မလေးရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နိုင်ငံအတွင်း   ဖမ်းဆီးထိန်းသိမ်းခံထားရသူများ၊ (အကျဉ်းသား) လဲလှယ်ရေး အစီအစဉ်ကို   စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း မလေးရှားပြည်ထဲရေး မှ ပြောဆိုပါသည်။   ပြည်ထဲရေးဝန်ကြီး Hishammuddin Hussein က မြန်မာ   ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် နှင့် လွှတ်တော်တွင် ယနေ့   (၁၇.၁၀.၂၀၁၁) တွင် ဆွေးနွေးခဲ့သည် ဟု ပြောဆိုပါသည်။
နိုင်ငံနှစ်ခုကြား  အလုပ်အမှုဆောင်ကော်မတီ တစ်ခုအသစ်ဖွဲ့စည်း ပြီး  ယခုကိစ္စကိုဆောင်ရွက်မှာဖြစ်ပြီး၊ နယ်စပ် ဖြတ်ကျော်ခြင်းကိုလည်း   ထိန်းချုပ်သွားမည်ဖြစ်ကြောင်းပြောပါသည်။
မလေးရှားပြည်ထဲရေးဝန်ကြီးက  မလေးရှားနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ  ဖမ်းဆီး ထားသော  မြန် မာနိုင်ငံသား ခန့်မှန်းခြေ ၁၀၀၀ ခန့်ရှိကြောင်း၊ ထို့သို   လဲလှယ်ခြင်းကြောင့် ထောင်များ၊ ထိန်းသိမ်းရေးစခန်းများတွင် အကျဉ်းသားများ စုပြုံနေခြင်းမှ   သက်သာသွားမည်ဖြစ်သည်ဟု ၎င်းကဆက်၍ ပြောပါသည်။
ပြည်ထဲရေးဝန်ကြီးက  ဆက်လက်၍ ယခုကဲ့သို့ မလေးအကျဉ်းထောင်များတွင်  တရားမ၀င်နိုင်ငံခြားသား  အကျဉ်းသားများ အဆမတန်များပြားလာမှုကို   လျှော့ချရန်ယခင်ကဆောင်ရွက်ခဲ့သော်လည်း၊ လူ့အခွင့် အရေး အဖွဲ့များမှ   ဖိအားပေးရှုံ့ချမှုများရှိခဲ့ပြီး ထို့သို့အကျဉ်းသားများ   စုပြုံနေခြင်းကိုလည်း လူ့အခွင့်အရေးအဖွဲ့များမှ ထောက်ပြခဲ့ကြသည်။
သို့သော်အကျဉ်းသားအရေအတွက်ကိုမခန့်မှန်းနိုင်သေးကြောင်း၊   မလေးရှား တွင်ဖမ်းဆီးခံထားရသူများမှာ ကြီးမားသောရာဇ၀တ်မှုများမဟုတ်ဘဲ၊   တရားဝင်စာရွက် စာတမ်းမ ရှိဘဲ နေထိုင် သူများ၊ ပတ်စပို့သက်တမ်းကုန်လွန်ပြီး   သက်တမ်းမတိုးသူများ စသူတို့များကြောင်း သူကဖြည့်စွက်ပြောဆိုပါသည်။   ထိုသို့သော လဲလှယ်မှုမျိုးကို အင်ဒိုနီးရှား နှင့် ဘင်္ဂလားဒေ့ရှ်   နိုင်ငံတို့နှင့်လည်း စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သတင်းရရှိသည်။
လွန်ခဲ့သောလကပြီးဆုံးခဲ့သောမလေးရှားလူဝင်မှုကြီးကြပ်ရေး၏  6P  လက်ဗွေနှိပ်စီမံကိန်း တွင် မြန်မာနိုင်ငံ သားများအပါအ၀င် အခြားနိုင်ငံသား   ခန့်မှန်းခြေ ၂.၃ သန်းခန့် လက်ဗွေနှိပ် မှတ်ပုံတင်ခဲ့ကြသည်။
ပြည်ထဲရေးဝန်ကြီး  Hishmmuddin က ယခုအစီအစဉ်နှင့်ပတ်သက်၍နောက်ထပ်အသေးစိတ် လုပ်ဆောင်ရန် တို့ကို ရှေ့အပတ်ကော်မတီအစည်းအဝေးတွင် သေးစိတ်   တင်ပြဆွေးနွေးသွားမည် ဟုပြောကြားသည်။ ယခုကဲ့သို့ အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကို သြစတြေးအစိုးရ နှင့်လည်းဆောင်ရွက်လျက်ရှိပြီး  နှစ်နိုင်ငံ   သဘောတူညီချက်အရ ဒုက္ခသည်လဲလှယ်ရေး အစီအစဉ်မှာ သြစတြေးလျအစိုးရအစိုးရမှ ရပ်တန့်ထားခဲ့ရာ ယနေ့အချိန်အထိဖြစ်ကြောင်း သိရပါသည်။
No comments:
Post a Comment