ယုံကြည်ချက်ကြောင့်  အကျဉ်းချခံနေရသူများအနက် တချို့ကို ပြန်လွှတ်ရန် မြန်မာနိုင်ငံ  လူ့အခွင့်အရေးကော်မရှင်က တနင်္လာနေ့ရက်စွဲဖြင့် သမ္မတသံအိတ်ဖွင့်ပေးစာ  ပေးပို့ တောင်း ဆိုလိုက်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း၊ ကြေးမုံ  သတင်းစာများတွင် ဖော်ပြထားသည်။
  လူ့အခွင့်အရေးကော်မရှင်သည် ယခင်က  ထိုသို့ တောင်းဆိုမှုများ ပြုလုပ်ခဲ့ဖူးခြင်း မရှိပေ။ နိုင်ငံရေးသမားတချို့  ရက်ပိုင်းအတွင်း ပြန်လွတ်လာဖွယ်ရှိကြောင်း သတင်းများ ထွက်နေချိန်တွင်  ဤအိတ်ဖွင့်ပေးစာကို ပေးလိုက်ခြင်း ဖြစ်သည်။
  “တည်ဆဲဥပဒေကို  ချိုးဖောက်သဖြင့် အပြစ်ဒဏ်ကျခံနေရသူများဖြစ်သည် ဟူသော နိုင်ငံတော်အစိုးရ၏  ရပ်တည်ချက်ကိုလည်း ကော်မရှင်အနေဖြင့် လက်ခံ သဘောပေါက်ပါသည်” ဟု ပေးစာတွင်  တွေ့ရသည်။
ထိုအထဲမှ အန္တရာယ်မရှိသော အကျဉ်းသားများကို လွှတ်ရန် တောင်းဆိုထားသည်။
  “ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများ” ဟူသော ဝေါဟာရကို သုံးလေ့ရှိသည့်  အဖွဲ့မှာ လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ  လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး ဖြစ်သည်။
  သတင်းလုပ်ငန်း လုပ်ကိုင်စဉ် ထိန်းသိမ်းခံလိုက်ရသော သတင်းထောက်များ  ခွန်ထွန်းဦးကဲ့သို့သော တိုင်းရင်းသား ခေါင်းဆောင်များ၊ မင်းကိုနိုင်နှင့်  ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်းများ စသူတို့ကို အဖွဲ့ကြီးက ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများ အဖြစ် သတ်မှတ်ထားသည်။

No comments:
Post a Comment