မြစ်ကြီးနားအကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့   နာမည်ကျော် လူရွှင်တော် ဇာဂနာကို မြန်မာအစိုးရက အောက်တိုဘာလ ၁၂  ရက်နေ့မှာ လွှတ်ပေးလိုက်ပြီ ဖြစ်တဲ့အကြောင်း မိသားစုဝင်တွေက  အတည်ပြုပြောဆိုပါတယ်။
 လူရွှင်တော်ဇာဂနာဟာ ၂၀၀၈ ခုနှစ်  ဇွန်လအတွင်းက နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်စဉ်  ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ထောင်ဒဏ် ၅၉  နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။  အကျဉ်းထောင်ထဲမှာ ၃ နှစ်နဲ့ ၄ လ လောက် ချုပ်နှောင်ခံခဲ့ရပြီး အခုလို  ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ် ။
မြန်မာအစိုးရသမ္မတ ဦးသိန်းစိန်ကြေညာထားတဲ့ အကျဉ်းသား ၆,၀၀၀ ကျာ်ကို  လွှတ်ပေးမယ်ဆိုတဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ လူရွှင်တော် ဇာဂနာကို  ထောင်အာဏာပိုင်တွေက လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
 ကျန်တဲ့နိုင်ငံရေးအကျဉ်းသားတွေ   ဘယ်သူဘယ်ဝါ လွတ်မြောက်တယ်ဆိုတဲ့ သတင်းတွေ အတိအကျ ရဖို့တော့  မိသားစုဝင်တွေနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းက စောင့်စားနေဆဲဖြစ်ပါတယ်။
 အမေရိကန်နိုင်ငံခြားရေးဝန်ကြီး   ဟီလာရီကလင်တန်ကတော့ မြန်မာအစိုးရဘက်က အခုလို အကျဉ်းသားတွေကို  လွှတ်ပေးလိုက်တဲ့အတွက် အားတက်မိတဲ့အကြောင်း၊ ဒါပေမယ့်လည်း  အမေရိကန်ပြည်ထောင်စုဘက်က မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လို  တုံ့ပြန်ဆောင်ရွက်မယ် ဆိုတာကတော့ ပြောဖို့စောနေသေးတဲ့အကြောင်း ရိုက်တာ  သတင်းဌာနကိုပြောဆိုပါတယ်။
![]()  | 
 အောက်တိုဘာလ ၁၂ ရက်နေ့က အင်းစိန်ထောင်ရှေ့ သွားစောင့်နေသည့် အကျဉ်းသားမိသားစုများ။ (ဓာတ်ပုံ၊ အေပီ၊ အောက်တိုဘာ ၂၀၁၁) | 

No comments:
Post a Comment