မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ်ရှိ  အကျဉ်းထောင်တွင်အစိုးရဝေဖန်ရေးသမားနှင့်  ဟာသ အနုပညာရှင် ဇာဂနာ(ဦးသူရ) တစ်  ယောက် ၎င်း၏မိသားစုဝင်များ အပါအဝင်  ကမ္ဘာကြီးနှင့် အဆက်အသွယ်ပြတ်ကာ  ဖမ်းဆီးချုပ်နှောင် ခံထားရသည်။  မြန်မာစစ်အစိုးရအပေါ် နာဂစ် မုန်တိုင်း  ကယ်ဆယ်ရေးကိစ္စနှင့်ပတ်သက်၍  ဝေဖန်ပြောဆိုမှုများ ပြု လုပ်ခြင်းကြောင့်  ထောင်ဒဏ် ၅၉ နှစ်  ပြစ်ဒဏ်ချမှတ်ခံထားရခြင်းဖြစ်သည်။ ကိုဇာဂနာ၏  မိဘနှစ်ပါးမှာ  ၎င်းအကျဉ်းကျခံထားရစဉ် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။  ဆွေမျိုးသားချင်းများနှင့်  ကိုဇာဂနာ အဆက်အသွယ် မရခဲ့သည်မှာ လည်း  တစ်နှစ်ကျော်ခန့်ရှိပြီဖြစ်သည်။
၂၀၁၁   ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်စောစော ၅ နာရီ ၃၀ မိနစ်ခန့်၌   အကျဉ်းထောင် အစောင့်များက ကိုဇာဂနာကို လာနှိုးကြ သည်။ ၎င်းအပါအဝင် အခြား   နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွှတ်ပေးရန်   လာနှိုးခြင်းဖြစ်သည်ကို သိလိုက်ရသောအခါ ကိုဇာဂနာ တစ်ယောက် အတော်ပင်   ဝမ်းသာပီတိ ဖြစ်သွားသည်။ လွန်စွာတင်းကြပ်ပြီး အာဏာရှင်ဆန်လွန်းသော   စနစ်ကျင့်သုံးသည့် မြန်မာအစိုးရ အနေ ဖြင့် နောက်ဆုံးတွင် အပြောင်းအလဲ   ပြုလုပ်လာရပြီဟု ကိုဇာဂနာထင်မှတ်ခဲ့သည်။
အချိန်များစွာမကြာလိုက်ပါ။   မိမိ၏ စိတ်လှုပ်ရှားမှုများနှင့် ပျော်ရွှင်မှုများမှာ မကြာခင်ပင်   စိတ်ဆိုးဒေါသ ထွက်ရသည့် အခြေအနေသို့ ရောက် သွားရကြောင်း   ကိုဇာဂနာကပြောပြသည်။ ကိုဇာဂနာကဲ့သို့ နိုင်ငံရေးအတွက်   တက်ကြွစွာလှုပ်ရှားခဲ့သူ နှစ်ထောင်နီးပါးခန့်မှာ မြန်မာနိုင်ငံရှိ အကျဉ်း   ထောင် အသီးသီးတွင် ဆက်လက်ထိန်းသိမ်း ခံထားရဆဲဖြစ်သည်။ ကိုဇာဂနာ   အကျဉ်းချခံခဲ့ရသည့် မြစ်ကြီးနားအကျဉ်းထောင်တွင်လည်း နိုင်ငံရေး အကျဉ်းသား   ၁၈ ဦး ဆက်လက် ကျန်ရှိနေဆဲဖြစ်သည်။ "သူတို့သာ   အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန်တကယ်ရယူချင်တယ်ဆိုရင် နိုင်ငံရေး   အကျဉ်းသားတွေ အားလုံးကိုလွှတ်ပေးသင့်တယ်" ဟု စွယ်စုံရ   အနုပညာရှင်တစ်ဦးလည်းဖြစ်သော ကိုဇာဂနာက ရန်ကုန်မြို့တွင်ပြုလုပ်သော အင်တာ   ဗျူး၌ ပြောကြားသည်။ အာရှတွင် မဟာဗျူဟာ အလှည့်အပြောင်းဖြစ်မည့် အနေအထားသို့   ရောက်ရှိနေသော မြန်မာနိုင်ငံက နှစ်ပေါင်း ၅၀ တာ ကာလ ကြာမျှ   အထီးကျန်ဖြစ်ခဲ့မှုအဆုံးသတ်မည့် အရိပ်လက္ခဏာများ ထုတ်ဖော်ပြသနေမှုနှင့်   ပတ်သက်၍ လူအများက မေးခွန်းထုတ်သည့်အတိုင်းပင် ကိုဇာဂနာ က ယခုလိုမေးသည်။
