ထိုင်းနိုင်ငံအခြေဆိုက်  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း (AAPP) က မြန်မာအစိုးရ  သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဦးကိုကိုလှိုင်၏  နိုင်ငံရေးအကျဉ်းသားစာရင်းဆိုင်ရာ ပုတ် ခတ် ပြောဆိုမှုကို ပြင်းထန်စွာ ရှုံ့ချလိုက်သည်။
 “ဦးကိုကိုလှိုင်ပြောတဲ့စကား ပြောဗျာ လူကြီးလူကောင်းတယောက်ပြောတဲ့   လေသံမှမဟုတ်ပဲ၊ လမ်းဘေး စကားပြော သွားတာပဲ၊ ကျနော်တို့က ကျနော်တို့ AAPP က  ခံယူထားတဲ့ နိုင်ငံရေးအကျဉ်းသား ရဲ့ အဓိပ္ပါယ်၊ နိုင်ငံတကာ က သတ် မှတ်  ထားတဲ့ ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ခံနေရတဲ့ အကျဉ်း သား၊  နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စံချိန်စံညွှန်းတွေ အပေါ်မှာ အခြေခံပြီး  စုဆောင်းခဲ့ တာဖြစ်ပါတယ်”ဟု AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က  ပြောသည်။
  မကြာသေးမီက သမ္မတအကြံပေး ခေါင်းဆောင် ဦးကိုကိုလှိုင်က The Voice  သို့ပြောခဲ့ရာတွင် “ဘန်ကောက်ကလူတွေ က စာရင်းကောက်တာက ဘာနဲ့စာရင်း  ကောက်တာလဲ။ အကျဉ်းဦးစီးဌာနက သူတို့ ကို စာရင်းပို့သလား၊ မဟုတ်ဘူး။ သူတို့  လေသံကြားနဲ့ အကုန်လုံး ထည့်ထားတာတွေ အများကြီး ရှိတယ်။ တချို့ကလည်း  ပွင့်ပွင့်လင်းလင်း ပြောရ လို့ရှိ ရင် စာရင်းများများရလေ ထောက်ပံ့ကြေး  များများ ရလေ” ဟု ပြောခဲ့သည်။
 “ဦးကိုကိုလှိုင်ပြောသွားတဲ့ အထဲမှာ စာရင်းများများရလေ ထောက်ပံ့ကြေးများများရလေဆို တာ  ဘာကိုပြောတာလဲ ကျနော်တော့ နားမလည်ဘူး။ ဘာကြောင့်ရမှာလဲ၊ ဒီစာရင်းတွေ  ထုတ်ပြန်လို့ ဘယ်သူက ပိုက်ဆံလာပေးမလဲ”ဟု ကိုတိတ်နိုင်က ပြောသည်။
 ဆက်လက်၍ AAPP က ကိုတိတ်နိုင်က နိုင်ငံရေးအကျဉ်းသားများကိစ္စနှင့်  အကျဉ်းထောင်များ၏ အခြေ အနေကို ခက် ခက်ခဲခဲ ကြိုးစားတင်ပြနေကြောင်း  အကျဉ်းဦးစီးဌာန အပါအ၀င် မည်သည့် အာဏာပိုင်ကမှ နိုင်ငံရေး အကျဉ်းသား  အရေအတွက်ကို တရားဝင် အသိမပေးသကဲ့သို့ အကျဉ်းဦးစီးဌာန ကိုယ် တိုင်  နိုင်ငံရေး အကျဉ်းသား မည်မျှ ရှိသည်ကို မသိကြောင်း၊ မြန်မာပြည်တွင်း  သွားရောက်ကာ တရားဝင်စာရင်းကောက်ခံရန် မလွယ်ကြောင်း၊လုံခြုံရေး အထပ်ထပ် ကို  ကျော်ဖြတ်ပြီးမှ စာရင်းတွေကို စုဆောင်းခဲ့ကြောင်း၊  ဓာတ်ပုံနှင့်ကိုယ်ရေးအကျဉ်း များကို စုဆောင်းခဲ့ကြောင်း၊ ၄င်းတို့ မသိပဲ လွတ်သွားသူများရှိသကဲ့သို့ စာရင်းတွင် ထည့်သွင်းနိုင်ခြင်းမရှိသေး သော  နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိ နေမည်ဟု ယုံကြည်ကြောင်းသူက ရှင်းပြသည်။
 ထို့အပြင် သမ္မတ ဦးသိန်းစိန်၏ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာသော  နိုင်ငံရေး အကျဉ်းသား ၂၂၅ ဦးရှိရာတွင် AAPP စာရင်းတွင် မပါဝင်ပဲ  လွတ်မြောက်လာမှသာသိရသော နိုင်ငံရေး အကျဉ်းသား ၁၀ ဦးကျော် ပါ ၀င်  လာကြောင်း၊ အလားတူ လက်လှမ်း မမှီသော စာရင်းမသွင်းနိုင်သေးသည့် အထူးသဖြင့်  တိုင်းရင်းသား ဒေသများရှိ မတရားသင်းနှင့် ဆက်သွယ်သည်ဟု စွပ်စွဲ  ထောင်ဒဏ်ချမှတ် ခံထားရသူများရှိနိုင်ကြောင်းလည်း AAPP က ဆိုသည်။
  “အကျဉ်းထောင်တွေရဲ့ အခြေအနေတွေ၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေတွေကို  နည်းလမ်းပေါင်းစုံ နဲ့ လှျှို့ လျှို့ဝှက်ဝှက် စုံစမ်းပြီး  နိုင်ငံတကာသိအောင် လုပ်ဆောင်နေပါတယ်။ လူ့အခွင့်အရေး၊ အကျဉ်းသား အခွင့်အရေး  ချိုး ဖောက်ခံနေရမှုတွေကိုလည်း စဉ်ဆက်မပြတ်စုဆောင်းထားပါတယ်။ မှတ်တမ်းပုံစံ သွင်းပြီး လည်း သိမ်းဆည်းထားပါ တယ်။ တချိန်မှာ အမှန်တရားဖေါ်ထုတ်နိုင်ဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုေ တွကို ဟန့်တားနိုင်အောင် ရည်ရွယ်ပါ တယ်”ဟု သူက ဆိုသည်။
  နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ကာ အကျဉ်းချခံနေရသော ကိုမင်းကိုနိုင်အပါအ၀င်  ၈၈ မျိုးဆက်ကျောင်း သားများ ၊ ဦးခွန်ထွန်းဦး အပါအ၀င်  တိုင်းရင်းခေါင်းဆောင်များ၊   ၁၉၉၀ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက် ပွဲ မှ ရွေးချယ်တင် မြှောက်ခံ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူး ဟု ငြင်းဆိုနေခြင်းသည် အမှန် တရားကို ဖုံးကွယ်ထားခြင်းဖြစ်ကြောင်း AAPP က ထောက်ပြသည်။
 ထို့အပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ များကို စစ်အစိုးရ အဆက်ဆက်က တည်ဆဲဥပဒေအရဖမ်းဆီးခြင်း ဟု ပြောဆို ကာ ရာဇ၀တ်ပုဒ်များဖြင့်ဖမ်းဆီး ခြင်းအပြင်  ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်၍ စိတ္တဇ ဆေးရုံများသို့ပါ ပို့ဆောင်  ဖမ်းဆီးခြင်း၊ ချဲလောင်းကစားအစရှိသည့် ပုဒ်မများဖြင့်လည်း ဖမ်းဆီးကြောင်း  AAPP က ဆိုသည်။
 AAPP က အသင်းစတင်ဖွဲ့စည်းခဲ့စဉ်က အကျဉ်းကျနေသော  နိုင်ငံရေးအကျဉ်းသား ဆယ်ဂဏန်းမျှကို သာထောက်ပံ့ နိုင်ခဲ့ကြောင်း၊  နောက်ပိုင်းတွင် ၃၀၀ ကျော် ၄၀၀ ကျော်မျှသာ ထောက်ပံနိုင်ခဲ့ပြီး ယခုလည်း  နိုင်ငံရေးအကျဉ်းသား ၇ ရာကျော်အတွက်သာ ထောက်ပံ့နိုင်ခဲ့ကြောင်း၊  လက်လှမ်းမှီ သူလောက်သာကူညီနိုင်သေးကြောင်း၊ လုံလောက်တဲ့ ထောက်ပံ့မှုမျိုး ယခုထိ မထောက်ပံ့နိုင်သေးကြောင်း AAPP က ထောက်ပြသည်။
 AAPP အသင်းကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်  ကိုမင်းကိုနိုင် ကို န၀တ စစ်အစိုးရ ပထမဆုံး ဖမ်းဆီးခဲ့သည့် နေ့ကို  အမှတ်တရအဖြစ် မတ်လ ၂၃ ရက် ၂၀၀၀ ခုနှစ်က နိုင်ငံရေးအကျဉ်းသားဟောင်း များက  ဦးဆောင်ကာ စတင်ဖွဲ့ စည်း တည်ထောင်ခဲ့သည်။
  နိုင်ငံရေးအကျဉ်းသားများ အထင်အရှား ရှိသည့်ကိစ္စနှင့်ပတ်သက်၍  တောင်ငူအကျဉ်းထောင်မှ ထောင်ဒဏ် ၁၇ နှစ် ကျခံရပြီး အကျဉ်းထောင်ထဲတွင် ၁၂  နှစ်ကျော်ကြာနေခဲ့ရမှ ဒုတိယ အကြိမ် သမ္မတဦးသိန်စိန် အစိုးရ၏  လွတ်ငြိမ်းချမ်း သာခွင့်အမိန့်ဖြင့်လွတ်မြော က်လာသူ  ကိုဇော်ရဲဝင်းက နိုင်ငံရေး အကျဉ်းသားများ အကျဉ်းထောင်များထဲတွင် များစွာ  ကျန်ရှိနေသည်ကို နိုင်ငံတကာက ပိုမိုသိရှိစေရေးနှင့်အမြန် ဆုံးပြန်  လည်လွတ်မြောက်ရေးတို့အတွက် ကိုဇာဂနာ ဦး ဆောင်သည့် အကျဉ်းထောင် အသီးသီးရှိ  နိုင်ငံရေး အကျဉ်းသားများအား တတ်နိုင်သည့်ကူညီရေးတို့လုပ်ငန်းတို့တွင် ပူးပေါင်းလုပ်ဆောင်သွား မည်ဖြစ်သည်ဟု ဆိုသည်။
  “အခုကျန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်တွေထဲမှာ  အများကြီးရှိနေတာပဲဗျာ။ သူတို့တွေ ဟာ အမျိုး သားပြန်လည်သင့်မြတ်ရေးနဲ့  တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် တကယ့်ကိုအရေးပါတဲ့ လူတွေ ဖြစ်တယ်။ ၈၈  ကျောင်းသားခေါင်းဆောင်တွေနဲ့  တိုင်းရင်းသားခေါင်းဆောင်တွေဟာ တလျှောက်လုံး ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ တိုင်း ပြည်အကျိုးသက်သက်အတွက်ပေးဆပ်နေရတာကို ယုံကြည်စိတ်ချစွာ နဲ့ ပြန်လွှတ်ပေးသင့်တယ်”ဟု သူက ဆိုသည်။
No comments:
Post a Comment