Monday, October 24, 2011

ရုပ်ပုံလွှာ ပန်ချီပြပွဲမှ ဒေါ်အောင်ဆန်းစုကြည် ပုံတူ ပန်ချီကား(၈) ကား ရောင်းချ။

မြန်မာများရဲ့ ရုပ်ပုံလွှာလို့ တိုက်ရိုက် အဓိပ္ပာယ်ရတဲ့ The Portraits of Myanmar people အမည်ရှိ ပန်းချီပြပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရုံးချုပ်မှာ ပြသနေရာမှာ ဒီကနေ့ နေ့လည်ပိုင်း အထိ ပန်းချီကား ရှစ်ကား၊ တန်ဖိုး ၁၃ သိန်း ဖိုး ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ အောက်တိုဘာလ ၂၅ ရက်နေ့က စတင် ဖွင့်လှစ်ပြသသော The Portraits of Myanmar people အမည်ရှိ ပန်းချီပြပွဲ၏ ဖိတ်စာကို အဖွဲ့ချုပ် အင်တာနက် စာမျက်နှာပေါ်တွင် တွေ့ရပုံ။(NLD)
ဒီကနေ့ ရောင်းရတဲ့ ပန်းချီကား အားလုံးဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူ ပန်းချီကားတွေ ဖြစ်တယ်လို့လည်း NLD ပြောရေး ဆိုခွင့် ရှိသူ ဦးအုံးကြိုင်ကပြောပါတယ်။ မနေ့က စတင် ဖွင့်လှစ်ပြသခဲ့တဲ့ ဒီပန်းချီပြပွဲ ကို ၂၆ ရက်နေ့ အထိ ဆက်လက် ကျင်းပသွားမယ်လို့ သိရပါတယ်။

No comments:

Post a Comment