
ရှေ့တန်းစစ်ဆင်ရေး တစ်နေရာ
-
ကေအိုင်အေ  တပ်မဟာ ၃၊လက်အောက်ခံ တပ်ရင်း ၁၅ နေရာဖြစ်သော ဘွမ်ဆန်တွင် အောက်တိုဘာလ ၅  ရက်နေ့ နံနက် ၉ နာရီတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး  ကေအိုင်အေမှ  မြန်မာအစိုးရ စစ်တပ် ရှေ့တန်းစခန်းတခုကို  ၀င်ရောက်နေရာယူလိုက်  ကြောင်းသိရသည်။
- ယင်းနေရာတွင် အောက်တိုဘာလ ၄ ရက်နေ့မှ  စတင်ကာ တိုက်ပွဲများတဖန်ပြန်လည်ဖြစ်ပွား နေခြင်းဖြစ်သည်။ ကေအိုင်အေမှ  ၀င်ရောက်နေရာယူ လိုက်သော ရှေ့တန်းစခန်းသည် ဇွန်လ ၁၂ ရက်နေ့ က မြန်မာအစိုးရ  စစ်တပ်တို့ နေရာယူလိုက်သည့် ဘွမ်ဆန်ဒေသ တ၀ိုက်တွင်ပင် ဖြစ်သည်။
မန်စီမြို့နယ်၊  မန်စီမြို့၊ ရွာသစ်ကုန်း ကျေးရွာအနီးတွင် ကေအိုင်အေ တပ်မဟာ ၁ နှင့် စကခ ၂၁  လက်အောက်ခံ ခလရ ၄၇ တို့နှင့် အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်တွင်  တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ယင်း တိုက်ပွဲများတွင် မြန်မာအစိုးရစစ်တပ်မှ ၁  ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရရှိသွားကြောင်းသိရသည်။
-ရှမ်းပြည်မြောက်ပိုင်း  မန်တုံမြို့နယ်၊ မန်ဟိုင်း – စိုင်းခေါင်း နေရာတွင် ကေအိုင်အေ တပ်မဟာ ၄  လက်အောက်ခံ၊ တပ်ရင်း ၈ တို့နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ၊  နမ္မတူမြို့အခြေစိုက် ခမရ ၃၂၄ တို့ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီခွဲ  ၀န်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ ယင်းတိုက်ပွဲတွင်  မြန်မာအစိုးရစစ်တပ်မှ  ၄ ဦးကျဆုံးခဲ့ပြီး ၁ ဦး  ဒဏ်ရာရရှိသွားကြောင်းသိရသည်။
- အောက်တိုဘာလ ၄ ရက်နေ့တွင်  လားရှိုးမှ ကွမ်းလုံသို့ မြန်မာအစိုးရစစ်တပ်မှ စစ်သားတင် စစ်ကား အစီး ၄၀  တက်သွားကြောင်းသိရသည်။ ယင်း အစီး ၄၀ အနက်မှ ၃ စီးတွင် အကျဉ်းသားများတင်  ဆောင်ထားကြောင်းသိရသည်။ ယင်းလမ်းမှ တဆင့် ၀ ဒေသနှင့်  ကိုးကန့်ဒေသသို့လည်းဆက်သွယ် သွားလာနိုင်ကြောင်းသိရသည်။
No comments:
Post a Comment