မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များ၏ ချေးငွေဖြင့်   တိုက်ခန်းများကို  ဝယ်ယူနိုင်တော့မည် ဖြစ်ကြောင်း  ဆောက်လုပ်ရေး လုပ်ငန်း   သတင်းရပ်ကွက်မှ   သတင်းရရှိသည်။ ယင်းသို့ တိုက်ခန်းများ ဝယ်ယူရာတွင် Hire   Purchase  အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်ပြီး နိုင်ငံတကာတွင်   ကျင့်သုံးသည့်  စနစ်အတိုင်း ဖြစ်ကြောင်း သိရသည်။
  “ကျွန်တော်တို့ ဆောက်လုပ်ရေးကတော့  ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်ထားပါတယ်။   ခြောက်နှစ်ကြာ အရစ်ကျစနစ်နဲ့  ရောင်းပေးမယ်။ ဥပမာ အခန်းတစ်ခန်းကို   ကျပ်သိန်း ၁၅၀ တန်တယ်ဆိုရင်  ဘဏ်အတိုးနှုန်းဖြင့် တိုက်ခန်းတန်ဖိုး   သုံးပုံတစ်ပုံကို အရင်ဆုံး  ပေးသွင်းရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ငွေကို   လစဉ်ပေးသွားရမှာ ဖြစ်တယ်။  ခြောက်နှစ်ထိ ကြာနိုင်ခွင့်ရှိတယ်။ ကျန်ငွေက   ကျပ်သိန်း ၁၀၀ ဆိုရင်  ကျပ်သိန်း ၁၀၀ ကို ခြောက်နှစ်ဆပ်ရမယ့် သဘောကို   ပြောတာပါ” ဟု Shine  ဆောက်လုပ်ရေး၏ တာဝန်ရှိသူက ၂-၁၁-၂၀၁၁ ရက်တွင် ပြောသည်။
ပြီးခဲ့သည့်  အောက်တိုဘာလကပင် အဆိုပါ Hire Purchase စနစ်ကို   အသုံးပြုနိုင်ရန်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က   ခွင့်ပြုခဲ့ခြင်း  ဖြစ်ကြောင်း သိရသည်။ 
ပုဂ္ဂလိကဘဏ်များ   အနေဖြင့်  တိုက်ခန်းများအပြင် လျှပ်စစ်ဆက်သွယ်ရေးနှင့် အိမ်သုံးပစ္စည်း၊    လယ်ယာသုံးပစ္စည်း စသည်တို့ကို ဝန်ဆောင်မှု ပေးခဲ့ပြီးနောက် ယခုကဲ့သို့    တိုက်ခန်းများ ဝယ်ယူမှုကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ 
မော်တော်ကား    Show Room များ ပေါ်လာပြီးနောက် မော်တော်ကားများကိုလည်း အဆိုပါစနစ်ဖြင့်    ဝယ်ယူနိုင်စေရန် ဘဏ်များက ဝန်ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။ တိုက်ခန်း    ဝယ်ယူလိုသူများ အနေဖြင့် မိမိတို့ ကုမ္ပဏီကဖြစ်စေ၊ ဆောက်လုပ်ရေး ကုမ္ပဏီက    ဖြစ်စေ အာမခံပေးရမည် ဖြစ်ကြောင်း၊ ယခုအခါ AGD ဘဏ်က အဆိုပါ အစီအစဉ်ကို    စတင်တော့မည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment