အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး Marty Natalegawa သည် ယနေ့ နေ့လည်ပိုင်းက စစ်တွေမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။
ယနေ့ နေ့လည် ၁ နာရီ ၅၅ ငါးမိနစ်တွင် တပ်မတော် လေယာဉ်ဖြင့် ရောက်ရှိလာခဲ့သည်ဟု ဒေသဆိုင်ရာ လူကြီး တစ်ဦးက ပြောသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးသည် စစ်တွေမြို့သို့ ရောက်ရှိလာ
ပြီးနောက် ရဟတ်ယာဉ်များဖြင့် နေ့လည် ၂ နာရီ ၁၀ မိနစ်တွင်
ဒုက္ခသည်များရှိရာ ပေါက်တော၊ မင်းပြား၊ ကျောက်တော်နှင့်
မောင်တောမြို့နယ်များသို့ ထွက်ခွာသွားခဲ့သည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးနှင့် အတူ နေပြည်တော်မှ ၀န်ကြီးများ၊
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဦးလှမောင်တင်၊ ဒကစ မှူး နှင့် အစိုးရ
အရာရှိကြီးများ လိုက်ပါသွားသည်ဟု ဆိုသည်။
“ ရခိုင်ဘက်က မြို့မိမြို့ဖတွေနဲ့ ညနေ ၄ နာရီမှာ တွေ့ဖို့
ချိန်းထားပါတယ်။ အခုအချိန်ထိ မရောက်သေးပါဘူး။ ရဟတ်ယာဉ်တွေနဲ့ ထွက်သွားတာ
ပြန်မရောက်သေးပါဘူး” ဟု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က
ပြောသည်။
စစ်တွေမြို့သို့ ညနေ ၅ နာရီ ကျော်မှ ပြန်လည် ရောက်ရှိလာသည်ဟု သိရသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးနှင့် စစ်တွေမြို့မှ
ကုန်သည်ကြီးများ အားလုံးကိုတွေ့ဆုံရန် စစ်တွေ ဟိုတည်သို့ ဖိတ်ကြားထားသည်
ဟုဆိုသည်။
ယနေ့ ညနေတွင် စစ်တွေဟိုတည်တွင် အရေးအခင်းဖြစ်ပွါးသော ပေါက်တော ၊
ကျောက်တော် ၊ မင်းပြား ၊ မောင်တောမြို့နယ်ရှိ ဒုက္ခသည်များနှင့် ပတ်သက်ပြီး
ရှင်းလင်း ပြောကြားမည်ဟု သတင်းများ ရရှိသည်။
စစ်တွေဟိုတည်တွင် ညနေစာ ဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်ကြောင်းနှင့်
နောက်တစ်နေ့ နံနက်တွင် သဲချောင်းကျေးရွာရှိ မွတ်ဆလင် ဒုက္ခသည်များနှင့်
တွေ့ဆုံမည် ဖြစ်ကြောင်း သိရပါသည်။
Showing posts with label သတင်းရင်း(နိရဉ္ဖရာ ). Show all posts
Showing posts with label သတင်းရင်း(နိရဉ္ဖရာ ). Show all posts
Monday, January 7, 2013
Wednesday, March 14, 2012
တရုတ်ပြည်သို့ ပင်လယ်ရေအောက်မှ သွယ်တန်းမည့် ဂတ်(စ်)ပိုက်လိုင်းပြုလုပ်ရန် ပင်လယ်ရေအောက်ရှိ သန္တာကျောက်တန်းအား မိုင်းခွဲရာမှ ရှာပါး ပင်လယ်ရေအောက်မျိုးစိတ်များ ပျက်စီးလျှက်ရှိ။

တရုတ်သို့ သွယ်တန်းမည့် ဂတ်စ်ပိုက်လိုင်း တည်ဆောက်ရန် အတွက် သန္တာကျောက်တန်းများကို မိုင်းခွဲ ဖြိုချနေမှုကြောင့် ရခိုင်ကမ်းရိုးတန်းတွင် ကျက်စားနေသော အဖိုးတန် ရေနေသတ္တ၀ါများ သေဆုံးမှုများ ရှိနေကြောင်း သတင်း ရရှိသည်။
မတ်လ ၇ ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်းတွင် ပင်လယ်ကမ်းခြေ တစ်နေရာတွင် သေဆုံး၍ တွေ့ရှိခဲ့သော ဝေလ ငါးမန်းကြီး နှစ်ကောင်မှာ ဂတ်စ် ပိုက်လိုင်း တည်ဆောက်ရန် ကျောက်တန်းများကို မိုင်းခွဲရာမှ ဒဏ်ရာရရှိပြီး သေဆုံး သွားသော ငါးများ ဖြစ်နိုင်ကြောင်း လေ့လာသုံးသပ် သူများက ပြောသည်။
သေဆုံးသွားသည့် ဝေလငါးမန်းများမှာ အဖိုတစ်ကောင်နှင့် အမတစ်ကောင်ဖြစ်ပြီး အဖိုကောင် မှာ အလျှား ၂၁ ပေ၊ လုံးပတ် ၁၂ ပေ ရှိပြီး အမကောင်မှာ အလျှား ၁၈ ပေ ၈ လက်မနှင့် လုံးပတ် ၈ ပေရှိကြောင်း သိရသည်။
“နစက အရာရှိတွေက ဒီငါးကိစ္စကို အထက်ကို အစီရင်ခံဖို့ မောင်တောငါးလုပ်ငန်း ဦးစီးဌာနကို လာမေးပါတယ်။ ငါးလုပ်ငန်း ဦးစီးဌာနကပြောတာက ဒီငါးတွေက ဒီဘက် မောင်တော ပင်လယ်ပြင်မှာ ကျက်စားတဲ့ ငါးတွေ မဟုတ်ဘူး။ ကျောက်ဖြူနဲ့ သံတွဲဘက်မှာ ကျက်စားတဲ့ငါးတွေ ဖြစ်တယ်။ ဒီငါးတွေဟာ အဲဒီဘက်က အကြောင်း တခုခုကြောင့် နယ်ပြောင်းလာတာ ဖြစ်နိုင်တယ်ဆိုပြီး မှတ်ချက်ပေးလိုက်ပါတယ်” ဟု မောင်တော ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယခုအခါ ကျောက်ဖြူမြို့နယ်အတွင်း ဂတ်စ်ပိုက်လိုင်း တည်ဆောက်ရန် အတွက် ရေအောက် သန္တာကျောက်တန်းများကို မိုင်းခွဲ ဖြိုဖျက်နေရာ အဆိုပါ ကျောက်တန်းများနှင့် အနီးတ၀ိုက်တွင် ခိုအောင်း ကျက်စားနေသော ငါးအများအပြား သေဆုံးနေပြီး တစ်ချို့ငါးများမှာ သူတို့ ကျက်စားရာ နေရာများကို စွန့်ခွာထွက်ပြေး နေကြသည်ဟု သိရသည်။
“မောင်တော ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနကတော့ ဘာကြောင့် ဒီလို ငါးကြီးနှစ်ကောင် တပြိုင်တည်း သေဆုံးသွားတယ်ဆိုတာ တိတိကျကျ မှတ်ချက် မပေးနိုင်ဘူး။ သူတို့ပြောတာကတော့ ဒီငါးတွေဟာ ကျောက်ဖြူ- သံတွဲ ပင်လယ်ပြင်မှာ ကျက်စားတဲ့ ငါးတွေ ဖြစ်တယ်။ ရေလုပ်သားတွေ ပိုက်မှာ ဖမ်းမိပြီး ပြန်လွှတ်လိုက်လို့ သောင်တင်သေဆုံးတာလို့ ယူဆရတယ် ဆိုပြီး ပြောပါတယ်။
ဒီလောက်ကြီးတဲ့ ငါးကြီးတွေ ပိုက်မှာ မိပြီး ပြန်လည် လွှတ်ပေးဖို့ဆိုတာ ဖြစ်နိုင်ခြေမရှိပါဘူး။ ဒီကောင်တွေ ဒဏ်ရာ ရပြီး သေသွားတာက ဖြစ်နိုင်ချေများပါတယ်” ဟု မောင်တောမြို့မှ ငါးဖမ်းသမား တစ်ဦးက ပြောသည်။
၎င်းအပြင်အဆိုပါ ဝေလ ငါးမန်းများကို ငါးလုပ်ငန်းဦးစီးဌာနမှ ဖမ်းဆီးခြင်းပိတ်ပင် ထားကြောင်းကိုလည်း သိရသည်။
“ဒီငါးကြီးတွေဟာ ကျောက်ဖြူနှင့် သံတွဲ ပင်လယ်ပြင်တွေမှာ ကျက်စားတဲ့ ငါးအမျိုးအစားတွေ ဖြစ်တဲ့အတွက် ဒီဘက်မှာက ငါးတွေ မိုင်းဒဏ်ကြောင့်သေဆုံးမှုများ ရှိနေတဲ့အတွက် မိုင်းခွဲမှုကြောင့် သေဆုံးသွားတာလည်း ဖြစ်နိုင်ပါတယ်။ သန္တာကျောက်တန်းတွေကို အခု မိုင်းခွဲနေတာကြောင့် နေ့စဉ်လိုလို ပင်လယ်ပြင်မှာ ငါးတွေ အများအပြား သေဆုံးနေတာကို တွေ့နေရပါတယ်။ အထူးသဖြင့် သံကျောက်ကျေးရွာတို့၊ စွန်ပန်းချိန်ရွာနဲ့ စိုင်ခြုံဘက်မှာ ဖြစ်ပါတယ်” ဟု ကျောက်ဖြူ ဒေသခံတစ်ဦးက ပြောသည်။
