Wednesday, October 12, 2011

လွတ်မြောက် အကျဉ်းသားများသို့ လူမှုအထောက်အကူအဖွဲ့များမှ ကူညီ။

အကျဉ်းသားများအားနေ့လည်စာကျွေးမွေးနေပုံ။

 မန္တလေး အိုးဘို အကျဉ်းထောင် မှ လွတ်မြောက်လာသော အကျဉ်းသားများကိုချမ်းမြသုခ လူမှု ပရဟိတ အသင်းလွတ်လပ်သောသူငယ်ချင်းများအင်အားစု၊ အမရသုခ၊စိမ်းရောင်စိုစသည့် အဖွဲ့ များမှ လူငယ်များ က လာရောက် ပူးပေါင်း ကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရပါသည်။

အဆိုပါလူမှု့ကူညီရေးအသင်းများမှအကျဉ်းသားများ အား နေ့လည်စာ ကျွေးမွေးခြင်း၊ရေဘူးများဝေငှခြင်း၊သက်ဆိုင်ရာ မိသားစု များသို့ ဆက်သွယ်ပေးခြင်း၊အားပေးကူညီခဲ့ကြပြီး၊ သက်ဆိုင်ရာ မြို့နယ် နေရပ် အသီးသီး သို့ ပြန်နိုင်ရန် ကားလက်မှတ်၊ရထား လက်မှတ်များ အခမဲ့ စီစဉ်ပေးခြင်း၊ သက်ဆိုင်ရာ ဘူတာ၊ ကားဝင်းများသို့ လိုက်ပို့ပေးခြင်း များ ဆောင်ရွက်ပေးခဲ့ပါသည်။
တစ်ဦးလျှင် ခရီး အနီးအဝေ ပေါ် မူတည်၍ ၃၀၀၀ကျပ်မှ ၅၀၀၀ကျပ် အထိ ထောက်ပံ့ ပေးခဲ့ပါသည်။
စာရင်းလာရောက်ပေးသွင်းသော အကျဉ်းသား မှန်သမျှ ပုဒ်မ မရွေး၊ ဘာသာမရွေး၊ လူသားခြင်းစာနာမှု တစ်ရပ်အနေနဲ့ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း။

မန္တလေး အကျဉ်းဦးစီး ဌာန မှပေးသော စာရင်းအရလွတ်မြောက်လာသောအကျဉ်းသားစာ ရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ သီးသန့် မှ အကျဉ်းသား (၄၀) ဦး၊
၂။ သီးသန့် မှ အကျဉ်းသား(သာမန်) (၅) ဦး၊
၃။ နိုင်ငံခြားသား (၂၁) ဦး၊
၎။ ထောက်လှမ်းရေး (၁) ဦး၊
၅။ တပ်မတော် အက်ဥပဒေ (၁၆) ဦး၊
၆။ သက်ကြီး (၆) ဦး၊
၇။ ကျန်းမာရေး ချို့တဲ့ (၁၁) ဦး၊
၈။ ကိုယ်အင်္ဂါ ချို့တဲ့ (၁) ဦး၊
၉။ ရိုးရိုး အကျဉ်းသား (ကျား) ၂၁၀-ဦး၊
၁၀။ ရိုးရိုး အကျဉ်းသား (မ) ၉၇-ဦး၊
---------------------------------------------
စုစုပေါင်း= ၄၀၈ ဦး

No comments:

Post a Comment