၂၀၁၁ခုနှစ်  အောက်တိုဘာလ ၈ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ   အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် နော်ဝေးနိုင်ငံ  ကိုယ်စားလှယ်   Espen Barth Eide တို့သည်  နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ခြင်းနှင့်  ပတ်သက်ပြီး နေ့လည်  ၂နာရီခွဲခန့်တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ  ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်  ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ကျွန်မတို့  နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပတ်သက်ပြီး  ဆွေးနွေးခဲ့တယ်  ဦးအောင်ကြည်နဲ့ တွေ့ တုန်းကလည်း သတင်းထုတ်ပြန်ချက်တွေထဲမှာ  ပါတယ်  လွတ်ငြိမ်းချမ်း သာ ခွင့်ကို ပေးဖို့ အမြဲပြောနေခဲ့တယ်  အသစ်လည်းမဟုတ်ပါဘူး  အမြဲလည်း လွတ်ပေးဖို့ ဆက်ပြောနေမှာပါ”ဟု အထွေထွေ  အတွင်းရေးမှူး  ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယုံကြည်ချက်ကြောင့်  အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားများကို  လွတ်ငြိမ်းချမ်းသာ ခွင့်ရရှိ ရန်  နော်ဝေးနိုင်ငံ ကိုယ်စားလှယ်လောင်း မှလည်း  မျှော်လင့်နေကြောင်း ကို  ဒေါ်အောင် ဆန်း စုကြည် အား ပြောကြား ခဲ့ကြောင်း သိရသည်။
ထို့နောက် တွေ့ဆုံပွဲအပြီးတွင်ဒေါ်အောင်ဆန်းစုကြည်အား သတင်းထောက်များမှ အန်အယ်ဒီပါ တီမှတ်ပုံ တင်ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  (NLD) အနေဖြင့် နိုင်ငံတော် အစိုးရမှ  ချမှတ်ထားသော နိုင်ငံရေးပါတီများ  မှတ်ပုံတင်ခြင်း ဥပဒေမှ  အချို့အချက်အလက်များအား ပြန်လည်ပြင်ဆင်ခြင်းပေါ်တွင်  မူတည်၍  ဆုံးဖြတ်ချက်ချနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
`လွှတ်တော်တွင်းမှာ  နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေများ  ပြင်ဆင်မယ်ဆိုတာ ကြားနေလို့  အဲဒီပေါ်မှာ ဆွေးနွေးကြတာပါ၊ အဲဒီဥပဒေကတောင်  ဘာမှ အတည်မပြုရသေးဘူး  အန်တီတို့က ဘာကို ဘယ်လို ဆုံးဖြတ်ရမှာလဲ`ဟု ဟု  အထွေထွေအတွင်းရေးမှူး  ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး  မှတ်ပုံတင်ခြင်းသည် CEC  ၏ဆုံးဖြတ်ချက် အပေါ်တွင်မူတည်ကြောင်း၊  ပါတီမှတ်ပုံတင်ရေးတွင် နိုင်ငံတော်၏   နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေဆိုင်ရာ ပြင်ဆင်ပြောင်းလဲရေး   မည်သို့သော စည်းမျဉ်းစည်းကမ်းများ မသိရှိသေးသောကြောင့် မည်သို့ဆုံးဖြတ်   ချက်ချရမည်ကို မသိသေးကြောင်း အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်   မှမီဒီယာများသို့ပြောကြားခဲ့သည်။
` အဖွဲ့ချုပ်မှတ်ပုံတင်ဖို့ဆိုတာ  CEC နဲ့ဆုံးဖြတ်ရမှာပါ  ကျွန်မတစ်ယောက်ထဲ ဆုံးဖြတ်လို့ရ တဲ့ကိ စ္စမ ဟုတ်ပါဘူး။  CEC ရဲ့သဘောတူညီချက်  ဖြစ်တဲ့ ဆုံးဖြတ်တစ်ခုချတဲ့အခါမှပဲပြောလို့ရမှာပါ´ဟု   အမျိုးသားဒီမိုကရေစီအဖွဲချုပ်မှ အထွေထွေအတွင်းရေးမှူး   ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
No comments:
Post a Comment