ကျောက်ဖြူမြို့နှင့် တဘက်ကမ်း စွန်ပန်းချိန်တွင် ဂတ်စ်ပိုက်လိုင်း ရေအောက်ကို ချရန်အတွက် မညီမညာ ဖြစ်နေသော သန္တာကျောက်တန်းများကို မိုင်းခွဲ ဖြိုချနေပြီး မဇရိုင်းကျွန်းတွင် တည်ရှိသော မင်းကန်ကျေးရွာခေါ် သံကျောက်တွင်လည်း သန္တာကျောက်တန်းများကို မိုင်းခွဲ ဖြိုချနေကြောင်း သိရသည်။
သံကျောက်ကျေးရွာမှာ ရခိုင်ဘုရင်များ လက်ထက်က သံချက်ခဲ့သောနေရာ ဖြစ်ပြီး ရခိုင်ပြည်နယ် (၁၀) နှစ်မြောက် အထူးထုတ် ဆောင်းပါး တစ်ပုဒ်တွင် အဆိုပါ နေရာမှာ ရခိုင်ဘုရင်များသံချက်ခဲ့သော နေရာ ဖြစ်ကြောင်း ဖေါ်ပြထားသည်ဟု ကျောက်ဖြူဒေသခံများက ဆိုသည်။
ယခု သေဆုံးနေသော ဝေလငါး ငါးမန်းကြီး နှစ်ကောင်ကို မောင်တောမြို့နယ် တောင်ပိုင်း နစက နယ်မြေ ၈၊ အင်းဒင်ကျေးရွာအနီး ပင်လယ်ခြေ တနေရာတွင် မတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် ရေလုပ်သားများမှ တွေ့ရှိခဲ့ပြီး ယခုအခါ ငါးများ၏ အရိုးစုများကို ရန်ကုန်ကို ယူဆောင်ရန် စီစဉ်နေကြောင်း သိရသည်။
ရခိုင်ကမ်းရိုးတန်းတွင် ဝေလငါးများ၊ ဝေလငါးမန်းများ ကျက်စားမှုများ ရှိခဲ့သော်လည်း အဆိုပါ ငါးများကို စနစ်တကျ ကာကွယ်စောင့်ရှောက်ခြင်း မရှိသဖြင့် ယခုအခါ ရှားပါးသွားပြီးဖြစ်ကြောင်း သိရသည်။
Sunday, November 20, 2011
မောင်တောတွင် ကောလဟာလ သတင်းများနှင့် မတည်ငြိမ်မူများဖြစ်ပွား။
မြန်မာ နောက်ဘက်နယ်စပ် မောင်တောမြို့တွင် ကောလဟလ သတင်းများ ပျံ့နှံ့နေသဖြင့် မတည်ငြိမ်မူများ ဖြစ်ကာ မြို့ခံများ အကြား စိုးရိမ်နေကြကြောင်း သိရသည်။
" မနေ့က ညဥ့် ၁၂ နာရီမှာ မွတ်ဆလင်တွေက စုရုံးပြီး မြို့ကို ဖြိုမယ်ဆိုတဲ့ သတင်းတွေ ထွက်လာ ပါတယ်။ ကညင်တန်းမှာ စုနေကြပြီ ဆိုပြီး သတင်းတွေ ထွက်လာတဲ့အတွက် ကျွန်မတို့ တရွာလုံး အိပ်ရာကထပြီး အခြေအနေကို စောင့်ကြည့်နေခဲ့ကြပါတယ်။ ကာဗျူး ထုတ်တယ်လို့ ကြားရတယ်" ဟု မြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။
တခြား အောင်ဗလ ရပ်ကွက်မှ အမျိုးသမီးတစ်ဦးကလည်း အဆိုပါ သတင်းကြောင့် သူတို့ရွာတွင် တအိမ်တယောက်ကျ အစည်းအဝေး ခေါ်ယူခဲ့ကြောင်းကို ယခုလို ပြော သည်။
" ဒီသတင်းတွေကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒီကနေ့မှာ အစည်း အဝေး ခေါ်ပြီး ပြောတယ်။ ဒီိနေ့ ညနေကစပြီး တစ်အိမ် တစ်ယောက်ကျ ကင်းစောင့်ရမယ်လို့ ပြောပါတယ်" ဟု ပြောသည်။
မောင်တောမြို့ ၀ိမလရပ်ကွက် တဘက်ကမ်း ရခိုင် ပြားသားရွာကို မွတ်ဆလင်များ မနေ့ ညဉ့်က ၀င်ရောက်တိုက်ခိုက်ကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့ကြောင်း လူငယ် တစ်ဦးက ပြောသည်။
" ကျွန်တော်တို့ ကြားတာက ပြားသားရွာကို မွတ်ဆလင်တွေ ဖြိုတယ်ဆိုပြီး ကြား တယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ သတင်းတွေက အမျိုးမျိုး ပြန့်နေပါတယ်" ဟုသူက ဆိုသည်။
ယခုကဲ့သို့ သတင်းများ ထွက်ပေါ်နေသဖြင့် မောင်တောတွင် ဆိုင်ခန်း တစ်ချို့လည်း ပိတ်ထားကြောင်း၊ သို့သော်လည်း အထက်တန်းကျောင်းမှာ ဖွင့်ထားကြောင်း မြို့ခံ မျက်မြင်များက ပြောသည်။
ထိုကဲ့သို့ သတင်းများ ထွက်ပေါ်နေသဖြင့် မောင်တောမြို့ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကို မေးမြန်းရာ ဘာမှ မဟုတ်ကြောင်း၊ မောင်တောမှာ အေးအေးဆေးဆေး ရှိကြောင်း၊ ကာဗျူး ထုတ်ထား သည်မှာလည်း မဟုတ်မှန်ကြောင်း ပြောဆိုသည်။
သို့သော်လည်း မောင်တောမြို့ခံများမှာ ကောလဟာလ သတင်းများ ပျံ့နှံ့နေသဖြင့် စိုးရိမ်ပူပန်မူများ တိုးပွားနေကြောင်း သိရသည်။
" မနေ့က ညဥ့် ၁၂ နာရီမှာ မွတ်ဆလင်တွေက စုရုံးပြီး မြို့ကို ဖြိုမယ်ဆိုတဲ့ သတင်းတွေ ထွက်လာ ပါတယ်။ ကညင်တန်းမှာ စုနေကြပြီ ဆိုပြီး သတင်းတွေ ထွက်လာတဲ့အတွက် ကျွန်မတို့ တရွာလုံး အိပ်ရာကထပြီး အခြေအနေကို စောင့်ကြည့်နေခဲ့ကြပါတယ်။ ကာဗျူး ထုတ်တယ်လို့ ကြားရတယ်" ဟု မြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။
တခြား အောင်ဗလ ရပ်ကွက်မှ အမျိုးသမီးတစ်ဦးကလည်း အဆိုပါ သတင်းကြောင့် သူတို့ရွာတွင် တအိမ်တယောက်ကျ အစည်းအဝေး ခေါ်ယူခဲ့ကြောင်းကို ယခုလို ပြော သည်။
" ဒီသတင်းတွေကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒီကနေ့မှာ အစည်း အဝေး ခေါ်ပြီး ပြောတယ်။ ဒီိနေ့ ညနေကစပြီး တစ်အိမ် တစ်ယောက်ကျ ကင်းစောင့်ရမယ်လို့ ပြောပါတယ်" ဟု ပြောသည်။
မောင်တောမြို့ ၀ိမလရပ်ကွက် တဘက်ကမ်း ရခိုင် ပြားသားရွာကို မွတ်ဆလင်များ မနေ့ ညဉ့်က ၀င်ရောက်တိုက်ခိုက်ကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့ကြောင်း လူငယ် တစ်ဦးက ပြောသည်။
" ကျွန်တော်တို့ ကြားတာက ပြားသားရွာကို မွတ်ဆလင်တွေ ဖြိုတယ်ဆိုပြီး ကြား တယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ သတင်းတွေက အမျိုးမျိုး ပြန့်နေပါတယ်" ဟုသူက ဆိုသည်။
ယခုကဲ့သို့ သတင်းများ ထွက်ပေါ်နေသဖြင့် မောင်တောတွင် ဆိုင်ခန်း တစ်ချို့လည်း ပိတ်ထားကြောင်း၊ သို့သော်လည်း အထက်တန်းကျောင်းမှာ ဖွင့်ထားကြောင်း မြို့ခံ မျက်မြင်များက ပြောသည်။
ထိုကဲ့သို့ သတင်းများ ထွက်ပေါ်နေသဖြင့် မောင်တောမြို့ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကို မေးမြန်းရာ ဘာမှ မဟုတ်ကြောင်း၊ မောင်တောမှာ အေးအေးဆေးဆေး ရှိကြောင်း၊ ကာဗျူး ထုတ်ထား သည်မှာလည်း မဟုတ်မှန်ကြောင်း ပြောဆိုသည်။
သို့သော်လည်း မောင်တောမြို့ခံများမှာ ကောလဟာလ သတင်းများ ပျံ့နှံ့နေသဖြင့် စိုးရိမ်ပူပန်မူများ တိုးပွားနေကြောင်း သိရသည်။
