ပုဂံညောင်ဦးမြို့တွင်အောက်တိုဘာ (၁၉)ရက်နေ့ညမှ (၂၀)ရက်နေ့နံနက် ပိုင်းအထိ  မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ထိုနေ့နံနက်(၉)နာရီအချိန် ညောင်ဦးမြို့  မိုးလေ၀သနှင့်ဇလဗေဒဌာန၏ တိုင်းထွာချက်များအရ မိုးရေချိန်(၈)လက်မရရှိ  ခဲ့ကြောင်း သိရှိရပြီး၊အဆိုပါမိုးကြောင့်ပင် ပုဂံရှေးဟောင်းဘုရားနှင့်  အဆောက်အဦး တစ်ချို့ ပြိုကျပျက်စီး ဆုံးရှုံးမှုများရှိခဲ့ကြောင်း  သတင်းရရှိပါသည်။
''သရပါဟိုတယ်အနီး ကားလမ်းနံဘေးကရှေးဟောင်း  ဘုရားတစ်ဆူပြိုတယ်။ပုဂံခေတ်နှောင်းပိုင်းလက်ရာလို့ ယူဆရတယ်။ ဒီဒေသက  ကမ်းရိုးတမ်းဘက် မုန်တိုင်းရှိရင်မိုးရွာတတ်တယ်။ခုလည်း ဘူးသီးတောင် ၊မောင်း  တော ဘက် မုန်တိုင်း ၀င်နေ လို့ ရွာတာ ပါ။ညက မိုးတစ်ညလုံး ရွာတယ်။မနက် တစ်နာရီနဲ့  နှစ်နာရီ အကြား အသည်း ဆုံးပဲ။'' ဟု ဒေသခံတစ်ဦးပြောသည်။
 သရပါဟိုတယ်အနီး ပြိုကျခဲ့သောစေတီ၏ ရှေးဟောင်းဘုရားနံပါတ်မှာ  (၁၉၅၅)ဖြစ်ကြောင်း သိရှိရပြီး၊ အုတ်ကျောင်း ခံစေတီ အမျိုးအစားဖြစ်ကာ၊  အုတ်ခွက်ဘုရားနှင့် ဆင်းတုတော်ဌာ ပနာပစ္စည်းများ လည်း  တွေ့ရှိခဲ့ကြောင်းသိရသည်။ထို့အတူ ရွှေစည်းခုံစေတီတော်ကြီး၏  အရှေ့ဘက်အ တွင်းတံ တိုင်း၊ မြောက်ဘက်မုခ်ဦးစေတီ၏မြောက်ဘက်ခြမ်းသည်  လည်းကောင်း၊အနောက်ဘက်အ၀င် မုခ်ဦးခြင်္သေ့ ကြီးနှစ်ကောင် အနက်တောင်ဘက်ခြင်္သေ့၏  နောက်ဘက်ခြေထောက်နှင့် ဖင်မြီး ပိုင်းတစ်ခြမ်းသည်  လည်းကောင်း၊ရွှေစည်းခုံစေတီ အနောက်ဘက်သက်တော်ရှည်(နံကပ်ကျောင်း)အတွင်းရှိ  ရှေးဟောင်းအုတ်ကျောင်းတော်ကြီးသည်လည်း
 ကောင်း ထိုနေ့ကမိုးကြောင့်  ပြိုကျပျက်စီးဆုံးရှုံးခဲ့ရကြောင်းသိရသည်။
''အုတ်ကျောင်းကြီးက စွာစော်ကဲမင်း(အင်းဝခေတ်) တည်ဆောက်ခဲ့တာ လို့ မှတ်သား ဖူးတာပဲ။ မနှစ်က ရှေးဟောင်းက အနောက်ဘက်ခြမ်း ပြုပြင်ပေးထားတာ။ ခုတော့ ရလောက်တော့မယ်မထင်ပါဘူး။ '' ဟု အဆိုပါကျောင်းမှ ဦးပဉ္ဇင်းတစ်ပါးမိန့်ကြား ပါသည်။အလားတူ ရှေးဟောင်းတံတိုင်းတစ်ချို့လည်း ပျက်စီးမှု ရှိကြောင်းဒေသခံတစ်ဦးက ပြောပါသည်။
''အုတ်ကျောင်းကြီးက စွာစော်ကဲမင်း(အင်းဝခေတ်) တည်ဆောက်ခဲ့တာ လို့ မှတ်သား ဖူးတာပဲ။ မနှစ်က ရှေးဟောင်းက အနောက်ဘက်ခြမ်း ပြုပြင်ပေးထားတာ။ ခုတော့ ရလောက်တော့မယ်မထင်ပါဘူး။ '' ဟု အဆိုပါကျောင်းမှ ဦးပဉ္ဇင်းတစ်ပါးမိန့်ကြား ပါသည်။အလားတူ ရှေးဟောင်းတံတိုင်းတစ်ချို့လည်း ပျက်စီးမှု ရှိကြောင်းဒေသခံတစ်ဦးက ပြောပါသည်။
  ညောင်ဦးမြို့တွင်လွန်ခဲ့သည့် သြဂုတ်လ (၂၆) ရက်နေ့က  ရွာသွန်းခဲ့သောမိုးကြောင့် (၄၇)နှစ်တာ ကာလ အတွင်း  မိုးရေချိန်အများဆုံးရရှိသည့်နေ့အဖြစ် မှတ်တမ်းတင်ခဲ့ရာ၊   (၄.၇၂)လက်မရွာသွန်းခဲ့ကြောင်း သိရသည်။ယခုရွာသွန်းသော မိုးမှာမိုးရေချိန်  (၈)လက်မရရှိခဲ့ရာ စံချိန်သစ်ထပ်မံတင်ခဲ့ခြင်း ဖြစ်သည်။ထိုနေ့ မိုးကြောင့်  မြို့တွင်း လမ်းတစ်ချို့သဲများ၊ ရေများဖုံလွှမ်းခဲ့ရာ သက်ဆိုင်ရာမှ  ရှင်းလင်းဆောင် ရွက်ပေးခဲ့ ရကြောင်းလည်း သိရှိရပါသည်။
No comments:
Post a Comment