပ်ပေး ထားတယ်’’ဟု ပြောသည်။

အဆိုပါ ကယ်ဆယ်ရေး စခန်းတွင် ထိုင်းနိုင်ငံ အတွင်းရှိ ရေဘေးသင့် နေရာဒေသ ပေါင်းစုံမှ မြန်မာ အလုပ်သမားပေါင်း (၃၆၄)ယောက် ရှိသည်ဟု သိရသည်။

ထိုင်းအလုပ်သမား ဒုဝန်ကြီး ဖဒွန်ချိုင် စစုမ်စပ်က “ဒီစခန်း အထဲကို ဘယ်နေရာကမဆို လာနိုင်ပါတယ်။ ကောင်းကောင်း မွန်မွန် ကျွေးမွေး စောင့်ရှောက် ထားပါတယ်။ ဆေးခန်းလည်း ဖွင့်လှစ် ထားပါတယ်။ မြန်မာအစိုးရနဲ့ ပူးပေါင်းပြီးတော့ အလုပ်သမားတွေအတွက် အကောင်းဆုံး ဖြစ်အောင် စီစဉ်ပေးနေပါတယ်”ဟု ပြောသည်။

စခန်းတွင်း လာရောက် ခိုလှုံနေသည့် မြန်မာ အလုပ်သမားများ ကလည်း နားခိုနေသည့် ဘုန်းတော်ကြီးကျောင်း ခြံဝင်းနှင့် ၎င်းရပ်ကွက် အတွင်းရှိ အနိမ့်ပိုင်း နေရာများတွင် သဲအိတ်များဖြင့် တမံဆည် ဖို့ခြင်းများကို နေ့စဉ် လုပ်အားပေးလျှက် ရှိကြသည်။

Monday, October 17, 2011

မြန်မာ နှင့် မလေးရှား အကျဉ်းသားချင်း လဲလှယ်မည်။

မလေးရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူများ၊ (အကျဉ်းသား) လဲလှယ်ရေး အစီအစဉ်ကို စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း မလေးရှားပြည်ထဲရေး မှ ပြောဆိုပါသည်။ ပြည်ထဲရေးဝန်ကြီး Hishammuddin Hussein က မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် နှင့် လွှတ်တော်တွင် ယနေ့ (၁၇.၁၀.၂၀၁၁) တွင် ဆွေးနွေးခဲ့သည် ဟု ပြောဆိုပါသည်။

နိုင်ငံနှစ်ခုကြား အလုပ်အမှုဆောင်ကော်မတီ တစ်ခုအသစ်ဖွဲ့စည်း ပြီး ယခုကိစ္စကိုဆောင်ရွက်မှာဖြစ်ပြီး၊ နယ်စပ် ဖြတ်ကျော်ခြင်းကိုလည်း ထိန်းချုပ်သွားမည်ဖြစ်ကြောင်းပြောပါသည်။

မလေးရှားပြည်ထဲရေးဝန်ကြီးက မလေးရှားနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဖမ်းဆီး ထားသော မြန် မာနိုင်ငံသား ခန့်မှန်းခြေ ၁၀၀၀ ခန့်ရှိကြောင်း၊ ထို့သို လဲလှယ်ခြင်းကြောင့် ထောင်များ၊ ထိန်းသိမ်းရေးစခန်းများတွင် အကျဉ်းသားများ စုပြုံနေခြင်းမှ သက်သာသွားမည်ဖြစ်သည်ဟု ၎င်းကဆက်၍ ပြောပါသည်။

ပြည်ထဲရေးဝန်ကြီးက ဆက်လက်၍ ယခုကဲ့သို့ မလေးအကျဉ်းထောင်များတွင် တရားမ၀င်နိုင်ငံခြားသား အကျဉ်းသားများ အဆမတန်များပြားလာမှုကို လျှော့ချရန်ယခင်ကဆောင်ရွက်ခဲ့သော်လည်း၊ လူ့အခွင့် အရေး အဖွဲ့များမှ ဖိအားပေးရှုံ့ချမှုများရှိခဲ့ပြီး ထို့သို့အကျဉ်းသားများ စုပြုံနေခြင်းကိုလည်း လူ့အခွင့်အရေးအဖွဲ့များမှ ထောက်ပြခဲ့ကြသည်။

သို့သော်အကျဉ်းသားအရေအတွက်ကိုမခန့်မှန်းနိုင်သေးကြောင်း၊ မလေးရှား တွင်ဖမ်းဆီးခံထားရသူများမှာ ကြီးမားသောရာဇ၀တ်မှုများမဟုတ်ဘဲ၊ တရားဝင်စာရွက် စာတမ်းမ ရှိဘဲ နေထိုင် သူများ၊ ပတ်စပို့သက်တမ်းကုန်လွန်ပြီး သက်တမ်းမတိုးသူများ စသူတို့များကြောင်း သူကဖြည့်စွက်ပြောဆိုပါသည်။ ထိုသို့သော လဲလှယ်မှုမျိုးကို အင်ဒိုနီးရှား နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့်လည်း စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သတင်းရရှိသည်။

လွန်ခဲ့သောလကပြီးဆုံးခဲ့သောမလေးရှားလူဝင်မှုကြီးကြပ်ရေး၏ 6P လက်ဗွေနှိပ်စီမံကိန်း တွင် မြန်မာနိုင်ငံ သားများအပါအ၀င် အခြားနိုင်ငံသား ခန့်မှန်းခြေ ၂.၃ သန်းခန့် လက်ဗွေနှိပ် မှတ်ပုံတင်ခဲ့ကြသည်။

ပြည်ထဲရေးဝန်ကြီး Hishmmuddin က ယခုအစီအစဉ်နှင့်ပတ်သက်၍နောက်ထပ်အသေးစိတ် လုပ်ဆောင်ရန် တို့ကို ရှေ့အပတ်ကော်မတီအစည်းအဝေးတွင် သေးစိတ် တင်ပြဆွေးနွေးသွားမည် ဟုပြောကြားသည်။ ယခုကဲ့သို့ အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကို သြစတြေးအစိုးရ နှင့်လည်းဆောင်ရွက်လျက်ရှိပြီး  နှစ်နိုင်ငံ သဘောတူညီချက်အရ ဒုက္ခသည်လဲလှယ်ရေး အစီအစဉ်မှာ သြစတြေးလျအစိုးရအစိုးရမှ ရပ်တန့်ထားခဲ့ရာ ယနေ့အချိန်အထိဖြစ်ကြောင်း သိရပါသည်။

Thursday, October 13, 2011

ဒေါ်အောင်ဆန်းစုကြည် ငါးရက်ကြာ တရားစခန်းဝင်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ (၁၂) ရက်နေ့ကစပြီး (၁၇) ရက်နေ့ထိ နေအိမ်မှာ တရားအားထုတ်ဖို့ စီစဉ် ထားတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က အာအက်ဖ်အေကို ပြောပါတယ်။
ငါးရက်အတွင်း ပုံမှန်အလုပ်တွေကို ရပ်နားထားမယ် ဆိုပေမဲ့ ဒီကနေ့ကျင်းပတဲ့ အန်အယ်လ်ဒီရဲ့ သက်ကြီး ပူဇော်ပွဲနဲ့ ရခိုင် အမျိုးသားနေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ လေးနက်တဲ့ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ပြီး၊ ဘ၀မှာ ခက်ခဲ ကြမ်းတမ်းတဲ့ အရာတွေကို ကျော်ဖြတ်တဲ့ နေရာမှာ ဗုဒ္ဓရဲ့လမ်းညွန်ချက်တွေ အတိုင်း ကျင့်ကြံခဲ့တယ်လို့ နိုင်ငံတကာ ဟောပြောပွဲ တစ်ခုမှာ ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

Tuesday, October 11, 2011

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအားလုံး အမြန်ဆုံး လွတ်စေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြုတောင်းဆို။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအားလုံး အမြန်ဆုံးလွတ်စေ ချင်ကြောင်း မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် ကဆန္ဒပြု တောင်းဆိုလိုက်သည်။

