ကျိုင်းတုံအကျဉ်းထောင်တွင်ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသော ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင် က သူ့အနေဖြင့်ဒေါ်အောင်ဆန်းစုကြည်ပြောသည့်တိုင်းပြည်ကောင်း စားရေး အတွက်မည်သူနှင့်မဆိုပူးပေါင်းဆောင်ရွက်မည်ဆိုသည့်သဘောထားကိုအလေးအနက် အပြည့် အ၀ထောက် ခံကြောင်း၊ NLD ပါတီတရားဝင်မှတ်ပုံတင်ပြီးရွေးကောက်ပွဲဝင်မည်ဆို လျှင်လည်းထောက်ခံကြောင်းနှင့်ဒေါ်အောင်ဆန်းစုကြည်ယခုသွားနေသောလမ်းကြောင်းကိုထောက်ခံကြောင်း ကိုမင်း ကိုနိုင်နှင်အ တူ ကျိုင်းတုံအကျဉ်းထောင်တွင်အတူအကျဉ်းကျခံခဲ့ရပြီးယမန်နေ့နံနက် ကပြန်လွတ်လာသူနိုင်ငံရေးသမားတစ်ဦးက The Messenger ဂျာနယ်မှသတင်းထောက်ကို ၁၂.၁၀.၂၀၁၁ နေ့ည ဒေသစံတော်ချိန် ၈း ၂၀ နာရီခန့်တွင် တရားဝင်တွေ့ဆုံပြောကြားခဲ့သည်။
၎င်းကဆက်လက်၍် " ကိုမင်းကိုနိုင်က လွတ်ငြိမ်းချမ်းသာခွင့်ကိုမျှော်လင့်မထားဘူး။သူ့မှာနှလုံးရောဂါ၊သွေးတိုးရောဂါနဲ့ ရာသီဥတုနည်းနည်းအေးလာရင်လက်တွေခြေတွေကပ်ပြီးအကြောတွေကပ်တဲ့ရောဂါတွေ လည်းရှိနေတယ်၊အဲဒီရောဂါတွေက သာမန်အဆင့်မဟုတ်ဘူး၊တော်တော်ဆိုးတဲ့အခြေအနေ မျိုးရှိနေတာပါ။အခုတော့ထောင်ထဲမှာ ကိုမင်းကိုနိုင်ကျန်းမာရေးအတွက်အခွင့်ရတဲ့အချိန်တွေမှာလမ်းလျှောက်တယ်၊နောက်ပြီးပန်းချီဆွဲတယ်၊စာဖတ်တယ်၊အတူရှိနေတဲ့ယုံကြည်ချက်ကြောင့်အကျဉ်း ကျခံနေရ တဲ့မိတ်ဆွေတွေနဲ့စကားပြောတယ်ပေါ့ဗျာ " ဟုဆက်လက်ပြောကြားသည်။
ကျိုင်းတုံအကျဉ်းထောင်တွင်ယ္ခုလက်ရှိအချိန်အထိမလွတ်မြောက်သေးဘဲယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများစာရင်းမှာ
ကျိုင်းတုံအကျဉ်းထောင်တွင်ယ္ခုလက
၁။ ကိုမင်းကိုနိုင် (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)
၂။ ကိုညီညီဇော် (၂၀၀၈ ခုနှစ်အလုပ်သမားကိစ္စအတွက် အမေရိကန်သံရုံးရှေ့တွင်ဆန္ဒပြရာမှထောင် ဒဏ်အနှစ် ၂၀ ကျခံနေရသူ )
...
၃။ ကိုမျိုးဟန် (ထောင်ဒဏ် ၅၉ နှစ်ကျခံနေရသူ)
၎။ ကိုသိန်းဇော် (ဘိုကလေးမြို့ ၊ ကျောင်းသား ၊ ထောင်ဒဏ် ၁၃နှစ်ကျခံနေရသူ)
...
၃။ ကိုမျိုးဟန် (ထောင်ဒဏ် ၅၉ နှစ်ကျခံနေရသူ)
၎။ ကိုသိန်းဇော် (ဘိုကလေးမြို့ ၊ ကျောင်းသား ၊ ထောင်ဒဏ် ၁၃နှစ်ကျခံနေရသူ)
ကျိုင်းတုံအကျဉ်းထောင် တွင်ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေခဲ့ရာမှယမန်နေ့က လွတ်ငြိမ်းချမ်းသာ ခွင့်ကြောင့်ပြန်လွတ်မြောက်လာသူများစာရင်း။
၁။ ကိုစိန်ဝင်းမောင် (ခေါ်) ကိုဝင်းဆွေ ( Myammar Nation ဂျာနယ်)
၂။ ဦးက္ကုသရိယ (ငွေကြာရံကျောင်းတိုက်)
...
၃။ ဦးသုတဥာဏ (ရွှေတောင်ကျောင်းတိုက်)
၎။ ကိုစိုးမင်းဦး (ရွှေပြည်သာ)
၁။ ကိုစိန်ဝင်းမောင် (ခေါ်) ကိုဝင်းဆွေ ( Myammar Nation ဂျာနယ်)
၂။ ဦးက္ကုသရိယ (ငွေကြာရံကျောင်းတိုက်)
...
၃။ ဦးသုတဥာဏ (ရွှေတောင်ကျောင်းတိုက်)
၎။ ကိုစိုးမင်းဦး (ရွှေပြည်သာ)
No comments:
Post a Comment