မြန်မာနိုင်ငံမှာ  ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို  လွှတ်ပေးဖို့ကိစ္စ မကြာခင် ရက်ပိုင်းအတွင်း အကောင်အထည် ပေါ်ပါလိမ့်မယ်လို့  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံကို  ရောက်ရှိနေတဲ့ နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Espen Barth Eide  နဲ့ အောက်တိုဘာလ ၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်မှာ သူရဦးရွှေမန်းက  အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
  
“မကြာခင်ရက်ပိုင်းအတွင်းမှာ အကောင်အထည်ဖော်ပါမယ်။ မကြာခင် ရက်ပိုင်းအတွင်းပေါ့။”
  မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ အစိုးရကပြောဆိုပေမဲ့  နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် အကျဉ်းထောင်တွေထဲမှာ ရှိနေပြီး  သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့  ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်း       က  တောင်းဆိုနေကြတာဖြစ်ပါတယ်။

No comments:
Post a Comment