Wednesday, November 16, 2011
မြန်မာ အနောက်ဘက် နယ်စပ် နတ်မြစ်မှ ရဟန်းတော် တစ်ပါး အလောင်းကို ဆယ်ယူ ရရှိ။
နတ်မြစ်အတွင်းမှ အမည်မသိ ရဟန်းတော် တစ်ပါး၏ အလောင်းတစ်လောင်းကို ဆယ်ယူရရှိပြီး ယခုအခါ အဆိုပါ အလောင်းကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ကော့ဘဇားဆေးရုံသို့ ပို့ဆောင် လိုက်ကြောင်း သတင်း ရရှိသည်။
ကော့ဘဇားမြို့မှ ကိုကျော်ငြိမ်းက " ဆရာတော် အလောင်းက အခု ကော့ဘဇားဆေးရုံကို ရောက်နေပါပြီ။ မြန်မာဘက်က ဆရာတော်လား၊ ဒီဘက်က ဆရာတော်လား ဆိုတာ သည်းကွဲစွာ မသိရသေးဘူး။ အာဏာပိုင်တွေက စုံစမ်း စစ်ဆေးနေတာကို တွေ့ရပါတယ်" ဟု ပြောသည်။
၎င်းပြင် သေဆုံးသူ ဆရာတော်၏ အလောင်းမှာ အနည်းငယ် ပုတ်ပွနေပြီ ဖြစ်ကြောင်း သူက ပြောသည်။
" သေဆုံးနေပေမယ့် သင်္ကန်းတွေပါ ပါလာတဲ့ အတွက် ဆရာတော် တစ်ပါး ဖြစ်တယ်ဆိုတာကို အသေအချာ သိရပါတယ်။ အခု အလောင်းကို ဆေးစစ်ဆေးချက် ယူဖို့ လုပ်နေပါတယ်" ဟု သူက ဆက်ပြောသည်။
အဆိုပါ ဆရာတော် အလောင်းအား ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်း ခေါင်းတုံးဘက် နတ်မြစ်အဖျားတွင် မျောပါနေစဉ် ဒေသခံများက အကြောင်းကြားသဖြင့် ဘင်္ဂလာဒေခ်ျ့ရဲနှင့် နယ်ခြားစောင့်တပ်ဖွဲ့မှ ဆယ်ယူခဲ့ပြီး ကော့ဘဇား ဆေးရုံသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အခုအခါ ဒေသခံ ရခိုင် ဗုဒ္ဓဘာသာများမှ သတင်းမေးမြန်းရန် ဆေးရုံ အနီးတ၀ိုက်တွင် စုရုံး ရောက်ရှိနေကြောင်း သိရသည်။ ဆရာတော် သေဆုံးရခြင်း အကြောင်း အရင်းကို သဲကွဲစွာ မသိရှိရသေးကြောင်း တခြား ရခိုင်လူငယ် တစ်ဦးက ပြောသည်။
ကော့ဘဇားမြို့မှ ကိုကျော်ငြိမ်းက " ဆရာတော် အလောင်းက အခု ကော့ဘဇားဆေးရုံကို ရောက်နေပါပြီ။ မြန်မာဘက်က ဆရာတော်လား၊ ဒီဘက်က ဆရာတော်လား ဆိုတာ သည်းကွဲစွာ မသိရသေးဘူး။ အာဏာပိုင်တွေက စုံစမ်း စစ်ဆေးနေတာကို တွေ့ရပါတယ်" ဟု ပြောသည်။
၎င်းပြင် သေဆုံးသူ ဆရာတော်၏ အလောင်းမှာ အနည်းငယ် ပုတ်ပွနေပြီ ဖြစ်ကြောင်း သူက ပြောသည်။
" သေဆုံးနေပေမယ့် သင်္ကန်းတွေပါ ပါလာတဲ့ အတွက် ဆရာတော် တစ်ပါး ဖြစ်တယ်ဆိုတာကို အသေအချာ သိရပါတယ်။ အခု အလောင်းကို ဆေးစစ်ဆေးချက် ယူဖို့ လုပ်နေပါတယ်" ဟု သူက ဆက်ပြောသည်။
အဆိုပါ ဆရာတော် အလောင်းအား ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်း ခေါင်းတုံးဘက် နတ်မြစ်အဖျားတွင် မျောပါနေစဉ် ဒေသခံများက အကြောင်းကြားသဖြင့် ဘင်္ဂလာဒေခ်ျ့ရဲနှင့် နယ်ခြားစောင့်တပ်ဖွဲ့မှ ဆယ်ယူခဲ့ပြီး ကော့ဘဇား ဆေးရုံသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အခုအခါ ဒေသခံ ရခိုင် ဗုဒ္ဓဘာသာများမှ သတင်းမေးမြန်းရန် ဆေးရုံ အနီးတ၀ိုက်တွင် စုရုံး ရောက်ရှိနေကြောင်း သိရသည်။ ဆရာတော် သေဆုံးရခြင်း အကြောင်း အရင်းကို သဲကွဲစွာ မသိရှိရသေးကြောင်း တခြား ရခိုင်လူငယ် တစ်ဦးက ပြောသည်။
Wednesday, November 2, 2011
(နစက )ဗိုလ်တစ်ဦးနှင့် တပ်သား တစ်ဦး မြန်မာ အနောက်ဘက် နယ်စပ်တွင် အသတ်ခံရ။
မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် ရသေ့တောင်မြို့နယ်တွင် နယ်စပ်ဒေသ လူဝင်မူကြီးကြပ်ရေး ကွပ်ကဲမူ အဖွဲ့ (နစက)မှ အရာရှိ တစ်ဦးနှင့် တပ်သား တစ်ဦး နိုဝင်္ဘာလ ၁ ရက်နေ့ က အသတ်ခံခဲ့ရကြောင်း သတင်း ရရှိသည်။
အသတ်ခံရသူ နစက အဖွဲ့ဝင်များမှာ ရသေ့တောင် မြို့နယ် အရှေ့တောင်ပိုင်းတွင် တည်ရှိသော အငူမော် တပ်စခန်းမှ ဖြစ်ကြောင်း သရက်ချောင်းကျေးရွာမှ ဒေသခံ တစ်ဦးက ပြောသည်။
"အငူမော် တပ်စခန်းကပါ။ သူတို့က လောင်ချောင်းကျေးရွာ အနီးမှာ တည်ရှိတဲ့ ကြက်ရိုးကုန်တန်း ကုလားရွာမှာ အင်္ဂါနေ့က အသတ်ခံခဲ့ရပါတယ်။ သူတို့က ဘာကြောင့် အဲဒီရွာကို သွားတယ် ဆိုတာကိုတော့ ကျနော်လည်း မသိပါဘူး" ဟု သူက ပြောသည်။
အဆိုပါ ရွာသို့ သွားရောက်သူများမှာ နစက တပ်ဖွဲ့ဝင် (၃) ဦး ဖြစ်ပြီး အဆိုပါ ကျေးရွာသို့ အရောက်တွင် (၂) ဦး အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
"ရွာသားတွေကတော့ တရွာလုံးက ၀ိုင်းပြီး သတ်လိုက်တယ်ဆိုပြီး ပြောပါတယ်။ ကျွန်တော်က ဆိုင်ကယ် မောင်းတော့ အဲဒီရွာကို လူတွေကို သွားပို့စဉ် နစက တပ်ဖွဲ့ဝင်တွေ အများအပြား ရောက်ရှိနေပြီး ရွာသားတွေကို စစ်ဆေးနေတာကို တွေ့ခဲ့ရတယ်။ သတ်တဲ့ အထဲမှာ ပါတဲ့ ရွာသားတွေကတော့ အကုန်လုံး ထွက်ပြေးသွားကြပြီ ဖြစ်ပါတယ်။အမျိုးသမီးတွေနဲ့ အိုနာခါးကုန်း ကုလားတွေဘဲ ကျန်ပါတယ်" ဟု သူက ပြောသည်။
ယနေ့တွင် နစက တပ်ဖွဲ့ဝင် ရာချီ ရောက်ရှိနေပြီး လူသတ်ရာတွင် ပါဝင်သူများ တဘက်နိုင်ငံ ထွက်မပြေးရအောင် နယ်စပ် တောင်ကျော်လမ်းများကို ပိတ်ဆို့ထားကြောင်း သိရသည်။
သေဆုံးသွားသူ နစက အရာရှိများ၏ အလောင်းကို ယနေ့ (နိုဝင်္ဘာလ ၂ ရက်နေ့) က ရသေ့တောင်သို့ ယူဆောင်သွားကြောင်း သိရသည်။ ယခုအခါ အဆိုပါ ကျေးရွာမှ ကျန်နေခဲ့သူ တချို့ကိုလည်း နစကမှ လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။
Sunday, October 9, 2011
ဘင်္ဂလားဒေခ်ျ့ နိုင်ငံသား ၈ ဦး ဆော်ဒီတွင် ခေါင်းဖြတ် ကွပ်မျက်ခံရ။
ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၈ ဦးကို လူသတ်မူဖြင့် ဆော်ဒီအရေဗီးယားတွင် သောကြာနေ့က လူမြင်ကွင်းတွင် ခေါင်းဖြတ် ကွပ်မျက်လိုက်ကြောင်း သတင်း ရရှိသည်။
သောကြာနေ့ (အောက်တိုဘာ ၇ ရက်) ခေါင်းဖြတ် ကွက်မျက်နေစဉ် Link video footage
