![]() |
ဗုဒ္ဓဂါယရောက်သမ္မတသိန်းစိန်။ |
အိန္ဒိယသို့ ချစ်ကြည်ရေး ခရီးစဉ်သွားရောက်သော သမ္မတ ဦးသိန်းစိန်သည် သီတင်းကျွတ်လပြည့်နေ့ကဗီဟာပြည်နယ် ဂယာမြို့ရှိ ဗုဒ္ဓဂါယသို့ ပထမဆုံး သွားရောက်သည်။ Royal Presidency ဟိုတယ်တွင် တည်းခိုနေကြောင်း၊ ဗုဒ္ဓပွင့်တော်မူရာ မဟာဗောဓိ စေတီတော်သို့ သွားရောက်ဖူးမျှော်မည်ဖြစ်ကြောင်း၊ ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့တွင် ဗုဒ္ဓ ဂါယရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကထိန်သင်္ကန်း ကပ်လှူမည်ဖြစ်ပြီး သံဃာတော်များကို ပင့်ဖိတ်ထားကြောင်း၊ ထိုမှ ဗာရာဏသီ၊ ကုသိနာရုံတို့သို့ သွားမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment