မြန်မာ့ဒီမိုကရေစီခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့  သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ (၁၂)  ရက်နေ့ကစပြီး (၁၇) ရက်နေ့ထိ  နေအိမ်မှာ တရားအားထုတ်ဖို့ စီစဉ် ထားတယ်လို့  အမျိုးသား ဒီမိုကရေစီ  အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က  အာအက်ဖ်အေကို ပြောပါတယ်။
ငါးရက်အတွင်း ပုံမှန်အလုပ်တွေကို  ရပ်နားထားမယ် ဆိုပေမဲ့  ဒီကနေ့ကျင်းပတဲ့ အန်အယ်လ်ဒီရဲ့ သက်ကြီး ပူဇော်ပွဲနဲ့  ရခိုင်  အမျိုးသားနေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ   ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ လေးနက်တဲ့ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ပြီး၊   ဘ၀မှာ ခက်ခဲ ကြမ်းတမ်းတဲ့ အရာတွေကို ကျော်ဖြတ်တဲ့ နေရာမှာ   ဗုဒ္ဓရဲ့လမ်းညွန်ချက်တွေ အတိုင်း ကျင့်ကြံခဲ့တယ်လို့ နိုင်ငံတကာ ဟောပြောပွဲ   တစ်ခုမှာ ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။
No comments:
Post a Comment