Monday, October 10, 2011

လွတ်တော်တွင်ပြဌာန်းခဲ့သော အစိုးရနှင့်ချုပ်ဆိုထားသော စာချုပ်များနှင့်ပဋိညာဉ်များ ပျက်ပြယ်မှုဆိုင်ရာ အခြေခံအချက်များ။

ထိုအချက်များတွင်
“ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီ မြန်မာအစိုးရနှင့်အခြားနိုင်ငံအစိုးရတို့ချုပ်ဆိုခဲ့သောစာချုပ် အရ ပေါ် ထွက်လာသော တရာမျှတ သည့် တာဝန်များ ပဋိညာဉ်များကိုအခြားနိုင်ငံက လေးစားပါက မြန်မာ ကလည်း လေးစားမည်ဟုအစချီဖေါ်ပြထားပြီး ပဋိညာဉ်ဥပဒေအရ ပဋိညာဉ်ပျက်ပြယ်စေနိုင်သည့် အချက်မှာ၁၄ချက်”  ဖြစ် ပါတယ်။
အခြားသော ပဋိညာဉ်ဆိုင်ရာပြဌာန်းအချက် အချို့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ထည့်သွင်း ထားကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သိရသည်။
ပဋိညာဉ်ဥပဒေအရ ပဋိညာဉ်ပျက်ပြယ်စေနိုင်သည့် အချက် ၁၄ ချက်မှာ အောက်ပါအ တိုင်းဖြစ် ပါ တယ်။

  1.  ပဋိညာဉ်ပြုပိုင်ခွင့် အရည်အချင်းမရှိသူတို့က ပြုလုပ်သော သဘောတူညီချက်များ
  2. သဘောတူညီကြသူများက သဘောတူညီချက်၏ အဓိကဖြစ်သော အကြောင်းအရာနှင့်ပတ်သက်၍ မှားယွင်းလျှက်ပြုလုပ်သော သဘောတူညီချက်များနှင့် မြန်မာနိုင်ငံအတွင်း အာဏာမတည်သော ဥပဒေနှင့်ပတ်သက်၍ မှားယွင်းလျှက်ပြုလုပ်သော သဘောတူညီချက်များ
  3. တရားဥပဒေနှင့်မညီသော အဖိုးစားနား သို့မဟုတ် ရည်ရွယ်ရင်းအကြောင်းအတွက် ပြုလုပ်သော သဘောတူညီချက်များ
  4. တရားဥပဒေနှင့်မညီသော အဖိုးစားနား၏ အစိတ်အပိုင်း သို့မဟုတ် ရည်ရွယ်ရင်းအကြောင်း၏ အစိတ်အပိုင်းအတွက် ပြုလုပ်သော သဘောတူညီချက်များ
  5. အဖိုးစားနားမပါရှိသော သဘောတူညီချက်များ
  6. ထိမ်းမြားလက်ထပ်ခြင်းကို တားမြစ်ချုပ်ခြယ်သော သဘောတူညီချက်များ
  7. ကူးသန်းရောင်းဝယ် အသက်မွေးဝမ်းကျောင်းမှုကို တားမြစ်ချုပ်ခြယ်သော သဘောတူညီချက်များ
  8. တရားစွဲဆိုခြင်းကို တားမြစ်ချုပ်ခြယ်သော သဘောတူညီချက်များ
  9. အဓိပ္ပာယ်တိကျ သေချာမှုမရှိသော သို့မဟုတ် တိကျသေချာအောင် မလုပ်နိုင်သော သဘောတူညီချက်များ
  10. လောင်းကစားနည်းဖြင့် ပြုလုပ်သော သဘောတူညီချက်များ
  11. မရေရာသော အနာဂတ်ဖြစ်ရပ်တစ်ခုအပေါ်တည်သော သဘောတူညီချက်၊ ထိုဖြစ်ရပ် မဖြစ်နိုင်တော့သောအခြေအနေ ရောက်သောအခါ ပျက်ပြယ်ခြင်း
  12. မဖြစ်နိုင်သော ပြုမူမှုတစ်ခု ပြုလုပ်ရန် သဘောတူညီချက်များ
  13. နောင်အခါတွင် မဖြစ်နိုင်သော သို့မဟုတ် တရားဥပဒေနှင့်မညီသော အခြေသို့ ဆိုက်ရောက်လာသော ပြုမူမှုကို ပြုလုပ်ရန် သဘောတူညီချက်များ
  14. တရားဥပဒေနှင့်ညီသော အလုပ်တစ်ခုကို ပထမပြုလုပ်ရန်နှင့် တရားဥပဒေနှင့်မညီသော အလုပ်ကို ဒုတိယပြုလုပ်ရန် အပြန်အလှန်ကတိများ ပြုရာတွင် ဒုတိယကတိမှာ ပျက်ပြယ်ခြင်း ။ 
အထက်ပါသတင်းအား ယခုတစ်ပတ်ထုတ် Weekly Eleven News Journal တွင် ထည့်သွင်းဖော်ပြရန် သက်ဆိုင်ရာ စာပေစိစစ်ရေးသို့ တင်ပြရာ ခွင့်မပြုဘဲ ဖြုတ်ပယ်ခြင်းခံခဲ့ရပါသည်။

No comments:

Post a Comment