Thursday, November 17, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြန်လည်မှတ်ပုံတင်ရေးပါတီဗဟိုကော်မတီတွေဆွေးနွေးပြီ။

နိုဝင်ဘာ ၁၈ရက် နေ့ မနက် ၁၀နာရီဝန်းကျင်တွင် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပါတီပြန်လည်မှတ်ပုံတင်ရန်အတွက် စီစီအစည်းဝေးခေါ်ယူကာ ဆုံးဖြတ်ချက်ချမှတ်မည့် အစီအစဉ် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ပါတီမှတ်ပုံတင်ရေးကိစ္စဆွေးနွေးခြင်းအခမ်းအနားတွင် စီစီကော်မတီဝင် ၁၀၇ ဦးရှိရမှ ၁၀၁ဦးသာ တက်ရောက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် အန်အယ်လ်ဒီဥက္ကဌ ဦးတင်ဦးမှ ပြောကြားပြီး အစီအစဉ် ၈ရပ်ဖြင့် ပြုလုပ်နေကြောင်းသိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် ပါတီမှတ်ပုံရေးအတွက်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့်စီစီအဖွဲ့ဝင်များ မည်သို့ ဆုံးဖြတ်မည်ကို စောင့်မျှော်သူ ဦးရေ နှစ်သောင်းခန့်ုရှိနေသည်။
NLD ပါတီမှတ်ပုံတင်ရေးကိုကန့်ကွက်သည့်လက်ကမ်းစာစောင်များကို ဒေါ်နော်အုန်းလှက NLD
ရုံးချုပ်ရှေ့တွင်လိုက်လံဝေငှနေကြောင်း NLD ရုံးချုပ်ရှေ့တွင်သတင်းရယူရန်ရောက်ရှိနေသည့်
The Messenger အကြီးတန်းသတင်းထောက်ကသတင်းပေးပို့သည်။

No comments:

Post a Comment