Tuesday, October 4, 2011

NLD လူငယ်တာဝန်ခံတစ်ဦးအသတ်ခံရ။

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ (၉)ရပ်ကွက်၊ ဗိုလ်သန်းထူးလမ်းတွင်နေထိုင်သူအဘဦးချစ်ဦး+အမိဒေါ်သန်း ဦးတို့ ၏သားဖြစ်သူ ယခုသုံးခွမြို့နယ် NLDလူငယ်တာဝန်ခံ(၂) ကိုနိုင်ဝင်းသည် ယနေ့ မနက်(၃)နာရီခန့်တွင် နောက်စေ့ခေါင်းကွဲဒဏ်ရာဖြင့် ၄င်း၏နေအိမ်အနီးတွင် သေဆုံးနေသည်ကို သိရှိရပါသည်။
ကိုမောင်မောင်(သေဆုံးသူယောက်ဖ)မသုံးခွမြို့နယ်လူငယ်တာဝန်ခံ(၁)ကို ၀င်ဇော်(ခ)ကိုတွတ်ပီထံ ကိုနိုင်ဝင်းသေပြီ ဟုလာရောက် ပြောပါ သည်။ ခေါင်းမှာလည်းဒဏ်ရာဒဏ်ချက်တွေ နဲသေဆုံးေ န တယ် လို့ပြော ပါတယ် လူငယ်တာဝန်ခံမှလိုက်ကြည်သည့်အခါ ကိုနိုင်ဝင်အားမှောက်ရပ်အနေအထားဖြင့် မနက်(၅)နာရီခွဲလောက်တွင်သေဆုံးနေသည်ကို တွေ့ရပါသည်။
မျက်နှာမှာရွံ့ဗွက်ထဲတွင်မှောက်ရက်ဖြစ်နေပြီးနောက်စေ့တွင်တုတ်နှင့်ရိုက်ထားသည့်ဒဏ်ရာရှိပါသည်။ မျက်နှာ ကိုလှန်ကြည့်သည့်အခါမျက်နှာဖူးရောင်ကိုင်းနေပါသည်။နှာခေါင်းရိုးကျိုးပြီးသွေးတွေလည်း ထွက်နေ ပါသည်။ကိုဝင်းဇော်မှ သူငယ်ချင်းဖြစ်သူ၏ အဖြစ်ကိုမယုံကြည်နိုင်လောက်အောင် ယူကြုံးမရဖြစ်ခဲ့ရပါသည်။ မနေ့က ၃ ရက်နေ့ တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ရုံးချုပ်တွင် ကျင်းပသည့် ရန်ကုန်တိုင်းအတွင်းမြိုနယ် လူငယ်များစုံညီအစည်းအဝေးကို သေဆုံးသူနှင့်ကိုဝင်းဇော်တို့ တက်ခဲ့ ပါသေး သည်။ 
ညဘက်မှလမ်းခွဲခဲ့ခြင်းဖြစ်ပါသည်ကိုနီုင်ဝင်းအားသတ်သွားသည့်တရားခံမှာ (၉)ရပ်ကွက်တွင်နေ ထိုင်သူအမှတ်(၈)မှော် ဘီရဲတပ်ရင်းတွင်တာဝန်ထမ်းဆောင်နေသူ ရဲတပ်သားဇင်မင်းထွန်း (ခ)ပြဿ ဒါး ဖြစ်သည်ဟု နောက်သိရှိရပါသည်။ တရားခံဖြစ်သူဇင်မင်းထွန်းနှင့် ကိုနိုင်ဝင်းတို့မှာ နဂိုက ခင်မင် ရင်းနှီးကြ ပါသည်။
ရဲတပ်ရင်းဝင်ပြီးနောက်ပိုင်းမှာ ခွင့်နှင့်ပြန်လာပြီးနောက်ပိုင်းတွေ့ရှိကြခြင်းဖြစ်ပါသည်။ ရဲတပ်သားဇင် မင်း ထွန်းမှာ အရက်အလွန်အကျွံသောက်ထားသည်ဟုသိရှိရပါသည်။ နောက်ပိုင်းတွင်အဆိုပါရဲတပ် သားဇင် မင်းထွန်းမှ သုံးခွမြို့နယ် ရဲစခန်းတွင်လာရောက်အဖမ်းခံသည်ဟုလည်းသိရပါသည်။ ညပိုင်းအဖြစ် အပျက် များကို အဆိုပါရဲတပ်သားမှခံဝန်ချက်ပေးနေဆဲဖြစ်ပြီး အသေးစိတ်မည် သို့သေဆုံး သည်ကိုမသိရှိရသေးပါ။

No comments:

Post a Comment