သူတို့အား ၂၀၀၇ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က ဆော်ဒီနိုင်ငံ ရီယဒ်မြို့တော်မှ အိမ်တစ်အိမ်ကို ဓါးပြတိုက်စဉ် အီဂျစ်နိုင်ငံသား လုံခြုံရေး အစောင့် တစ်ဦးကို သတ်မူဖြင့် ယခုကဲ့သို့ ခေါင်းဖြတ်ကာ ပြစ်ဒဏ် စီရင်ခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ကွက်မျက်လိုက်ကြောင်းကို ဆော်ဒီမြို့တော် ရီယဒ် (Riyadh) ရှိ ဘင်္ဂလာဒေခ်ျ့ သံရုံး အလုပ်သမား အတွင်းဝန် မိုဟာမတ် မိုင်ဇနုရ် ရာဟမန်က သတင်းထောက်များအား အတည်ပြု ပြောကြားသည်။
သူတို့အား ကွပ်မျက်ပြီးနောက် အစ္စလာမ်ဘာသာရေး ဓလေ့ ထုံးစဉ်လာအတိုင်း ဆော်ဒီအရေဗီးယား အစိုးရက သောကြာနေ့က မြေမြုပ်သဂြိုလ်လိုက်သည်ဟု သူက ပြောသည်။
ထိုသို့ ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများကို သေဒဏ် စီရင်ချမှတ်ခဲ့ကြောင်းကို ဘင်္ဂလာဒေခ်ျ့ အစိုးရထံ တရားဝင် ဆော်ဒီအစိုးရမှ အကြောင်းကြားခြင်း တစုံတရာ မရှိကြောင်းနှင့် ထောင်အာဏာပိုင်များကို မေးမြန်းပြီးမှ ထိုသို့ ခေါင်းဖြတ် ကွပ်မျက်လိုက်ကြောင်း သိရကြောင်း ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူများက ပြောသည်။
သူတို့အား ရီယဒ်မြို့တော်ရှိ AI Hakam နန်းတော်အနီးရှိ တရားမျှတမူ ရင်ပြင်တွင် ကွပ်မျက်ရာ လူထောင်ပေါင်းများစွာက လာရောက်ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
ကွပ်မျက်ခံရသူ ဘင်္ဂလားချေ့် နိုင်ငံသားများမှာ အလုပ်သမားများ ဖြစ်ကြပြီး သူတို့အား ခေါင်းဖြတ် ကွက်မျက်မူကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် လူအခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တို့မှ ရှုတ်ချခဲ့သည်။
ဓါးပြတိုက်ရာတွင် ပါဝင်သူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား နောက်ထပ် သုံးဦးကိုမူ ထောင်ဒဏ် (၈) နှစ် (၁၃) နှစ်ထိ ပြစ်ဒဏ် ချမှတ် လိုက်ကြောင်း သိရသည်။
Friday, October 7, 2011
ဓါးပြများက ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး၏ လက်ကိုဖြတ်။
ရခိုင်ပြည်နယ် အနောက်ဖက် နယ်စပ် မောင်တောမြို့နယ်တွင် မွတ်ဆလင် ဓါးပြများက ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦး၏ လက်ကို လက်ကောက်ဝတ်မှ နေပြီး ဓါးဖြင့် ဖြတ်ပစ်ခဲ့ဟု သိရသည်။
လက်ဖြတ်ပစ်ခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှူးမှာ မောင်တောမြို့နယ် မြောက်ပိုင်း ဖက်ဝပ်ချောင်း အောက် ကုလား ကျေးရွာမှ ယာဆိန်းဖြစ်သည်။ သူ့ကို ယခုအခါ မောင်တော ဆေးရုံတွင် အတွင်းလူနာ အဖြစ် တင်ထားရသည်။
" ဒီလ ၃ ရက်နေ့ ညဥ့်အချိန်မှာ ဓါးပြတွေက ကျေးရွာ အုပ်ချုပ်ရေးမှူး ယာဆိန်းအိမ်ကို ဓါးပြ တိုက်ပါတယ်။ ဓါးပြတွေက သူ့အိမ်က ရွှေ ၂ ကျပ်၊ ငွေသုံးသိန်းကို ယူသွားတဲ့ အပြင် အိမ်က အထွက်မှာ အုပ်ချုပ်ရေးမှူး ယာဆိန်းရဲ့လက်ကိုပါ ဖြတ်ပစ်ခဲ့ပါတယ်" ဟု ကျေးရွာသား တစ်ဦးက ပြောသည်။
အုပ်ချုပ်ရေးမှူး ယာဆိန်းမှာ ဖါးဝပ်ချောင်း နစကမှူး ကြည်ဝင်းနှင့်ပူးပေါင်းပြီး ကျေးရွာများ အတွင်း ဒေသခံ မွတ်ဆလင်များကို အနိုင်ကျင့်ပြီး လာဘ်စားမှုများ ပြုလုပ်နေသဖြင့် ကျေးရွာသားများ မျက်မုန်း ကျိုးနေသူ တစ်ဦး ဖြစ်သည်ဟု ကျေးရွာသားများက ပြောသည်။
" သူက သူ့ရဲ့ ကိုယ်ကျိုးအတွက် ငွေတွေကို မတရားကောက်ခံတယ်။ နစက အရာရှိ ကြီးတွေ နဲ့ ပေါင်းပြီး ဝေစားမျှစား လုပ်နေပါတယ်။ ဒါကြောင့် ဒီသတင်းကို ရထားတဲ့ ဓါးပြတွေက သူ့လက်ကို ဖြတ် ပစ်ခဲ့ တာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။
ဓါးပြများမှာ ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်းမှ လှေဖြင့် နတ်မြစ်ကို ဖြတ်ကျော် ၀င်တိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ဓါးပြတိုက်အပြီး အပြန်တွင် သတင်းအရ ဘင်္ဂလာနယ်ခြား စောင့်တပ်က လိုက်လံရှာဖွေ ဖမ်းဆီးရာ စက်လှေ တစီးနှင့် ဓါးပြ နှစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ကျန်လူများမှာ မြန်မာပြည်ဘက်သို့ ထွက်ပြေး လွှတ်မြောက် သွားခဲ့ကြသည်ဟု သိရသည်။
ဓါပြတိုက်မူကြောင့် မြန်မာဘက်ခြမ်းတွင် နယ်စပ်တလျှောက် ပိတ်ဆို့မူ လုပ်ထားသဖြင့် အဆိုပါ ပတ်ဝန်း ကျင် အနီး တ၀ိုက်ရှိ ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာ နိုင်ငံ အကြားတွင် အသွားအလာများ ရပ်တန့်နေကြောင်း သိရသည်။
ကျောက်ဖြူတွင် ဒေ၀ူးကုမ္ပဏီကို မကျေနပ်မူ တိုးပွား။
ကျောက်ဖြူမြို့တွင် ဒေသခံ ပြည်သူများက ကိုးရီးယားဒေ၀ူး ကုမ္ပဏီ အပေါ် မကျေနပ်မူ တိုးပွားနေကြောင်း သိရသည်။
" အဓိက မကျေမနပ်တာက စီမံကိန်းက ကားကြီးတွေကြောင့် လမ်းတွေ အကုန်လုံး ပျက်စီးသွားတဲ့ အတွက် ဖြစ်ပါတယ်။ အဲဒါကို သွားတင်ပြတော့ သူတို့က ဘာမှ အရေးမစိုက်တဲ့ ပုံစံမျိုးနဲ့ လမ်းတွေကို မပြင်ဘဲ ပစ်ထားတယ်။ ဒါ့အပြင် အရင်က ကုန်တန်ချိန် နည်းနည်းတင်ပြီး မောင်းတယ်။ အခုတော့ ဧရာမ ပိုက်လုံးကြီးတွေ တင်ပြီး ကားတွေ မောင်းနေတော့ လမ်းတွေ အကုန်လုံး ပျက်ကုန်တယ်" ဟု ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
အဓိက ကျောက်ဖြူတွင် ပျက်စီးသွားသော လမ်းမှာ ကျောက်ဖြူမြို့နယ် ကပ်သပြေ ကျေးရွာ အုပ်စု အတွင်းရှိ လမ်းများ ဖြစ်ပြီး ကပ်ကပြေရွာမှ ကျောက်ဖြူ ကံ့ကော်တော ဘုရားထိ ဖေါက်လုပ်ထားသော လမ်းမှာ အားလုံး ပျက်စီးနေကြောင်း သူက ပြောသည်။
" အရင်က လော်ရီကား တစီးမှာ ပိုက်လုံး (၃) လုံးသာ တင်တယ်။ ရွာသားတွေ သွားကန့်ကွက်တော့ အခု ၅ လုံးတင်ပြီး ကားတွေကို မောင်းတယ်။ ကပ်သပြေကျေးရွာကနေပြီးတော့ ကျောက်ဖြူမြို့ ကံကော်တော ဘုရားထိ လမ် အကုန်လုံး ပျက်စီးသွားတယ်။ တချို့နေရာတွေမှာဆိုရင် လမ်းက နှစ်ခေါက်ချိုးသလို ဖြစ်သွားပြီး အကုန်လုံး ပျက်စီးသွားပါတယ်" ဟု ပြောသည်။
