Showing posts with label သတင်းရင်း (နိရဉ္စရာ). Show all posts
Showing posts with label သတင်းရင်း (နိရဉ္စရာ). Show all posts

Saturday, August 27, 2011

ဒုက္ခသည်များကို ပြန်လက်ခံရန် မြန်မာက အပြုသဘော တုန့်ပြန်။

မြန်မာနိုင်ငံက ရောက်ရှိသော ဒုက္ခသည်များကို ပြန်လည် လက်ခံရန် မြန်မာဘက်က အပြုသဘော တုန့်ပြန် ပြောကြားခဲ့ကြောင်း ဘင်္ဂလာဒေခ်ျ့ အစိုးရက မနေ့က ထုတ်ပြန်သော ကျေညာချက်ထဲတွင် ဖေါ်ပြ ထားသည်။


အခုလို မြန်မာဘက်က အပြုသဘော တုန့်ပြန်မူကို သြဂတ်စ်လ ၂၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့သော ဘင်္ဂလာ- မြန်မာ နိုင်ငံခြားရေး အတွင်းဝန် အဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က ထုတ်ဖေါ် ပြသခဲ့ခြင်း ဖြစ်ကြောင်း ကျေညာချက်တွင် ဖေါ်ပြသည်။


Bngladeshh_Myanmar-meeting မြန်မာနှင့် ဘင်္ဂလာမှ အဆင်မြင့် အရာရှိများ စစ်တကောင်းတွင် ၂၀၁၀ ဇန္န၀ါရီလ ၈ ရက်နေ့က ဆွေးနွေးနေကြစဉ် (ဓါတ်ပုံ- စတား)

ဆယ်စုနှစ်နှင့် ချီပြီး ဘင်္ဂလာဒေခ်ျ့အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်နေသော မြန်မာနိုင်ငံမှ ၀င်ရောက်လာသူများအား ပြန်လည် လက်ခံရန် အဆိုပါ ဆွေးနွေးပွဲတွင် ဘင်္ဂလာဒေခ်ျ့ ကိုယ်စားလှယ် အဖွဲ့က တင်ပြခဲ့ရာ မြန်မာဘက်က အပြုသဘော တုန့်ပြန်ခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့ဘက်က ပြောသည်။


ဘဂင်္ဂလာဒေခ်ျ့ အစိုးရမှ ထုတ်ပြန်သော ကျေညာချက်တွင် မြန်မာနိုင်ငံသားများဟု ရည်ညွှန်းပြောဆိုသော ဒုက္ခသည်များကို မြန်မာနိုင်ငံမှ ပြန်လည် လက်ခံရန် နိုင်ငံခြားရေး အတွင်းဝန် Mijarul Quayes က တင်ပြခဲ့ကြောင်း၊ တင်ပြရာတွင်လည်း ဒုက္ခသည် စခန်းတွင်းရှိ ဒုက္ခသည်များ စာရင်းနှင့် တကွ မြန်မာဘက်ကို တင်ပြခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။


ယခင်က ဘင်္ဂလာဒေခ်ျ့ အစိုးရ တာဝန်ရှိသူများက မြန်မာနိုင်ငံမှ မွတ်ဆလင် ဒုက္ခသည်များကို ရိုဟင်ဂျာ ဆိုသော အမည် စကားလုံးကို သုံးစွဲသော်လည်း ယခု တကြိမ် ကျေညာချက်ထုတ်ရာတွင် မြန်မာနိုင်ငံသား ဒုက္ခသည်များဟုသာ သုံးစွဲထားပြီး ရိုဟင်ဂျာ ဆိုသော နာမည်ကို ရှောင်ရှား ချန်လှပ်ထားခဲ့ကြောင်း သိရသည်။


၎င်းပြင် ဘင်္ဂလာဒေခ်ျ့ ကိုယ်စားလှယ်အဖွဲ့မှ ဒုက္ခသည် အဖြစ် အသိအမှတ်ပြုထားခြင်း မခံရသူ အထောက်အထားမဲ့ မြန်မာနိုင်ငံမှ ၀င်ရောက်လာသူများအားလည်း ပြန်လည် လက်ခံယူရန် မြန်မာဘက်သို့ တင်ပြခဲ့ကြောင်း သိရသည်။