ယနေ့တွင်လွတ်မြောက်လာသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က  " အန်တီတို့ရတဲ့သတင်းအရတော့ ၁၀၀ လောက်ရှိလာပြီ၊ အခုထိစာရင်း အရပေါ့ ၊ အားလုံးတော့မပြည့်စုံသေးဘူး၊ ဆက်ဆက် ဆက်ဆက်ပြီးတော့ လွှတ်မယ်လို့တော့ အန်တီတို့ မျှော်လင့်ထားတာပဲ။ အန်တီပြောသလိုပဲ တစ်ယောက်လွတ်တာကို တန်ဖိုးဖြတ်လို့မရဘူး။ လူတိုင်းလူတိုင်းရဲ့လွတ်လပ်မှုက တန်ဖိုးဖြတ်လို့မရဘူး။ ပိုပြီးတော့လွှတ်လေ တိုင်းပြည်အတွက်ကောင်းလေပဲ။ နိုင်ငံရေးအကျဉ်းသားများ လွတ်တာဆိုတာကတော့ တစ်ယောက်ချင်းလွတ်ရင်လည်း ကျေးဇူးတင်တယ်၊၀မ်းသာတယ်၊ ဒါပေမယ့် အားလုံးလွတ်စေချင်တယ်၊ အမြန်ဆုံးလွတ်စေချင်တယ်" ဟု သတင်းထောက်များသို့ ယနေ့နံနက် ၁၁ နာရီ မိနစ် ၄၀ တွင်ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ယနေ့နက် ၁၁ နာရီ ၅ မိနစ်တွင် ကျင်းပသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပထမအကြိမ် ဂါရ၀ပြု ကန်တော့ပွဲအခမ်းအနားအပြီးတွင် ယင်းကဲသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပထမအကြိမ် ဂါရ၀ပြု ကန်တော့ပွဲ အခမ်းအနားသို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ၏ မိသားစုဝင်များ၊ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူများ၊ ထောက်ခံသူများ ၁၀၀၀ ၀န်းကျင် တက်ရောက်ခဲ့သည်ကို တွေ့ရပြီး၎င်းတို့က အဆိုပါအခမ်းအနားတွင် NLD ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦး၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်နှင့် NLD ပါတီ၏ အထွေထွေအတွင်းရေးမှုး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့အား ဂါရ၀ပြုကန်တော့ခဲ့ကြသည်။

Monday, October 10, 2011

Generation Wave(GW) အကြောင်း တရားဝင်ရေးသားခွင့်ရပြီ။

လွတ်တော်တွင်ပြဌာန်းခဲ့သော အစိုးရနှင့်ချုပ်ဆိုထားသော စာချုပ်များနှင့်ပဋိညာဉ်များ ပျက်ပြယ်မှုဆိုင်ရာ အခြေခံအချက်များ။

ထိုအချက်များတွင်
“ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီ မြန်မာအစိုးရနှင့်အခြားနိုင်ငံအစိုးရတို့ချုပ်ဆိုခဲ့သောစာချုပ် အရ ပေါ် ထွက်လာသော တရာမျှတ သည့် တာဝန်များ ပဋိညာဉ်များကိုအခြားနိုင်ငံက လေးစားပါက မြန်မာ ကလည်း လေးစားမည်ဟုအစချီဖေါ်ပြထားပြီး ပဋိညာဉ်ဥပဒေအရ ပဋိညာဉ်ပျက်ပြယ်စေနိုင်သည့် အချက်မှာ၁၄ချက်”  ဖြစ် ပါတယ်။
အခြားသော ပဋိညာဉ်ဆိုင်ရာပြဌာန်းအချက် အချို့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ထည့်သွင်း ထားကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သိရသည်။
ပဋိညာဉ်ဥပဒေအရ ပဋိညာဉ်ပျက်ပြယ်စေနိုင်သည့် အချက် ၁၄ ချက်မှာ အောက်ပါအ တိုင်းဖြစ် ပါ တယ်။

