လူမှုကွန်ယက် အင်တာနက် စာမျက်နှာ ဖြစ်သည့် Facebook တွင် စွယ်စုံရ အနုပညာရှင်ကိုဇာဂနာက “ဇာဂနာ” အမည်ဖြင့် စာမျက်နှာ ဖွင့်လိုက်ပြီ ဖြစ်သည်။
ယင်း Face Book စာမျက်နှာကို ယခုအပတ် အောက်တိုဘာ ၁၅ ရက်နေ့က စတင် ဖွင့်ခြင်း ဖြစ်ကာ ယခုအချိန်အထိ “မင်းကိုနိုင် မွေးနေ့ဆီသို့ ထွက်သွားပါသည်” နှင့် “ဘားကုတ် (Barcode) ပါ ပါတယ်” နှင့် ဟူ၍ ပို့စ်နှစ်ခုကိုသာ တင်ထားရသေးသည်။ ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့မှု ဓာတ်ပုံကိုလည်း တင်ထားသည်။
ထောင်တွင်း အကျဉ်းကျနေစဉ်အတွင်း Facebook နှင့် ပတ်သက်၍ ရိုက်ကူးထားသည့် Social Network ဇာတ်ကား ကြည့်စဉ်ကပင် စိတ်ဝင်စားခဲ့ကြောင်းနှင့်အသုံးပြုပုံကိုလည်း လေ့လာ မည်ဖြစ်ကြောင်း အောက် တိုဘာလ ၁၅ ရက်နေ့ မဇ္ဈိမနှင့် လူတွေ့ မေးမြန်းခန်းတွင် ကိုဇာဂနာက ပြောဆိုခဲ့သေးသည်။
အောက်တိုဘာလ ၁၈ ရက်နေ့အထိ ကိုဇာဂနာ၏ Facebook စာမျက်နှာတွင် Like လုပ်ထားသူပေါင်း ၇၀၀ ခန့် ရှိနေပြီ ဖြစ်သည်။ Like လုပ်သည် ဆိုသည်မှာ ကိုဇာဂနာ စာမျက်နှာတွင် မည်သည့် အကြောင်းအရာ တင်သည်ဖြစ်စေ အလိုအလျောက် မိမိထံ အကြောင်းကြားစေရန် ပြုလုပ်ခြင်း ဖြစ်သည်။
No comments:
Post a Comment