၎င်းပြင် မြန်မာနိုင်ငံဘက်မှ ဘင်္ဂလာဒေခ်ျ့ဘက်သို့ ၀င်ရောက်လာသော မြန်မာနိုင်ငံသားများကိုလည်း တားဆီးပေးရန် မြန်မာဘက်ကို မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။


မြန်မာ ဒုနိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့်ကလည်း သူတို့အနေဖြင့် ဘင်္ဂလာဒေခ်ျ့တွင် ရောက်ရှိနေသောမြန်မာနိုင်ငံသားများကို သေချာစွာ စိစစ်ပြီးပါက လက်ခံယူရန် လိုလားနေကြောင်း ပြောဆိုသည်ဟု ကျေညာချက်တွင် ဖေါ်ပြသည်။


နှစ်ဘက်ဆွေးနွေးပွဲအား သြဂတ်စ်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ရာ မြန်မာ ဒုက္ခသည်များ အရေးကိစ္စကို သာမက သဘာဝ အရင်းအမြစ် ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် တိုက်ရိုက် လေကြောင်း ပျံသန်းပြေးဆွဲရေး၊ ရေကြောင်းလိုင်း တိုးချဲ့ရေးနှင့် တိုက်ရိုက် ကားလမ်း ရထားလမ်း ဖေါက်လုပ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။


၎င်းပြင် ယခုနှစ်ကုန်ပိုင်းတွင် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ခါဆီးနာ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်နိုင်ရေး အတွက် ပြောဆိုဆွေးနွေးခဲ့ကြကြောင်း ဘင်္ဂလာဒေခ်ျ့မှ ထုတ်ပြန်သော ကျေညာချက်တွင် ဖေါ်ပြသည်။


နှစ်ဘက် ကိုယ်စားလှယ်များ အနေဖြင့် စီးပွားရေး၊ ကုန်သွယ်ရေး အပါအ၀င် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ယဉ်ကျေးမူဆိုင်ရာ အပိုင်းများတွင်လည်း ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမူများ ရရှိခဲ့သည်ဟု သိရသည်။


နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်ရေး Join Commission တစ်ခု ဖွဲ့ရန်လည်း သဘောတူညီမူ ရရှိခဲ့သည်ဟု သိရသည်။

ကျောက်ဖြူတွင် လူခွန်ကောက်သည်ကို ရပ်တန့်ရန် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများ တောင်းဆို

ရခိုင်ပြည်နယ် ကျောက်ဖြူတွင် လေလံရထားသူများက စက်လှေခွန်များကိုသာမက လူခွန်များကိုပါ ကောက်ယူနေသဖြင့် လူအများ အပြားက မကျေမနပ် ဖြစ်ကာ လူခွန်ကောက်မူကို ရပ်တန့်ရန် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်ရုံးသို့ သွားရောက်ပြီး တောင်းဆိုခဲ့ကြသည်ဟု သတင်း ရရှိသည်။


ကျောက်ဖြူရှိ အများပြည်သူများ အသုံးပြုနေသော ဂျပန်မ ဆိပ်ကမ်းအား စည်ပင်မှ ပုဂ္ဂလိက လက်သို့ လေလံပေးထားပြီး လေလံရသူများက အဆိုပါ ဆိပ်ကမ်းတွင် ကူးတို့လှေများ၊ စက်လှေများကို သာမက ခရီးသွားပြည်သူများကို လူတစ်ဦးလျှင် အတက် ၄၀၀ ကျပ်၊ အဆင်း ၄၀၀ ကျပ် ကောက်ခံနေကြောင်း သိရသည်။


Kyauk-pru-Japan-Ma-port                     ဤ ကျောက်ဖြူ ဂျပန်မ ဆိပ်ကမ်းတွင် ပြဿနာ ပေါ်နေခြင်း ဖြစ်သည်။
 
" ခုလို ကောက်ခံနေတဲ့ အတွက် လူတွေမှာ အထူး အခက်အခဲ ဖြစ်နေကြရတယ်။ ဒီလို လုပ်တာဟာ မတရားတဲ့ အတွက် လူပေါင်း ၄၀ လောက်က ဂျပန်မ ဆိပ်ကမ်းမှာ စုရုံးပြီး အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရယ်၊ စည်ပင်ရုံးများသို့ သွားရောက်ကာ ဒီပြဿနာကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်" ဟု ပါဝင်သူ တစ်ဦးက ပြောသည်။