ကားများ စည်းမဲ့ကမ်းမဲ့ မောင်းနေသဖြင့် လမ်း၏ နေရာ အတော်များများတွင် ချိုင့်ခွက်များ ဖြစ်ပေါ်နေပြီး ဘုရားဖူးသွားသူများမှာ မြင်မကောင်းအောင် ဖြစ်နေကြောင်း သိရသည်။
" လမ်းသွားလမ်းလာလုပ်နေကြတဲ့ ဒေသခံတွေ သာမက ဘုရားဖူး လာတဲ့ အဝေးက ပုဂ္ဂိုလ်တွေလည်း အားလုံး ဒုက္ခရောက်ကြရပါတယ်။ လမ်းတွေက မြင်လို့ မကောင်းတဲ့ အဆင့်ထိ ရောက်နေပါတယ်" ဟု တခြား ဒေသခံ တစ်ဦးကလည်း ပြောသည်။
၎င်းပြင် ကျောက်ဖြူ- ရန်ကုန် ကားလမ်းမကြီးမှာလည်း ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းမှ ကားများကြောင့် မြင်မကောင်းအောာင် ပျက်စီးနေပြီး ကားဖြင့် ခရီးသွားနေကြသူ ပြည်သူများမှာ လမ်းများ ပျက်စီးနေသဖြင့် အထူး ဒုက္ခရောက်နေကြသည်ဟု သိရသည်။
ယခုကဲ့သို့ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကြောင့် ဒေသခံ ပြည်သူများ အကျိုး တစုံတရာ မခံစားရသည့် အပြင် ဒေ၀ူး ကုမ္ပဏီမှ ကားများ နေ့ည မပြတ် မောင်းနှင်နေမူကြောင့် ကားလမ်းများ ပျက်စီးပြီး ပြည်သူများ ဒုက္ခရောက်နေကြရသဖြင့် ဒေ၀ူးကို မကျေနပ်မူ တိုးပွားနေကြခြင်း ဖြစ်သည်။
" နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထိစာရေး တိုင်ကြားသွားဖို့ ဒေသခံတွေက စည်းရုံးနေကြပါတယ်။ လမ်းတွေ ပျက်စီးနေတဲ့ အပေါ်မှာတော့ မြို့ပေါ်မှာ ရှိတဲ့ ဌာနဆိုင်ရာ ရုံးတွေ အားလုံးကို စာရေးအကြောင်းထားပြီး ဖြစ်ပါတယ်။ လမ်းတွေကို မပြင်ဘဲ ထားရင်တော့ လုပ်သင့်တာတွေကို ဆက်လုပ်သွားဖို့ ဒေသခံတွေက တိုင်ပင်နေကြပါတယ်" ဟု သူက ဆက်ပြောသွားသည်။
ကံကော်တောဘုရားမှာ ကျောက်ဖြူမြို့၏ အဓိက ရှေးဟောင်း သမိုင်းဝင် ဘုရား ဖြစ်ပြီး အဆိုပါ ဘုရားလမ်း ပျက်စီသွားသဖြင့် ၀ါကျွတ် လပြည့်နေ့ ပွဲတော်တွင် ဘုရားသွားသူများ အခက်အခဲတွေ့နိုင်သဖြင့် လူများ စိတ်မချမ်းမသာ ဖြစ်နေကြသည်ဟု ကျောက်ဖြူ ဒေသခံက ပြောကြားသွားသည်။
Monday, October 3, 2011
ထိန်းသိမ်းခံ လူငယ်ကို စစ်တွေ ထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စက်တင်္ဘာလ ၂၆ ရက်နေ့က ပြစ်မူ တစုံတရာ မရှိဘဲ ဖမ်းဆီး ခံခဲ့ရသော မောင်ထွန်းတင်(ခ) ၀ိုင်းချေအား ယခုအခါ စစ်တွေထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ထားကြောင်း သတင်း ရရှိသည်။
![]() |
| စစ်တွေအကျဉ်းထောင် |
" ဟုတ်ပါတယ်။ အခု သူက ရဲစခန်းကနေ စစ်တွေထောင်ထဲမှာ ဖမ်းဆီး ချုပ်နှောင်ထားပါတယ်။ လွန်ခဲ့တဲ့ စက်တင်္ဘာလ ၂၇ ရက်နေ့က တည်းက ရဲအချုပ်ကနေ စစ်တွေထောင်ထဲကို ပြောင်းရွှေ့ ချုပ်နှောင် ထားပါတယ်" ဟု နီးစပ်သူ တစ်ဦးက ပြောသည်။
မောင်ထွန်းတင် (ခ) ၀ိုင်းချေအား စက်တင်္ဘာလ ၂၆ ရက်နေ့ ညဉ့် ၁၂ နာရီ အချိန်က သူ၏နေအိမ်မှ ရဲက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
" ညဉ့် ၁၂ နာရီ အချိန်ခန့်မှာပါ။ စစ်တွေမြို့ လမ်းမတော်တောင် ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးစောရွှေရယ်။ အမှတ်(၂) ရဲစခန်းက နယ်မြေတာ ၀န်ခံ ဒုရဲအုပ် အေးခင်မောင်နဲ့ အဖွဲ့ဝင် ၆ ဦးပါတဲ့ အဖွဲ့က လမ်းမတော် တောင် ရပ်ကွက်က ဦးအောင်ဇံဝေလမ်းလို့ ခေါ်တဲ့ အမှတ်(၅)လမ်းက ဦးမောင်ဦးသိန်း နေအိမ်ကို ၀င်ရောက် ရှာဖွေမူ ပြုလုပ်ပါတယ်။ ရှာဖွေမူ ပြုလုပ်တာမှာ တစုံတရာ မတွေ့ရှိရဘဲ သားဖြစ်သူ မောင်ထွန်းတင်ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပါတယ်။"
ဖမ်းဆီးခံရစဉ်အတွင်း မောင်ထွန်းတင်မှာ နေမကောင်းဖြစ်နေသဖြင့် ထိတ်လန့်ကာ သတိ မေ့မြော့ သွားခဲ့ကြောင်း၊ မိနစ်အနည်းငယ် အတွင်း သတိ ပြန်လည်လာခဲ့ကြောင်း၊ သတိပြန်လည်လာပြီးနောက်ပိုင်း အမှတ်(၂)ရဲစခန်းသို့ ခေါ်ယူသွားကာ ချုပ်နှောင် ထားခဲ့ကြောင်း၊ ရဲစခန်းတွင်ချုပ်နှောင်ထားစဉ် မိသားစု တစုံတဦးနှင့်မျှ တွေ့ဆုံခွင့် မရခဲ့ကြောင်း သိရသည်။
" စက်တင်္ဘာလ ၂၇ ရက်နေ့မှာ လမ်းမတော် တောင်ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးစောရွှေက မောင်ထွန်းတင်တို့ အိမ်သို့လာပြီး ခင်ဗျားတို့ရဲ့ မောင်ကို ခြေချုပ်မှုဖြင့် အမှုဖွင်ကာ တရာရုံးတင် ထားတယ်။ (စီဘီချုပ်) တရားရုံးတွင် တွေ့နိုင်တယ်လို့ သူရဲ့ အစ်မ ဖြစ်သူ ဒေါ်အေးသိန်းခိုင်အား လာရောက် အကြောင်းခဲ့ပါတယ်။ သူရဲ့ အစ်မဖြစ်သူ ဒေါ်အေးသိန်းခိုင်မှ တရားရုံးတွင် သွားရောက် တွေ့ဆုံ ခဲ့ပါတယ်။ အဲဒီနေ့ ညနေ (၄)နာရီ မှာဘဲ တရားရုံးကနေ ထောင်ချုပ်ကို ပြောင်းရွှေ့ ချုပ်နှောင်ထားလိုက်ပါတယ်" ဟု သူက ဆက်ပြောသည်။
တရားစွဲဆိုခံရသူ မောင်ထွန်းတင်(ခ) ၀ိုင်းချေမှာ အသက်-၂၈ နှစ် ရှိပြီး ပြစ်မှုတစုံတရာ မရှိဘဲ ထိမ်းသိမ်း ခံထားရခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။
" သူ့ကို ဖမ်းဆီးရခြင်းရဲ့ အဓိက အကြောင်းအရင်းက ဆရာတော်ဦးဥတ္တမနေ့ ချီတက်ပွဲမှာ သံဃာတော်တွေ စီတန်း လှည့်လည်စဉ် ကူညီ ခဲ့တဲ့ အတွက် သူ့ကို ရဲ တပ်ဖွဲ့က မှတ်တမ်း တင်ထားခဲ့တယ်လို့ သိရပါတယ်။ စက်တင်္ဘာ ၂၇ ရက်နေ့ ရွှေဝါရောင် (၄)နှစ် ပြည့် လှုပ်ရှားမှု ပေါ်ပေါက်အောင်လည်း ကူညီ ပေးနိုင်တယ်လို့ ရဲက ထင်မြင် ယူဆတဲ့ အတွက် အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးပြီး ရပ်ကွက် အုပ်ချုပ်ရေးမှုကို ဖိအား ပေးကာ ခြေချုပ်မှုဖြင့်တရားစွဲဆိုခိုင်းတယ်လို့ သိရပါတယ်" ဟု ပြောသည်။
မောင်ထွန်းတင်အား စက်တင်္ဘာလ ၂၉ ရက်နေ့က ရုံးထုတ်ခဲ့ပြီး မနက်ဖြန် အောက်တိုဘာလ ၄ ရက်နေ့တွင်လည်း ဆက်လက် ရုံးထုတ် စစ်ဆေးမည်ဟု သိရသည်။
Wednesday, September 28, 2011
