ယမန်နေ့ည က ဖောက်ခွဲလိုက်သည့် ဗုံးအမျိုးအစားမှာ အမေရိကန်လုပ် မင်းဂွတ်သီးပုံ M 75 လက်ပစ်ဗုံးအမျိုးအစားဖြစ်ပြီး ညနေ ၃း၃၀ အချိန်ခန့်ကတာဝန်ကျလုံခြုံရေးများက အမှတ် ၄ ရဲဒေသမှူး ရဲမှူးကြီးဝင်းထွန်း၏ ကားအောက်တွင် စတင်တွေ့ရှိခဲ့သည်။ လက်ပစ်ဗုံးမှာ လုံခြုံရေးပင်ဖြုတ်ထားပြီး မပေါက်ကွဲသေးသဖြင့် အထဲတွင်ယမ်းပါ၊ မပါကိုဆုံးဖြတ်ရန်ခက်...ခဲသောကြောင့် အင်ဂျင်နီယာတပ်ကိုအကူအညီတောင်းခဲ့သည်။ ညနေခြောက်နာရီခွဲတွင် မြို့တော်ခန်းမအနီးလမ်းများကိုပိတ်ဆို့လိုက်ပြီး ၄င်းဗုံးအား အန္တရာယ်ကင်းစွာဖောက်ခွဲနိုင်ရန်စီစဉ်ခဲ့သည်။
ထို့နောက် Water canon များဖြင့် ရေအားသုံးပြီးဗုံးသီးကိုတုန်ခါပေါက်ကွဲစေခဲ့သည်။ ည ၇ နာရီအချိန်တွင် ဗုံးသီးမှပေါက်ကွဲသံထွက်ပေါ်ခဲ့သော်လည်း အပြီးသတ် မပေါက်ကွဲခဲ့သောကြောင့် ဗုံးသီးပတ်လည်တွင် C4 ယမ်းပြင်းများချိတ်ပြီး ကားတာယာများ၊ သဲအိတ်များကာရန်ကာ ထပ်မံဖောက်ခွဲခဲ့သည်။ ည ၉ နာရီတွင် ဗုံးသီးမှာအပြီးသတ်ပေါက်ကွဲသွားခဲ့သည် ဟု အခင်းဖြစ်ပွားချိန်က တာဝန်ယူခဲ့သည့် ရဲဝန်ထမ်းတစ်ဦးကပြောသည်။
ဗုံးသီးမဖောက်ခွဲမီ လုံခြုံရေးတာဝန်ရှိသူများက မြို့တော်ခန်းမအနီးတစ်ဝိုက်တွင်နေထိုင်သူများသို့ လိုက်လံအသိပေးခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးထိခိုက်တစ်စုံတစ်ရာမရှိခဲ့ပေ။ ၄င်းလက်ပစ်ဗုံးမှာ မည်သည့်အဖွဲ့အစည်း၏လက်ချက်ဖြစ်သည်ကိုမူ လက်ရှိအချိန်ထိမသိရှိရသေးပေ။
ဗုံးသီးမဖောက်ခွဲမီ လုံခြုံရေးတာဝန်ရှိသူများက မြို့တော်ခန်းမအနီးတစ်ဝိုက်တွင်
No comments:
Post a Comment