တောင်းဆိုသည့် ပြည်သူများ အထဲတွင် ကုန်တင် ကုန်ချ ပြုလုပ်နေသည့် နွားလှည်းသမားများနှင့် စက်လှေသမားများလည်း ပါဝင်ကာ ယနေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် စည်ပင်ရုံးသို့ စတင် သွားရောက်ကာ တောင်းဆိုခဲ့ကြသည်။

" ကျွန်တော်တို့ ပထမဆုံး စည်ပင်ရုံးကို သွားပါတယ်။ စည်ပင်ရုံးမှာ ထိုင်ပြီးတော့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ တောင်းဆိုတာက ခုလို အခွန်အကောက်တွေ ကောက်နေတာကို ကျွန်တော်တို့ မပေးနိုင်ဘူး။ ဒါကြောင့် အခွန်ကောက်တာကို ရပ်တန့်ပေးဖို့ ပြောပါတယ်။ ပီးရင် ကျွန်တော်တို့ တောင်းဆိုထားတဲ့ စာကိုလည်း သူတို့ကို ပေးပါတယ်။ စည်ပင်က စာကိုလည်း လက်မခံတဲ့ အပြင် ဒီပြဿနာကို ဖြေရှင်းကို သူတို့ တာဝန် မယူနိုင်ဘူးဆိုတဲ့ သဘောမျိုး ပြောပါတယ်" ဟု သူက ဆက်ပြောသည်။

၎င်းနောက် တောင်းဆိုသူ လူအုပ်သည် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် ခရိုင် အုပ်ချုပ်ရေးမှူး ရုံးသို့ ဆက်လက် သွားရောက်ကာ အခွန်အကောက် မတရား ကောက်ခံနေခြင်းကို တိုင်ကြားပြီး အခွန်ကောက်နေမူကို ရပ်တန့်ရန် ဆက်လက် တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

" ခရိုင်ဦးစီးမှူးတို့ မြို့နယ်ဦးစီးမှူးတို့ကတော့ မနက်ဖြန် ဂျပန် ဆိပ်ကမ်းကို လာရောက်ပြီး စစ်ဆေးမယ်လို့ ပြောပါတယ်။ ဒါကြောင်း ရေးထားတဲ့ စာကို တင်ပြီး ပြန်လာကြပါတယ်" ဟု သူက ပြောသည်။

နွားလှည်းသမားများ ပါဝင်ပြီး တောင်းဆိုရကြောင်းကို ဒေသခံ နွားလှည်း သမား တစ်ဦးက နိရဉ္စရာသို့ ယခုလို ပြောသည်။

" ကျွန်တော်တို့က ဂျပန်မှာ ဆိပ်ကမ်းမှာ ကုန်တင် ကုန်ချ လုပ်နေတဲ့ နွားလှည်းသမားတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ နွားလှည်း တစီးကိုသူတို့က ကျပ် ၅၀၀ စီ ကောက်ပါတယ်။ နွားလှည်းပေါ် လူပါလာရင်လည်း သူတို့က ကောက်ပါတယ်။ လူပါတာကို မပေးဘဲ ဆင်းရင် သူတို့က ကျပ် ၅၀၀၀ စီ ဒဏ်တပ်ပါတယ်။ ဒီလို လုပ်တဲ့ အတွက် နွားလှည်းသမားတွေနဲ့ သူတို့နဲ့ ပြဿနာ တက်တာ (၅) ကြိမ်လောက်ရှိပါပြီ။ နောက်ဆိုရင် သွေးထွက် သံယိုမူတွေ ဖြစ်လာနိုင်တဲ့ အတွက် ဒီလို မတရား အခွန်ကောက်နေတာကို ရပ်တန့်ဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ကောက်ခံရာတွင် လေလံရထားသူများက လူမိုက်များကို မွေးထားပြီး မပေးလျှင် နွားလှည်း သမားများ၊ ခရီးသွားပြည်သူများကိုလည်း ရိုက်နက် ကန်ကျောက်မူများ ပြုလုပ်သည်ဟုလည်း သိရသည်။ ၎င်းပြင် နယ်ကလာသူ ပြည်သူများမှာလည်း လူခွန်ခ ပေးနေရသဖြင့် အထူး ဒုက္ခရောက်နေကြရသည်ဟု သိရသည်။

