မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ်နိုင်ငံခြားငွေလဲလှယ် စင်တာအား  သိမ်ဖြူလမ်း တွင် အောက် တို ဘာ လ (၁) ရက်နေ့မှ စတင်ဖွင့် လှစ်ခဲ့ပြီး  နိုင်ငံခြားငွေလဲလှယ်မူများကို ပြင်ပ ငွေးကြေးဈေး ကွက်  ပေါက်ဈေးနူန်း များ အတိုင်း လဲလှယ်ပေးလျက်ရှိသောကြောင့်  လာရောက်လဲလှယ်မူများကြောင်း သိရသည်။
“အပြင်ဈေးကွက်အတိုင်းလဲပေးတာဆိုတော့။  လာတဲ့သူတွေများတယ်ဗျ။ ကျွန်တော်ဆို မနက် ၉နာရီထိုးလောက်ကရောက် နေ့လည် ၁၂  နာရီထိုးခါနီးမှ လဲလို့ရတယ်” တာမွေမြို့နယ်မှ သိမ်ဖြူလမ်းရှိနိုင်ငံခြား  ငွေကြေးလဲလှယ် စင်တာသို့လာရောက်လဲလှယ်သူ တစ်ဦးကပြောသည်။
ယင်း  စင်တာတွင် နိုင်ငံခြားငွေကြေးများအား စုဆောင်းလိုသူနှင့်  ပြန်လည်ရောင်းချလိုသူတို့သည် ဒေါ်လာ ၁၀၀၀  လဲလှယ်မည်ဆိုပါက  မိမိမှတ်ပုံတင်မူရင်းယူဆောင်လာရမည်ဖြစ်ကြောင်းသိရသည်။
ထို  စင်တာတွင် အင်းဝဘဏ် ၊မြ၀တီဘဏ်၊ CBဘဏ်၊MOBဘဏ်၊ စက်မှုဘဏ် နှင့်ကမ္ဘောဇဘဏ် စသော  ဘဏ် ခြောက်ခုတို့မှာ FEC ၊ စင်္ကပူဒေါ်လာ၊ အမေရိကန်ဒေါ်လာနှင့်ယူရို စသော  နိုင်ငံခြားငွေကြေးများအား လဲလှယ် ပေးလျက်ရှိကြောင်းသိရသည်။
“၀ယ်ဈေးရော၊  ရောင်းဈေးပါ ကြော်ငြာထားပေးထားပါတယ်။ လာရောက်လဲလှယ်သူတွေ အနေနဲ့အဆင်  ပြေအောင်လို့ပါ။ အဓိကတော့ အများသုံးတဲ့ ဒေါ်လာနဲ့ ယူရို ပေါ့။ ဒါပေမယ့်  အဲစင်တာမှာ နိုင်ငံခြားငွေ လေးမျိုးလောက် လဲပေးပါတယ်” ဟု  KBZ ဘဏ် ဥက္ကဌ  ဦးသန်းလွင်  ကပြောသည်။
သိမ်ဖြူ နိုင်ငံခြားငွေကြေးလဲလှယ်ရေး  စင်တာအား ပိတ်ရက်မရှိ ဖွင့်လှစ်ထားပြီး နေ့စဉ် နိုင်ငံခြားငွေကြေး  လာရောက်လဲလှယ်သူဦးရေ ၈၀၀၀ မှ ၁၅၀၀၀ ၀န်းကျင်ခန့်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံခြားငွေကြေးလဲလှယ်ရေး  စင်တာ ဖွင့်လှစ်ပေးခြင်းကြောင့် ပြည်ပနိုင်ငံများတွင်  သွားရောက်လုပ်ကိုင်သူများအနေဖြင့် နိုင်ငံခြားငွေကြေးအား မြန်မာ  ကျပ်ငွေဖြင့်ပြန်လည်လဲလှယ် ရာတွင် အဆင်ပြေမူများ၊  မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သော နိုင်ငံခြားခရီးသွားများ အနေဖြင့်  ငွေကြေးလဲလှယ်ရာတွင် အဆင်ပြေလာမူများရှိလာစေကြောင်း  ငွေကြေးလဲလှယ်နေသူများမှ သုံးသပ်ပြောသည်။
No comments:
Post a Comment