  1.  ပဋိညာဉ်ပြုပိုင်ခွင့် အရည်အချင်းမရှိသူတို့က ပြုလုပ်သော သဘောတူညီချက်များ
  2. သဘောတူညီကြသူများက သဘောတူညီချက်၏ အဓိကဖြစ်သော အကြောင်းအရာနှင့်ပတ်သက်၍ မှားယွင်းလျှက်ပြုလုပ်သော သဘောတူညီချက်များနှင့် မြန်မာနိုင်ငံအတွင်း အာဏာမတည်သော ဥပဒေနှင့်ပတ်သက်၍ မှားယွင်းလျှက်ပြုလုပ်သော သဘောတူညီချက်များ
  3. တရားဥပဒေနှင့်မညီသော အဖိုးစားနား သို့မဟုတ် ရည်ရွယ်ရင်းအကြောင်းအတွက် ပြုလုပ်သော သဘောတူညီချက်များ
  4. တရားဥပဒေနှင့်မညီသော အဖိုးစားနား၏ အစိတ်အပိုင်း သို့မဟုတ် ရည်ရွယ်ရင်းအကြောင်း၏ အစိတ်အပိုင်းအတွက် ပြုလုပ်သော သဘောတူညီချက်များ
  5. အဖိုးစားနားမပါရှိသော သဘောတူညီချက်များ
  6. ထိမ်းမြားလက်ထပ်ခြင်းကို တားမြစ်ချုပ်ခြယ်သော သဘောတူညီချက်များ
  7. ကူးသန်းရောင်းဝယ် အသက်မွေးဝမ်းကျောင်းမှုကို တားမြစ်ချုပ်ခြယ်သော သဘောတူညီချက်များ
  8. တရားစွဲဆိုခြင်းကို တားမြစ်ချုပ်ခြယ်သော သဘောတူညီချက်များ
  9. အဓိပ္ပာယ်တိကျ သေချာမှုမရှိသော သို့မဟုတ် တိကျသေချာအောင် မလုပ်နိုင်သော သဘောတူညီချက်များ
  10. လောင်းကစားနည်းဖြင့် ပြုလုပ်သော သဘောတူညီချက်များ
  11. မရေရာသော အနာဂတ်ဖြစ်ရပ်တစ်ခုအပေါ်တည်သော သဘောတူညီချက်၊ ထိုဖြစ်ရပ် မဖြစ်နိုင်တော့သောအခြေအနေ ရောက်သောအခါ ပျက်ပြယ်ခြင်း
  12. မဖြစ်နိုင်သော ပြုမူမှုတစ်ခု ပြုလုပ်ရန် သဘောတူညီချက်များ
  13. နောင်အခါတွင် မဖြစ်နိုင်သော သို့မဟုတ် တရားဥပဒေနှင့်မညီသော အခြေသို့ ဆိုက်ရောက်လာသော ပြုမူမှုကို ပြုလုပ်ရန် သဘောတူညီချက်များ
  14. တရားဥပဒေနှင့်ညီသော အလုပ်တစ်ခုကို ပထမပြုလုပ်ရန်နှင့် တရားဥပဒေနှင့်မညီသော အလုပ်ကို ဒုတိယပြုလုပ်ရန် အပြန်အလှန်ကတိများ ပြုရာတွင် ဒုတိယကတိမှာ ပျက်ပြယ်ခြင်း ။ 
အထက်ပါသတင်းအား ယခုတစ်ပတ်ထုတ် Weekly Eleven News Journal တွင် ထည့်သွင်းဖော်ပြရန် သက်ဆိုင်ရာ စာပေစိစစ်ရေးသို့ တင်ပြရာ ခွင့်မပြုဘဲ ဖြုတ်ပယ်ခြင်းခံခဲ့ရပါသည်။

Thursday, October 6, 2011

သတိမထားမိလိုက်ကြတဲ့ငွေကဖြစ်တဲ့ကူးဆက်ရောဂါ။

ငွေစက္ကူအဟောင်းအနွမ်းများတွင်လူကိုသေစေနိုင်လောက်သောရောဂါများဖြစ်သည်.တီဘီရောဂါကဲ.သို.ရောဂါပိုးမွှားများပါဝင်သည်ကိုတွေ.ရှိရကြောင်းအိန္ဒိယနိုင်ငံတက္ကသိုလ်တစ်ခုမှစူးစမ်းရှာဖွေလေ.လာသူသုတေသီပညာရှင်များကတွေ.ရှိခဲ့ကြောင်း
သိရှိရ သည်.သတင်းလေးတစ်ခုပြန်တင်ပြချင်ပါတယ်....
သူတို.ရဲ.ရှာဖွေလေ.လာတွေ.ရှိချက်အရဟောင်းနွမ်းနေတဲ.ငွေစက္ကူများဟာ
ကိုင်တွယ်သုံးစွဲနေတဲ.လူတွေကိုကူးစက်နိုင်တဲ.ရောဂါပိုးမွှားများဖြစ်တည်ပွားများဖို.အတွက်အခြေအနေကောင်းတစ်ခုဖြစ်ပါတယ်။အဲဒီပိုးမွှားတွေကြောင်.ဖြစ်နိုင်တဲ.ရောဂါ
တွေကတော.တီဘီရောဂါ၊အစာခြေလမ်းကြောင်းနာ၊နမိုးနီးယားလို.ခေါ်တဲ.အဆုတ်အအေးမိရောဂါ၊အစာအိမ်ယောင်ရောဂါစတဲ.လူကိုသေစေနိုင်လောက်တဲ.ရောဂါများဖြစ်ပါတယ်။
ငွေစက္ကူတွေဆုတ်ပြဲတာ၊ဒါမှမဟုတ်ဟောင်းနွမ်းလုံးကြေနေတာတွေဟာငွေစက္ကူမှာပါတဲ.ဆယ်လူလွိုက်လို.ခေါ်တဲ.ဓါတ်တစ်မျိုးကိုဖေါ်ပြပြီးဘက်တီးရီးယားရောဂါပိုးမွှားတွေကိုလက်ခံသယ်ဆောင်စေနိုင်တယ်လို.သုတေသီပညာရှင်ကဆိုပါတယ်...
အခြေအနေကတော.အတော်.ကိုဆိုးရွားပါတယ်၊အထူးသဖြင်.လူတွေအများဆုံးသုံးနေကြတဲ.တန်ဖိုးနည်းငွေစက္ကူတွေမှာ
ပိုပိုးရောဂါပိုးတွေတွေ.ရပါတယ်လို.
လည်းအဲဒီပညာရှင်ကဆက်ပြောပါတယ်။ငွေစက္ကူအကြွေတွေရှားပါးလာလို.အဲဒီငွေ
စက္ကူတွေပိုမိုဆုတ်ပြဲဟောင်းနွမ်းလာရတာဖြစ်ပြီးအနားတွေဖွာလာတာတို.ဆုတ်ပြဲလို.တိပ်နဲ.ကပ်ထားတာတို.ကလည်း
ရောဂါပိုးမွှားတွေကိုပွားများစေဖို.ပိုဖြစ်စေတယ်လို.ဆိုပါတယ်။
အထူးသဖြင်.ကုန်စိမ်းဈေးနဲ.သားငါးဈေးတွေမှာတွေ.ရတဲ.ငွေစက္ကူတွေမှာအထက်ပါရောဂါပိုးမွှားတွေကိုပိုပြီးတွေ.ရတယ်လို.ဆိုပါတယ်။လူအများပြုလုပ်နေကျဖြစ်တဲ.လက်ကိုတံတွေးဆွတ်ပြီးငွေစက္ကူတွေကိုရေတွက်တာကလည်းရောဂါပိုးတွေ
ကူးစေဖို.အကြောင်းတစ်ခုဖြစ်ပါတယ်။အဲဒီကမှတစ်ဆင်.ရေတွက်တဲ.သူတွေကိုလည်းကူးစက်နိုင်တာဖြစ်ပါတယ်။
ဓါတ်ခွဲခန်းမှာစမ်းသတ်ခဲ.တဲ.ငွေစက္ကအဟောင်းအနွမ်းအဆုတ်အပြဲ အရွက်၇၀ ရဲ. ၈၀
ရာခိုင်နှုံးကျော်မှာတီဘီရောဂါဖြစ်စေတဲ.ပိုးမွှားတွေတွေ.ရပြီး ၆၅
ရာခိုင်နှုံးကတော.အဆုတ်အအေးမိရောဂါ၊လည်ချောင်းယောင်ရောဂါနဲ.အစာအိမ်ရောဂါတို.ဖြစ်ပွားစေတဲ.ပိုးမွှားတွေ
တွေ.ရပါတယ်တဲ. ...

တန်ဖိုးနည်းငွေစက္ကူရွက်တွေမှာပိုးမွှားတွေပါတယ်ဆိုလို.တန်ဖိုးကြီးတဲ.ငွေစက္ကူတွေမှာတော.မပါနိုင်ဘူးလို.မဆိုလိုပါဘူးလို.လည်းပညာရှင်တွေကဆိုပါတယ်။သူတို.ကငွေစက္ကူအဟောင်းအနွမ်းတွေကိုအချိန်ကြာမြင်.စွာမကိုင်တွယ်ထားသင်.ပါဘူး၊ပြီးတော.
လက်မှာပြည်တည်နေတဲ.အနာ၊ဒဏ်ရာရှိတဲ.သူတွေအနေနဲ.လည်းငွေစက္ကူတွေကိုမကိုင်တွယ်သင်.ပါဘူးလို.အကြံပြုခဲ.ကြပါတယ်။
အဲ့တာကြောင့် ငွေစက္ကူကိုင်ပြီး လက်ကိုသေချာဆေးကြောပါလို.
အကြံပြူလိုက်ပါရစေ......