လေလံရထားသူများသည် ပဲ့ထောင် စက်လှေ တစီးဖြင့် နယ်မှ ၀င်လာသော စက်လှေများကို ကျောက်ဖြူ အနီးတွင် ရပ်တန့်ပြီး စက်လှေပေါ် ပါလာသူများထံမှ အတင်း အဓမ္မမှ ငွေကြေးများလည်း ကောက်ခံကြောင်း သိရသည်။

ယခုကဲ့သို့ ကောက်ခံနေမူကို ဂျပန်မ ဆိပ်ကမ်း လေလံ ရထားသူ ဦးကျော်တင်နှင့် ဒေါ်ဝင်းသာဖြူ လင်မယားမှ ကောက်ခံနေကြောင်း ဖြစ်သည်ဟု သိရသည်။

Thursday, August 25, 2011

နယ်စပ် ခြံစည်းရိုး ဖျက်ဆီးထားမူ လာရောက် စစ်ဆေးမည်။

မြန်မာနိုင်ငံ အနောက်ဘက် မောင်တောမြို့နယ် အတွင်း ကာရံထားသော ခြံစည်းရိုးများကို တဘက်နိုင်ငံက ဘင်္ဂလာဒေခ်ျ့ဘက်မှ လူတချို့ ၀င်ရောက် ဖျက်ဆီးထားခြင်းကို သက်ဆိုင်ရာမှ လာရောက် စစ်ဆေးမည်ဟု သတင်း ရရှိသည်။




ဘာဝါယာများဖြင့် ကာရံထားသော မြန်မာ သံဆူးကြိုး ခြံစည်းရိုးကို အနီးကပ်တွေ့ရစဉ် ( ဓါတ်ပုံ- နိရဉ္စရာ)



အမည်မဖေါ်လိုသူ တောင်ပြိုမြို့မှ အစိုးရ ၀န်ထမ်း တစ်ဦးက ယခုလို ပြောသည်။
" လာစစ်ဆေးမှာက ဒီကနေ့မှာ စစ်ဆေးမှာ ဖြစ်ပါတယ်။ တောင်ပြိုလက်ဝဲ နယ်မြေ(၃) နစက နယ်မြေသို့ သူတို့ ရောက်ရှိနေပါပြီ။ နယ်စပ် တလျှောက်မှာ ဖျက်ခံထားတဲ့ ခြံစည်းရိုးတွေကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။"

အဆိုပါ အဖွဲ့အား နပခ ဒုတိယ တိုင်းမှူးမှ ဦးဆောင်ပြီး အဖွဲ့ဝင်များ အဖြစ် GE ခြံစည်းရိုး ကာရံရေး အဖွဲ့မှ ဗိုလ်မှူးကြီး များလည်း လိုက်ပါလာသည်ဟု သိရသည်။
" အဓိကတော့ တောင်ပြိုလက်ဝဲ နယ်မြေ(၃) နစက နယ်မြေ တလျှောက်မှာ ဖျက်ခံထားရပါတယ်။ စစ်ဆေးပြီးရင်တော့ သူတို့ ဘာဆက် လုပ်မယ်ဆိုတာ မသိဘူး" ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် ဘင်္ဂလာဒေခ်ျ့နှင့် ဆက်စပ်သော နယ်မြေ တလျှောက်တွင် မြန်မာဘက်မှ လူမှောင်ခို ၀င်ထွက်သွားလာမူကို တားဆီးရန် ရည်ရွယ်ချက်ဖြင့် သံဆူးကြိုး ဘာဝါယာများဖြင့် ခြံစည်းရိုးကာရံထားသည်။

အဆိုပါ သံဆူးကြိုးကာရံထားမူ အပေါ် ဒေသအတွင်း နေထိုင်သော မွတ်ဆလင်များက သူတို့၏ သွားလာရေးကို ချုပ်ချယ် ကန့်သတ်လိုသည် အတွက် ပြုလုပ်သည်ဟု ယူဆကာ အဆိုပါ ခြံစည်းရိုးကာရံမူ အပေါ် မလိုလားကြဟု သိရသည်။