ဗုဒ္ဓ ဆင်းထုတော်များ မဖွယ်မရာ ပြုလုပ်ခံရ၍ စစ်တွေတွင် မကျေနပ်မူတိုးပွား။
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဗုဒ္ဓဆင်းထုတော်များကို အမည်မသိသူများက မဖွယ်မရာ ပြုလုပ် ထားခဲ့သဖြင့် ဒေသခံ ဗုဒ္ဓဘာသာများ အကြား အထူး မကျေနပ်မူ တိုးပွားနေကြောင်း သတင်း ရရှိသည်။
စစ်တွေမြို့ အာဂျိတ်တောင်ကုန်း သင်္ချိုင်းဟောင်း အနီးရှိ သရက်ဦး ဘုန်းတော်ကြီးကျောင်းတွင် ဘုရားကြီး ၃ ဆူ၏ မျက်နှာတော်များကို ကြက်ချေး ရေနံများဖြင့် မဖွယ် မရာ သုတ်လိမ်း ထားပြီး မျက်နာ နဖူးတော်တွင်လည်း မထင်မရှား ရခိုင်လို "ခွီး" ဆိုသော စာလုံးကို ရေးသား ထားသည်ဟု သိရသည်။
၎င်းပြင် အမြင့် ၄ ပေ ကျော်ရှိသော ရခိုင်ဘုရင် စန္ဒသူရိယ၊ ရှင်သီဝလိနှင့် ဇီဝက ဆင်းတုတော် များ၏ မျက်နာများကိုလည်း ကြက်ချေး ရေနံများဖြင့် လိမ်းကျထားသည်ဟု ဒေသခံများက ပြောသည်။
ယခုကဲ့သို့ မဖွယ်မရာ လုပ်ထားခြင်းကို စက်တင်္ဘာလ ၂၃ ရက်နေ့က ပြုလုပ်ထားခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
ဒီလို လုပ်တာက ဒီလ ၂၃ ရက်နေ့မှာပါ။ အခု ဒေသခံ ဗုဒ္ဓဘာသာဝင်တွေက ဒီလိုလုပ်တဲ့ အပေါ်မှာ အတော်ကို မကျေမနပ် ဖြစ်နေကြတယ်။ အနီးအနားက မွတ်ဆလင် ဘာသာဝင်တွေ လုပ်တယ်ဆိုပြီး ထင်နေကြတယ်။ ဒီကိစ္စ ပြည်နယ် ၀န်ကြီးချုပ်ထိ တက်တိုင်ထားတယ်။ ပြေပြေလည်လည် မဖြေရှင်း နိုင်ရင် ပြဿနာ ကြီးထွား လာနိုင် ပါတယ် ဟု သူက ဆက်ပြောသည်။
အဆိုပါ ကိစ္စကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားထားပြီး နောက်ပိုင်း ယခုအခါ မသင်္ကာမှုဖြင့် ဒေသခံ မွတ်ဆလင် (၅) ဦးကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေသည်ဟု သူက ပြောသည်။
အဲဒီအမှုနဲ့ပတ်သက်ပြီးတော့ မသင်္ကာမှုနဲ့ ဒေသခံမွတ်ဆလင်လူမျိုး ၅ ဦးကို အမှတ် (၁) ရဲစခန်းမှာ ခေါ်ယူစစ် ဆေးနေတယ်လို့ သိရပါတယ်။ လူတွေကတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ် ဟု ပြောသည်။ ယခုလိုလုပ်ရပ်မှာ ယခင်ကတခါမှ မဖြစ်ပွား ခဲ့ဖူးကြောင်းနှင့် ယခု လုပ်ရပ် အပေါ် ဗုဒ္ဓ ဘာသာဝင် များက အထူး ခံပြင်းနေကြောင်း သိရသည်။
ယခု လုပ်ရပ်အပေါ် ဘာသာရေး အဓိဂရုဏ်း ဖြစ်အောင် အာဏာပိုင်များပ ဖန်တီးခြင်းလည်း ဖြစ်နိုင်ကြောင်း အမည် မဖေါ်လိုသူ နိုင်ငံရေး လေ့လာ အကဲခတ်သူ တစ်ဦးက ပြောသည်။
အခု စစ်တွေမှာ ဘာသာရေး အဓိဂရုဏ်းတွေ ဖန်တီးနိုင်လာတဲ့ အခြေအနေရှိတယ်။ သတိထားရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ သရက်ဦး ဘုန်းတော်ကြီးကျောင်းက ဘုရားကြီးကို မဖွယ်မရာ လုပ်ထား တာတွေ အာဏာပိုင်တွေလည်း ဖြစ်နိုင်တယ်။ တိုင်းပြည်မှာ ရှုပ်ထွေးနေတဲ့ နိုင်ငံရေး ပြဿနာတွေ ပေါ်ပေါက်နေတဲ့ အတွက် ဘာသာရေး အဓိဂရုဏ်း မဖန်တီးနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး ဟု သူက ပြောသည်။
ယခု လုပ်ရပ်မှာ အနီးအနားမှ မွတ်ဆလင်များက ပြုလုပ်သည်ဟု သတင်းထွက်နေပြီး ဒေသခံ ရခိုင် ဗုဒ္ဓဘာသာဝင်များက အထူး မကျေမနပ် ဖြစ်နေကြောင်း သတင်း ရရှိသည်။
Sunday, September 25, 2011
စစ်တွေတွင် ရဟန်းတော်များ ညဥ့်အချိန်တွင် ဖမ်းဆီး စစ်ဆေးခံနေရ။
စစ်တွေတွင် ရဟန်းတော် တချို့ကို ညဥ့်အချိန်တွင် အာဏာပိုင်များက ကျောင်းတိုက် အတွင်း ၀င်ရောက် ဖမ်းဆီးကာ အမည်မသိသော နေရာသို့ ခေါ်ယူ စစ်ဆေးနေကြောင်း သတင်း ရရှိသည်။
စက်တင်္ဘာလ ၂၃ ရက်နေ့ ညဥ့်သန်ခေါင်ကျော် (၂) နာရီ အချိန်တွင် အာဏာပိုင်များက လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အတူ စစ်တွေ ပုသိမ်ကျောင်းတိုက်သို့ ၀င်ရောက်လာပြီး ဦးဇင်း ကေသာရနှင့် အတူ တခြား ရဟန်းတော် နှစ်ပါးအား ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း အမည်မဖေါ်လိုသူ အခန်းဖေါ် ရဟန်းများက ပြောသည်။
အဆိုပါ ရဟန်း သုံးပါးကို ဖမ်းဆီးစဉ် ရခိုင်ပြည်နယ် လုံခြံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် (ဒကစ)မှူးလည်းဖြစ် ဒုတိုင်းမှူးလည်း ဖြစ်သော ဒုဗိုလ်မှူးကြီး မျိုးမင်းဆွေ တို့ ဦးဆောင် ပါဝင်ကြောင်း သိရသည်။
အဆိုပါ သံဃာသုံးပါးထဲမှ နှစ်ပါးကို အဆိုပါနေ့ ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်ပြီး ဦးဇင်း ကေသာရကိုမူ ယခု အချိန်ထိ အမည်မသိ နေရာတွင် ချုပ်နှောင်ထားကြောင်း သတင်း ရရှိသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အမည်မဖေါ်လိုသူ အခန်းဖေါ် ရဟန်းတော်က ယခုလို ပြောကြားသည်။ " ဦးပဇင်း ကေသာရက ၇၂ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့မှာ စစ်တွေ ဦးဥတ္တမပန်းခြံမှာ မေတ္တာသုတ် ကို ဦးဆောင်ရွက်ဆိုခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အခု ဖမ်းတာက ရွှေဝါရောင် (၄) နှစ်မြောက်လှုပ်ရှား မှုကို ဖေါ်ဆောင် မယ် ဆိုပြီး သတင်းရသွားတဲ့ အတွက် ဖမ်းဆီး ခေါ်ဆောင် သွားတာ ဖြစ်တယ်လို့ သိရပါတယ်" ဟု ပြောသည်။
အဆိုပါ ဦးကေသာရ ဖမ်းဆီးခံရမူနှင့် ပတ်သက်ပြီး နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ ကျောင်းတိုက်မှ ဦးဇင်း တစ်ပါးက ယခုလို ပြောကြားသည်။
" ဖမ်းသွားတာ ဟိုတစ်နေ့က ဖြစ်ပါတယ်။ ဖမ်းတာကတော့ ဦးဥတ္တမနေ့ လုပ်လို့ ဖမ်းတယ်လို့ သိရတယ်။ အခု ဘယ်ရောက်နေတယ်ဆိုတာ ဆရာတော်ဘဲ သိပါလိမ့်မယ်။ ဆရာတော်ကိုဘဲ မေးပါ။ ဦးဇင်းတို့ မသိဘူး" ဟု ပြောသည်။
နိရဉ္စရာမှ ဆက်လက်ပြီး ပုသိမ်ကျောင်းတိုက် ကျောင်းထိုင် ဆရာတော်အား မေးမြန်းရာ ဆရာတော်က ယခုလို မိန်းကြားသည်။
