စိုက်ပျိုးစရိတ်ချေးငွေမရသြဖင့် မကျေနပ်လို့ တိုင်တန်းတဲ့   လယ်သမားတွေကို မြို့နယ် စိုက်ပျိုးရေးဘဏ်အရာရှိက သူ့ရုံးကို ခေါ်ပြီး   ဆူပူခြိမ်းခြောက်ခဲ့တယ်လို့ လယ်သမား တွေက ပြောပါတယ်။ပဲခူးတိုင်း   သနပ်ပင်မြို့နယ် ကျိုက်မဲ ကျေးရွာက လယ်သမား ၁၇ ဦးဟာ စိုက်ပျိုးရေး   အမတော်ကြေး မရတာကို မကျေနပ်လို့ တိုင်းဝန်ကြီးချုပ်အထိ စာပို့   တိုင်ကြားခဲ့တဲ့နောက်မှာ မြို့နယ် စိုက်ဘဏ်အရာရှိက လယ်သမားတွေကို   သနပ်ပင်မြို့ ကို ဒီနေ့မှာ ဆင့်ခေါ်ခဲ့တာပါ။
လယ်သမားတဦးက “သူက  ပထမဆုံး ကျနော်တို့ကို လယ်မရှိတဲ့သူတွေ  စာရင်းတင်လို့ပြောပါတယ်။  စာရင်းတင်လို့ စာချုပ်မှာ လယ်မရှိတာ  မှန်ကန်ရင် အဲ့လူဆီက ငွေ အတိုးရော  အရင်းပါပြန်တောင်းတယ်၊  ထိုက်သင့်သလောက် ပြစ်ဒဏ်ဆိုလည်း  ပြစ်ဒဏ်ပေးမယ်ပြောတယ်၊  အမတော်ကြေးကို ပေးမယ်ဆိုပြီး မန်နေဂျာက  တရားဝင်ပြောတယ်။  အခုကျတော့ သူက လယ်မရှိတဲ့သူတွေ စာရင်းတင်ပြီးတော့  တမျိုးပြောတယ်။  ကျနော်တို့ကို ဟောက်တယ် မာန်တယ်။ လယ်မရှိတဲ့စာရင်းထဲမှာ   ပါတဲ့သူတွေကို သူတို့ကစုံစမ်းမယ်တဲ့။ လယ်တကယ်ရှိနေရင် သူတို့က   ကျနော်တို့ကို တရားပြန်စွဲမယ်လို့ ပြောတယ်။
ကျနော်တို့က  မှားခဲ့လို့ မဟုတ်မမှန်တာလုပ်ခဲ့ရင် ကျနော်တို့က  ခံယူမှာပါ။”ဒီလို  ခြိမ်းခြောက်ပြီးနောက် စိုက်ဘဏ်အရာရှိက  အကြောင်းပြချက်မပေးဘဲ  စာရွက်အလွတ်ပေါ်မှာ လက်မှတ်ထိုးခိုင်းတဲ့အတွက်  လယ်သမားတွေက  စိုးရိမ်နေကြပါတယ်။လယ်သမားအရေး အကူအညီပေးနေတဲ့  လမ်းပြကယ် ဦးအေးမြင့်က  ချေးငွေကိစ္စမှာ မသမာတဲ့  အထောက်အထားတွေရှိထားပြီး လယ်သမားတွေဘက်က  ခုခံကာကွယ် သွားမယ်လို့  ဆိုပါတယ်။“
ကျနော်တို့ လယ်သမားထဲမှာ  ဝိုင်းကြီးချုပ်စနစ်နဲ့ ဆယ်ဦးတယောက်  ဆယ်ဦးတယောက်ထုတ်ခွင့်ပြုထားတယ်။  စာရင်းတွေကို ကျနော်တို့လက်ထဲ  ကျိုက်မဲကျေးရွာကကောင်လေးတွေ  လက်ထဲရောက်တဲ့အခါ ဆယ်ဦးစာရင်းကို  ကြည့်လိုက်တော့ ရွာကကျဉ်းကျဉ်းလေးပဲဗျာ၊  ဘယ်လယ်သမားက  ကွန်ပစ်စားတာ၊ ဘယ်သူက လယ်မရှိတာ သူတို့သိတယ်။ ဥက္ကဋ္ဌဆို  ကျောင်းဆရာမကို  လယ်လေးဧက ပေးထားတယ်။ အဲ့လိုထုတ်စားတယ်၊ ဧကတွေ   ပြောင်းပြန်ရေးပြီးတော့ ထုတ်စားတယ်။ စိုက်ဘဏ်နဲ့ပေါင်းတာပဲ။   ဒီအထောက်အထားတွေရှိတယ်။ မရတဲ့အဆုံးဆိုရင် ဒါ ၄၀၉ ပဲဗျ။ အစိုးရငွေကို   ယာယီအလွဲသုံးစားပဲ။
ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်တာ  ဌာနဆိုင်ရာကမလုပ်ပေးဘူးဆိုရင်  လယ်သမားတယောက်က တရားလိုလုပ်မယ်  ကျန်တဲ့သူကသက်သေလုပ်ပြီး  အထောက်အထားတွေနဲ့ ဘဏ်နဲ့ ကျေးရွာဘဏ်ကော်မတီ၊   အထွေထွေအုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေး ဘဏ်မန်နေဂျာတို့ကို  ကျနော်တို့  တရားစွဲဖို့ ပြင်ဆင်မယ်။”ဒါပေမယ့် တရားရုံးမှာ   အမှုဖွင့်တဲ့အဆင့်မသွားခင်မှာ သက်ဆိုင်ရာ တိုင်းဝန်ကြီးချုပ်ရုံးကို  အရင်  အသိပေးသွားဦးမယ်လို့ ဦးအေးမြင့်က ပြောပါတယ်။
စိုက်ပျိုးရေးဘဏ်က  စိုက်ပျိုးရေးစရိတ်ချေးငွေအတွက် လယ်တဧကကို ၂  သောင်းနှုန်းနဲ့  လယ်သမားတွေကို ထုတ်ချေးပေးနေတာပါ။ဒါပေမယ့်  အောက်ခြေအဆင့်မှာတော့ အမှန်တကယ်  လယ်လုပ်သူတွေက ချေးငွေမရဘဲ  လယ်မလုပ်သူတွေက ချေးငွေရတာတွေမျိုးတွေ  ဖြစ်ပေါ်နေတာကြောင့်  မကျေနပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပါတယ်။
No comments:
Post a Comment