"မြန်မာနိုင်ငံဟာ   တကယ်ပဲ ပွင့်လင်းလာပြီလား" မြန်မာခေါင်းဆောင်များနှင့် နီးစပ်သော   သံတမန်များနှင့် ဥပဒေပြုသမားများ၏ အဆိုအရ ဆိုပါက ကိုဇာဂနာ၏   မေးခွန်းအတွက်အဖြေမှာ ဟုတ်မှန်သည်ဟုပင် ဆိုရပါမည်။ နိုင်ငံရေး   အကျဉ်းသားများ အနည်းငယ်မျှသာ လွှတ်ပေးမှုကြောင့် စိတ်ပျက် အားလျော့မှုများ   ဖြစ်ပေါ်ခဲ့သည့်တိုင် ယခုနှစ်အတွင်း အရှိန်အဟုန်နှင့် ဖြစ်ပေါ် ခဲ့သော   ပြုပြင်ပြောင်း လဲမှုများမှာ ဆက်လက်ဖြစ်ပေါ်လာ ဖွယ် ရှိသည်။
လက်တလောပေါ်ထွက်လာသော   အစိုးရ၏ ကမ်းလှမ်းချက်များကိုကြည့်ပါက တိုင်းရင်းသား လူနည်းစု   အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းခြင်း၊   အစိုးရအပေါ် ပြစ်တင်ဝေဖန်မှုများအပေါ် သည်းညဉ်းခံခြင်း၊   မီဒီယာထိန်းချုပ်မှုများကို ဖြေလျှော့ပေးခြင်း၊ နှစ်ပေါင်း ၁၅ နှစ် တာမျှ   နေအိမ်အကျယ်ချုပ်ကျခံခဲ့ရာမှ ပြန်လည် လွတ်မြောက် လာသော   နိုဘယ် လ်ငြိမ်း ချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဆက်အသွယ်များ   ပိုမိုပြုလုပ်လာခြင်း စသည်တို့ကို တွေ့ရသည်။
"တကယ်လို့   သူတို့အနေနဲ့ တစ်ကြိမ်ထဲမှာ အရမ်းကိုမြန်မြန်ဆန်ဆန်နဲ့ အပြောင်းအလဲတွေ   အများကြီး လုပ်မယ်ဆိုရင် နောက်ကြောင်းပြန် လှည့်သွားနိုင်တဲ့   အန္တရာယ်ရှိနေပါတယ်" ဟု အမည်မဖော်ပြလိုသော ဝန်ကြီးတစ်ဦးက ဆိုသည်။  ၎င်းသည်  မြန်မာနိုင်ငံနှင့်သံတမန်ဆိုင်ရာ ဆက်ဆံရေး အကဲဆန်းမှုများ   ဖြစ်ပေါ်လာနိုင်သောကြောင့် အမည်နှင့် မည်သည့်နိုင်ငံမှ ဖြစ်သည်ကို   မဖော်ပြခြင်းဖြစ်သည်။ ၎င်းနှင့် အရှေ့တောင်အာရှနိုင်ငံများမှ သံတမန်များသည်   လာမည့် နိုဝင်ဘာလ၊ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပပြုလုပ်မည့်   ထိပ်သီးဆွေးနွေးပွဲ၌ ၂၀၁၄ ခုနှစ်၊ အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌရာထူး  မြန်မာနိုင်ငံ  လွှဲပြောင်းရယူမည့်ကိစ္စကို အတည်ပြုကြလိမ့်မည်ဟု  မျှော်လင့်ရသည်။
(15 Oct 2011 ရက်စွဲပါ၊ Reuters သတင်းဌာနမှ "Investment prospects behind Myanmar's opening up to the world" ကို ဘာသာပြန်ဆိုသည်) 
No comments:
Post a Comment