" ဖမ်းတာတော့ မဟုတ်ပါဘူး။ အခု ကေသာရကို တခြားနေရာ တစ်ခုကို လွတ်လိုက်ပါပြီ။ သူတို့ကို လူတွေက မျက်စေ့ကျနေတဲ့ အတွက် လုံခြုံတဲ့ နေရာ တစ်ခုကို ပို့ထားလိုက်တာပါ။ ဒီမှာနေရင် ပြဿနာတွေ ရှိနေတဲ့ အတွက် နေရာ တစ်ခုကို ပို့ထားလိုက်ပါတယ်။ ပြဿနာက ရှိလို့ဘဲ။ ဘယ်ပြဿနာဆိုတာ ပြောမကောင်းဘူး။ ဘယ်နေရာမှာ ရှိနေတယ် ဆိုတာလည်း မပြောနိုင်ဘူး။ တခြား သတင်းဌာနတွေကိုလည်း ပြောလိုက်ပါ။ ဖမ်းတာ မဟုတ်ပါဘူး " ဟု ဆရာတော်က ပြောသည်။
ဦးဇင်းကေသာရ မည်သည့် နေရာသို့ ရောက်ရှိနေကြောင်းကို မည်သူမျှ မသိရဘဲ ဖြစ်နေကြောင်းနှင့် ဖမ်းဆီးပြီးနောက်ပိုင်း အာဏာပိုင်များက နယ်နှင်ဒဏ် ပေးလိုက်ပုံရသည်ဟု နိုင်ငံရေး လုပ်နေသူ လူငယ် တစ်ဦးက ပြောသည်။
ဦးဇင်းကေသာရအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းမှာ ဆရာဦးဥတ္တမနေ့က စစ်တွေတွင် ရဟန်းတော်များ ဦးဆောင်ပြီး ဦးဥတ္တမ ပန်းခြံသို့ ချီတက်ခဲ့သဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း စစ်တွေတွင် သတင်း ဖြစ်နေသည်ဟု သိရသည်။
Monday, September 19, 2011
ရေပြင်ပိုင်နက် အငြင်းပွားမူ ဖြေရှင်းနေချိန်တွင် အမေရိကန်နှင့် ဘင်္ဂလားဒေ့ခ်ျ စစ်ရေး လေ့ကျင့်မူ ပြုလုပ် ။
ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြို့တွင် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ရေပြင်ပိုင်နက် အငြင်းပွားမူကို ဖြေရှင်းနေချိန်တွင် ဘင်္ဂလား ပင်လယ်အော်တွင် ဘင်္ဂလားဒေခ်ျ့နှင့် အမေရိကန် ရေတပ်တို့ ပူးတွဲ စစ်ရေး လေ့ကျင့်မူ ပြုလုပ်ကြောင်း သတင်း ရရှိသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မူကို ယမန်နေ့က စတင်ခဲ့ပြီး အမေရိန်ကန် ရေတပ် သင်္ဘော (၄) စီးနှင့် အမေရိကန် တပ်သား ၅၀၀ ခန့် ပါဝင်ကြောင်း သိရသည်။
အဆိုပါ သင်္ဘောများမှာ တိုက်ချင်းပစ် ဒုံးကျည်ဖျက် သင်္ဘော၊ ဖရီးဂိတ်၊ မိုင်းဖျက် သင်္ဘောနှင့် ကယ်ဆယ်ရေး သင်္ဘောများ ပါဝင်သည်ဟု သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မူကို Cooperation Afloat Readiness and Training (CARAT) Bangladesh 2011 အမည်ဖြင့် ပြုလုပ်နေပြီး ၈ ရက်ကြာမြင့်မည် ဖြစ်ကြောင်း အမေရိကန် သံရုံးမှ ထုတ်ပြန်သော ကျေညာချက် တွင် ဖေါ်ပြသည်။
အဆိုပါ စစ်ရေး လေ့ကျင့်မူတွင် ပင်လယ်ပြင် ဆိုင်ရာ လုံခြုံရေး စွမ်းဆောင်ရည် မြင့်မားရေး အတွက် သတင်းအချက်အလက် ဖလှယ်ရေး၊ ပင်လယ်ပြင် ပူးတွဲတိုက်ခိုက်ရေး၊ လှည့်လည် စစ်ဆင်ရေးနှင် အမြောက် ပတ်ခတ်နည်း၊ ၎င်းပြင် ပင်လယ်ဓါးပြနှင့် မှောင်ခို နှိမ်နှင်းရေးများကို ပူးတွဲ လေ့ကျင့်သွားကြမည်ဟု သိရသည်။
စစ်ရေးလေ့ကျင့်မူ ဖွင့်ပွဲကို ယမန်နေ့က စစ်တကောင်း ရေတပ်စခန်းရှိ BNS Issa Khan စစ်သင်္ဘောပေါ်တွင် ပြုလုပ်ခဲ့ပြီး ယခု CARAT စစ်ရေး လေ့ကျင့်မူတွင် ဘင်္ဂလားဒေခ်ျ့သည် ပထမဆုံး အကြိမ် ပါဝင်လာခြင်း ဖြစ်သည်။ အမေရိကန် ရေတပ်မှ ပြုလုပ်နေသာ CARAT စစ်ရေးလေ့ကျင့်မူမှာ ၁၇ နှစ်ကြာမြင့်နေပြီ ဖြစ်ပြီး အဆိုပါ စစ်ရေးလေ့ကျင့်မူကို နိုင်ငံပေါင်း (၇)နိုင်ငံနှင့် ပူးပေါင်း ပြုလုပ်နေခြင်း ဖြစ်သည်။
CARAT စစ်ရေး လေ့ကျင့်မူတွင်ပါဝင်သော နိုင်ငံများမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဘင်္ဂလာဒေခ်ျ့တို့ ဖြစ်ကြသည်။
ယခုကဲ့သို့ ဘင်္ဂလားဒေခ်ျ့နှင့် အမေရိကန်တို့ ဘင်္ဂလာပင်လယ်အော်တွင် စစ်ရေး လေ့ကျင့်မူ ပြုလုပ်နေချိန်တွင် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတို့အကြား ဖြစ်ပွားနေသော ရေပြင်ပိုင်နက် အငြင်းပွားမူကို ကုလ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ပင်လယ်ဥပဒေတရားရုံး (International Tribunal for the Law of the Sea- ITLOS) တွင် ဖြေရှင်းနေသည်။
ပထမအကြိမ် တရားရုံးရှေ့မှောက် ကြားနာစစ်ဆေးမှုများကို ဘင်္ဂလာဒေခ်ျ့အတွက် စက်တင်္ဘာလ ၈မှ ၁၃ ရက်နေ့ အထိ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ကြားနာမှုများကို စတင်္ဘာလ ၁၅ ရက်နေ့က စတင်ခဲ့ပြီး ၁၆ -၁၉- ၂၀ ရက်နေ့ထိ ပြုလုပ်မည် ဖြစ်သည်။ ရေပြင်ပိုင်နက် အငြင်းပွာမူကို ယခုနှစ် ဧပြီလတွင် အဆုံးသတ် ဖြေရှင်းပေးမည် ဖြစ်ကြောင်း သိရသသည် ။
Thursday, September 15, 2011
ကျောက်ဖြူမြို့နယ်တွင် အပေါ်ယံ မြေကြောမှ ရေနံထွက်၍ လူအများအပြား သွားရောက် တူးယူနေ ။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ငလကျွန်းနှင့် လိပ်ခမော်ကျေးများတွင် အပေါ်ယံ မြေကြောမှ ရေနံများ တူးဖေါ် ထွက်ရှိနေသဖြင့် ဒေသခံ ပြည်သူများ အုပ်စုလိုက် သွားရောက် တူးယူနေကြကြောင်း သတင်း ရရှိသည်။ဒေသခံ တစ်ဦးက ထိုသို့ ရေနံထွက်နေကြောင်းကို နိရဉ္စရာသို့ ယခုလို အတည်ပြု ပြောကြားသည်။
" ဟုတ်ကဲ့။ အခု ထွက်နေတဲ့ နေရာက ကျောက်ဖြူက ၆ မိုင်၊ ၇ မိုင်ခန့်ဝေးတဲ့ ငလကျွန်းကျေးရွာရယ်၊ လိပ်ခမော် ကျေးရွာရယ်။ အဲဒီကျေးရွာတွေမှာထွက်နေပါတယ်။ ပိုက်ဆံ တတ်နိုင်တဲ့သူတွေက ပိုက်ဆံ နှစ်သိန်း ကနေ သုံးသိန်းထိ အရင်းစိုက်ထုတ်ပြီး တူးနေကြပါတယ်။ တစ်နေ့ကို တွင်းတစ်တွင်းကနေ တိုင်ကီ လေးလုံး၊ ငါးလုံး ထွက်နေတဲ့ တွင်းတွေလည်း ရှိနေပါတယ်" ဟု ပြောသည်။
ထိုသို့ တူးယူရာတွင် ရှေ့ရိုးရာ လက်ယက်တွင်း တူးဖေါ်မူ စနစ်ဖြင့် တူးဖေါ်နေကြပြီး လက်တောင် ၇၀- ၈၀ တူးဖေါ်ရုံမျှဖြင့် ရေနံများထွက်နေကြောင်း သိရသည်။
ထိုသို့ ရေနံများ အလွယ် တကူ တူးဖေါ် ရရှိနေရာမှ ဒေသခံများ သွားရောက် တူးယူနေကြသဖြင့် အဆိုပါ ဒေသ အနီးတ၀ိုက်တွက် မြေဈေးများလည်း တက်သွားခဲ့သည်။ မြေကွက် (၁) ကွက်ကို ကျပ် လေးငါးသိန်းဖြင့် ဌားရမ်းပြီး တူးဖေါ်သူများလည်း ရှိနေကြောင်းသူက ပြောသည်။
