နိုင်ငံခြားငွေလဲကောင်တာတွေမှာေ ပါက်တဲ့  ငွေဈေးနဲ့ ပြင်ပပေါက်ဈေးတကျပ်သာကွာတော့ တဲ့အ တွက် ပြင်ပမှာ လိုသလောက်  ရောင်းဝယ်နေကြပြီလို့ ပို့ကုန်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
  ဒီနေ့ ငွေလဲကောင်တာတွေမှာ ပေါက်ဈေးက အမေရိကန်တဒေါ်လာ ၈၃၄ ကျပ်ဖြစ်ပြီး  ပြင်ပမှာ တဒေါ်လာ ၈၃၅ ကျပ်ဈေးနဲ့ ရောင်းဝယ်နေကြတယ်လို့ ပြောပါတယ်။
  အခုပေါက်နေတဲ့ ငွေဈေးဟာ လုပ်ငန်းရှင်တွေအတွက် သင့်လျော်တဲ့ ငွေဈေးဖြစ်ပြီး  အကောင်းဆုံးခြေလှမ်းတရပ်လို့ ယူဆကြောင်း ပို့ကုန်လုပ်ငန်းရှင်က ပြောပါတယ်။
အခုလို ငွေဈေးတည်ငြိမ်သွားတဲ့အတွက် ဒေါ်လာနဲ့လုပ်တဲ့ လုပ်ငန်းသမားတွေ ရဲရဲဝံ့ဝံ့ လုပ်ရဲသွားတယ်လို့လည်း ဆိုပါတယ်။
အခုလို ငွေဈေးတည်ငြိမ်သွားတဲ့အတွက် ဒေါ်လာနဲ့လုပ်တဲ့ လုပ်ငန်းသမားတွေ ရဲရဲဝံ့ဝံ့ လုပ်ရဲသွားတယ်လို့လည်း ဆိုပါတယ်။
  ခြွင်းချက်အနေနဲ့ ဒီလိုငွေလဲကောင်တာတွေက နိုင်ငံခြားငွေ အရောင်းအဝယ် လုပ်တာကို ရေရှည်လုပ်ပေးဖို့ လိုတယ်လို့လည်း ဆိုပါတယ်။
  အောက်တိုဘာ ၁ ရက်နေ့ကစပြီး ရန်ကုန်မြို့ သိမ်ဖြူလမ်း အောက်ဆုံး ဘလောက်မှာ  နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာတွေ ဖွင့်လှစ်ပေးခဲ့ပါတယ်။
  အမေရိကန် ဒေါ်လာ ရောင်းဝယ်မှုကို မည်သူမဆို ကောင်တာတခုမှာ ဒေါ်လာ ၂၀၀၀ အထိ  လွတ်လွတ်လပ်လပ် ရောင်းဝယ်နိုင်ပေမယ့် ဒီထက် ပိုများတဲ့ ငွေပမာဏ အရောင်းအဝယ်  လုပ်ချင်ရင် နိုင်ငံခြားငွေဆိုင်ရာ အထောက်အထား တစုံတခု ပြဖို့ လိုတယ်လို့  သိရပါတယ်။

No comments:
Post a Comment