Showing posts with label သတင်းရင်း(Burmadailynews). Show all posts
Showing posts with label သတင်းရင်း(Burmadailynews). Show all posts

Tuesday, September 6, 2011

လွတ်လပ်တဲ့အာရှအသံ(RFA)ပင်တိုင်ဆောင်းပါးရှင်ဦးစိန်ကျော်လှိုင်မြန်မာအစိုးရဧ။်ဖမ်းဆီးခြင်းခံထားရကြောင်းသတင်းများထွက်ပေါ်နေ။

လွတ်လပ်တဲ့အာရှအသံ(RFA)ပင်တိုင်ဆောင်းပါးရှင်ဦးစိန်ကျော်လှိုင်ဟာ ၂၀၁၁သြဂုတ်လ၂၈ရက်နေ့က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံရန်ကုန်မြို့သို့ ပြန်သွားခဲ့ရာ မြန်မာအာဏာပိုင်များက မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းဆီးပြီး အောင်သပြေစစ်ကြောရေးစခန်းသို့ ပိုဆောင်စစ်ဆေးနေကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းများထွက်ပေါ်လျှက်ရှိပါတယ်။
ဦးစိန်ကျော်လှိုင်ဟာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် လွတ်လပ်တဲ့အာရှအသံတွင် တာဝန်ထမ်းဆောင်ခဲ့သူတဦးဖြစ်သလို ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက်ခေတ်ပြိုင်သတင်းစာတွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူတဦးလည်းဖြစ်ပါသည်။ 
ယ္ခုလက်ရှိအချိန်တွင် လွတ်လပ်တဲ့အာရှအသံ သတင်းဌာန မြန်မာပိုင်းအစီအစဉ်တွင် ပင်တိုင်ဆောင်းပါးရှင်အဖြစ် လုပ်ကိုင်လျှက်ရှိပါတယ်။ ဦးစိန်ကျော်လှိုင်ဟာ မြန်မာအာဏာပိုင်များက ပြည်ပတွင်နေထိုင်သူများအား ပြည်တွင်းသို့ပြန်လာနိုင်ကြောင်း သတင်းထုတ်ပြန်ချက်နဲ့ ဆက်နွယ်ပြီး မြန်မာပြည်သို့ ပြန်သွားခဲ့သူတဦးဖြစ်ပါတယ်။ 
အခြားသတင်းတပုဒ်တွင် ဦးစိန်ကျော်လှိုင်ဟာ စက်တင်ဘာ(၄)ရက်နေ့က မြန်မာပြည်သို့ပြန်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။ အထက်ပါအဖြစ်အပျက်များအား တိကျခိုင်လုံမှု့ရှိရန် ဆက်လက်စုံစမ်းလျှက်ရှိပါတယ်။

Friday, September 2, 2011

ရန်ကုန်မြိုတွင် အစိုးရမှ လုံခြုံရေးအကြောင်းပြချက်ဖြင့် ပြည်သူများဧ။်နေ့တဒူဝ စားဝတ်နေရေးအလုပ်အကိုင်များအားနှောက်ယှက်လျှက်ရှိ။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အတည်မပြုနိုင်သော အဖျက်အမှောက် သတင်းများရရှိသည်ဆိုသော အကြောင်းပြချက်ဖြင့် လုံခြုံရေး ပိုမိုမြင့်တင်ထားကြောင်း တိုင်းဒေသကြီးအစိုးရနှင့် နီးစပ်သူများဧ။် အဆိုအရသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း သြဂုတ်လဆန်းမှစ၍ မြို့တွင်းလုံခြုံရေးများ ပိုမိုတင်းကျပ်ထားပြီး ရန်ကုန်မြို့တွင်းလူစည်ကားရာကာဂိတ်များတွင်လည်း ရဲတပ်ဖွဲ့ဝင်များ ချထားကြောင်း မျက်မြင်သက်သေတချို့ဧ။် ပြောပြချက်အရ သိရသည်။ ယာဉ်ထိမ်းရဲများလည်း မှတ်တိုင်တော်တော်များများမှာ စောင့်ကျပ်လျှက်ရှိသည်ဟု ရန်ကုန်မြို့ခံတဦးကဆိုသည်။

(၁၉)လမ်းမှ စားသောက်ဆိုင်များအားလည်း အာဏာပိုင်များမှ အကြောင်းပြချက် တစုံတရာ ပြောကြားခြင်း မရှိဘဲ ည(၈)နာရီးအထိသာ ဖွင့်ခိုင်းထားကြောင်း အဌားယာဉ်မောင်းတဦးကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လူစည်ကားရာနေရာများတွင် အဖျက်အမှောင့် လုပ်ငန်းများ မလုပ်နိုင်ရန် ကြိုတင်ကာကွယ်သောအဆင့်အဖြစ် လုံခြုံရေးအား ဆက်လက်တင်းကျပ်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ တာဝန်ရှိသူတဦးကပြောကြားသော်လည်း လမ်းပေါ်တွင် သွားလာနေသော မော်တော်ယာဉ်များအား တစုံတရာ အကြောင်းပြချက်မရှိဘဲ လူအုပ်ဖြင့် ပိတ်ဆို့ဟန့်တား၍ စစ်ဆေးခြင်းများ ပြုလုပ်နေခြင်းမှာ သာမန်ခရီးသွားပြည်သူများအတွက် အနှောက်အယှက် များစွာဖြစ်ရသည်ဟု ရန်ကုန်မြိုမှ အမည်မဖေါ်လိုသူ အဌားယာဉ်မောင်းတဦးမှ ပြောပြခဲ့ပါသည်။