ယခုကဲ့သို့ ရေနံများ တူးဖေါ်ထွက်နေရှိသည်ဆိုသော သတင်းကြောင့် ကျောက်ဖြူမြို့ပေါ်က လူတွေ သွားရောက် တူးနေကြသူများ ရှိသလို တခြားလူတွေလည်း သွားတူးဖို့ စိတ်ဝင်စားနေကြသည်ဟု သူက ပြောသည်။
တွင်းတိမ်တိမ် တူးရုံမျှဖြင့် ရေနံ စိမ်းများ အလွယ်တကူ ထွက်နေသည့် အပေါ် သူက ယခုလို သုံးသပ် ပြောဆိုသည်။
" အခု ထွက်နေတာက အပေါ်ယံ မြေကြီးက ဖြစ်ဖို့များပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ရေနံက သိပ်အနက်ကြီး မတူးရလို့ပါ။ ကျနော်တို့ လေ့လာကြည့်ရင် အဲဒီဒေသက လူတွေ အလိုလို စမ်းတူး နေကြတယ်။ လက်နဲ့ ဂျိုင့်ကလေးကို ဆင့်ပီးဆင့်ပီး တူးနေကြတဲ့အခါ ရေနံက ထွက်လာတာပါတယ်။ ရေနံက ထွက်ချင်တဲ့ အခါ ထွက်လာတဲ့ သဘောပါ။ ဟိုလွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကလည်း အဲဒီ ဒေသမှာ ခုလိုဘဲ ရေနံတွေ ထွက်ခဲ့ပါတယ်။ နောက်တော့ ပြန်ပျောက်သွားတယ်။ အခုတခါ ပြန်ပေါ်လာတယ်။ ရွာသား တွေ ကတော့ ခုလို ရေနံတွေ ထွက်နေတာကို နတ်ပေးတယ်လို့ ထင်နေကြပါတယ်" ဟု သူက ပြောသည်။ ၎င်းပြင် သူအနေနှင့် ယခု ရေနံများ ပြန်ထွက်လာခြင်းမှာ မြေလွှာများ ရွှေ့လျားနေမူအရ ရေနံကြောများ ပျောက်သွားပြီး ယခု ပြန်ပေါ်လာခြင်း ဖြစ်နိုင်သည်ဟု ထင်မြင်ကြောင်း ပြောသည်။
လက်ရှိ တူးဖေါ်နေသော တွင်းပေါင်း ၄၀နှင့် ၅၀ အကြားရှိပြီး အများစု တူးဖေါ်နေသောတွင်းများတွင် ရေနံစိမ်းများ ထွက်နေကြောင်း သိရသည်။
ယခုကဲ့သို့ ရေနံများ ထွက်ရှိနေသော သတင်းကြောင်း ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ အပါအ၀င် ရဲအရာရှိများနှင့် တခြား ဌာနဆိုင်ရာ အရာရှိများ ရောက်ရှိလာပြီး ရေနံတူးဖေါ်နေသူများထံမှ ပိုက်ဆံများ ကောက်ယူနေရန် စီစဉ်နေကြောင်းလည်း သိရသည်။
လူမူရေး လုပ်ငန်းဆောင်ရွက်နေသူ တစ်ဦးက " ကျွန်တော်ကြားတာက ပိုက်ဆံ တောင်းဖို့ စီစဉ်နေတယ်လို့ ကြားပါတယ်။ ဒါပေမယ့် တရားမ၀င် ကောက်ရင် ပြဿနာတက်နိုင်တဲ့ အတွက် ဘယ်ခေါင်းစဉ်နဲ့ ပိုက်ဆံ ကောက်မလဲဆိုပြီး နည်းလမ်း ရှာနေကြတယ်လို့ ကြားပါတယ်။ တခုသေချာတာကတော့ တွင်းတူးနေသူတွေရဲ့ အမည်စာရင်းတွေကို ကျေးရွာ အုပ်ချုပ်ရေးမှူးဆီက တဆင့် သူတို့ ယူသွားတယ်လို့ ကြားပါတယ်" ဟု ပြောသည်။
ရခိုင်ပြည်နယ်က ကျောက်ဖြူဒေသတွင် မြေအောက်တွင် ရေနံကြောများ ရှိနေသဖြင့် ယခုလို ရေနံစိမ်းများကို ဒေသခံများက ရိုးရာ လက်ယပ်တွင်းများဖြင့် မကြာခဏ တူးဖေါ် ရရှိ နေကြောင်း သိရသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကလည်း ကျောက်ဖြူမြို့နယ် ရေနံတောင် ဒေသတွင် ရေနံများ အကြီးအကျယ် ထွက်ခဲ့သဖြင့် ဒေသခံ ပြည်သူများ ထောင်ချီပြီး သွားရောက် တူးဖေါ်ခဲ့ကြသည်။
Tuesday, September 13, 2011
တောင်ကိုဖြိုပြီးသဲကျောက်ထုတ်လုပ်မူကြောင့် ကျောက်ဖြူတွင် စေတီတဆူ ပြိုပျက်တော့ မည် ။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျေးရွာသားများ တည်ထားကိုးကွယ်နေသော စေတီတော် တဆူ တည်ရှိရာ တောင်အား သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်း တခုက သဲကျောက်များ ထုတ်လုပ်နေသဖြင့် စေတီတော်မှာ များမကြာမှီ ပြိုကျ ပျက်စီးသွားနိုင်ကြောင်း ဒေသခံများက ပေးပို့သော သတင်းတွင် ဖေါ်ပြသည်။
အဆိုပါ သတင်းအား လက်ခံရရှိပြီးနောက် နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ ဒေသခံ လူကြီး တစ်ဦးက ယခုလို ပြောကြားသည် " ဟုတ်ပါတယ်။ တူးနေတာက ဆည်မြောင်းးဦးစီးဌာနက တူးယူ လုပ်ကိုင်နေတာပါ။ သူတို့က တူးယူပြီးတော့ ကျောက်တွေကို ရောင်းစားနေသလို အများစု ကျောက်တွေကိုတော့ လေယာဉ်ကွင်း လမ်းခင်းတဲ့ နေရာမှာ သုံးနေတာကို တွေ့ရပါတယ်။ အဲသလို တောင်ကိုဖြိုပြီး သဲနဲ့ ကျောက်ထုတ် လုပ်နေတာကြောင်း တောင်ပေါ်မှာ ရှိတဲ့ စေတီရယ်၊ တောကျောင်းရယ် များမကြာခင် ပြိုပျက်သွားနိုင်ပါတယ်" ဟုသူက ပြောသည်။
ယခု ဆည်မြောင်းဦးစီးဌာနမှ တောင်ကို ဖြိုချပြီး သဲနှင့် ကျောက် ထုတ်လုပ်နေသောတောင်မှာ ကျောက်ဖြူနယ် တောင်ရင်း ကျေးရွာအုပ်စု တောင်ရင်းတောင် မော်တောင်
ဖြစ်ကြောင်း သိရသည်။
" အဲဒီတောင်ကို သူတို့ ဖြိုပြီး တူးနေတာတော့ ကြာနေပါပြီ။ အခုတော့ စေတီနားကို ရောက်နေပါပြီ။ ဆက်တူးရင်တော့ စေတီက ပြိုကျသွားမှာ သေချာပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင် ကျွန်တော်တို့ အနေနဲ့ ခုလို လုပ်နေတာကို အမြန်ဆုံး ရပ်တန့်ဖို့ လိုလားနေပါတယ်" ဟု သူက ဆက်ပြောသည်။
တောင်ရင်းရွာတွင်လည်း အများစုမှာ ရိုးသားသော တောသူ တောင်သားများ ဖြစ်ကြသဖြင့် ယခုကဲ့သို့ စေတီတော် တဆူ တည်ရှိရာ တောင်အား ဖြိုဖျက်ပြီး သဲနှင့် ကျောက်ထုတ်လုပ်နေခြင်းကို အထက်သို့ တိုင်ကြားရန်လည်း မ၀ံ့ရဲကြောင်း သူက ပြောသည်။
တောင်ရင်းတောင် မော်တောင်သည် ကျောက်ဖြူ လေယဉ်ကွင်း၏ အနောက်ဘက်တွင် တည်ရှိပြီး ၄င်းတောင်ပေါ်တွင် စေတီတော် တဆူနှင့် တောရ ကျောင်းငယ် တစ်ဆောင် တည်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်နေသော စီမံကိန်း လုပ်ငန်းခွင်များ အတွက် လိုအပ်သော ကျောက်နှင့် သဲများကို စနစ် တကျ ထုတ်လုပ်ခြင်း မဟုတ်ဘဲ စည်းမဲ့ကမ်းမဲ့ ထုတ်လုပ်နေသဖြင့် သဘာဝ ပတ်ဝန်းကျင်များမှာ အထူး ထိခိုက် ပျက်စီးလျှက် ရှိကြောင်း သိရသည်။ ထိုစည်းမဲ့ကမ်းမဲ့ ထုတ်လုပ်ရာတွင် အစိုးရ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများနှင့် ပုဂ္ဂလိက ကျောက်ထုတ်လုပ် ရောင်းချသူများ ပါဝင်ကြောင်း သိရသည်။
Subscribe to:
Posts (Atom)


