ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၈ ဦးကို လူသတ်မူဖြင့်  ဆော်ဒီအရေဗီးယားတွင် သောကြာနေ့က လူမြင်ကွင်းတွင် ခေါင်းဖြတ်  ကွပ်မျက်လိုက်ကြောင်း  သတင်း ရရှိသည်။ 
  သောကြာနေ့ (အောက်တိုဘာ ၇ ရက်) ခေါင်းဖြတ် ကွက်မျက်နေစဉ် Link video footage
 သူတို့အား ၂၀၀၇ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က ဆော်ဒီနိုင်ငံ ရီယဒ်မြို့တော်မှ   အိမ်တစ်အိမ်ကို ဓါးပြတိုက်စဉ်  အီဂျစ်နိုင်ငံသား လုံခြုံရေး အစောင့်  တစ်ဦးကို သတ်မူဖြင့် ယခုကဲ့သို့ ခေါင်းဖြတ်ကာ ပြစ်ဒဏ် စီရင်ခဲ့ခြင်း  ဖြစ်သည်။ 
   ထိုကဲ့သို့ ကွက်မျက်လိုက်ကြောင်းကို ဆော်ဒီမြို့တော် ရီယဒ် (Riyadh) ရှိ  ဘင်္ဂလာဒေခ်ျ့ သံရုံး အလုပ်သမား အတွင်းဝန် မိုဟာမတ် မိုင်ဇနုရ် ရာဟမန်က  သတင်းထောက်များအား အတည်ပြု ပြောကြားသည်။ 
   သူတို့အား ကွပ်မျက်ပြီးနောက် အစ္စလာမ်ဘာသာရေး ဓလေ့ ထုံးစဉ်လာအတိုင်း  ဆော်ဒီအရေဗီးယား အစိုးရက သောကြာနေ့က မြေမြုပ်သဂြိုလ်လိုက်သည်ဟု သူက  ပြောသည်။ 
    ထိုသို့ ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများကို သေဒဏ် စီရင်ချမှတ်ခဲ့ကြောင်းကို  ဘင်္ဂလာဒေခ်ျ့ အစိုးရထံ တရားဝင် ဆော်ဒီအစိုးရမှ အကြောင်းကြားခြင်း တစုံတရာ  မရှိကြောင်းနှင့် ထောင်အာဏာပိုင်များကို မေးမြန်းပြီးမှ ထိုသို့ ခေါင်းဖြတ်  ကွပ်မျက်လိုက်ကြောင်း သိရကြောင်း ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူများက ပြောသည်။ 
   သူတို့အား ရီယဒ်မြို့တော်ရှိ AI Hakam နန်းတော်အနီးရှိ တရားမျှတမူ  ရင်ပြင်တွင် ကွပ်မျက်ရာ လူထောင်ပေါင်းများစွာက လာရောက်ကြည့်ရှု့ခဲ့ကြောင်း   သိရသည်။
   ကွပ်မျက်ခံရသူ ဘင်္ဂလားချေ့်  နိုင်ငံသားများမှာ အလုပ်သမားများ ဖြစ်ကြပြီး  သူတို့အား ခေါင်းဖြတ် ကွက်မျက်မူကို  နိုင်ငံတကာ  လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် လူအခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တို့မှ  ရှုတ်ချခဲ့သည်။ 
    ဓါးပြတိုက်ရာတွင် ပါဝင်သူ  ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား နောက်ထပ် သုံးဦးကိုမူ  ထောင်ဒဏ် (၈)  နှစ် (၁၃) နှစ်ထိ ပြစ်ဒဏ် ချမှတ် လိုက်ကြောင်း သိရသည်။
No comments:
Post a Comment