Friday, September 2, 2011

ရန်ကုန်မြိုတွင် အစိုးရမှ လုံခြုံရေးအကြောင်းပြချက်ဖြင့် ပြည်သူများဧ။်နေ့တဒူဝ စားဝတ်နေရေးအလုပ်အကိုင်များအားနှောက်ယှက်လျှက်ရှိ။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အတည်မပြုနိုင်သော အဖျက်အမှောက် သတင်းများရရှိသည်ဆိုသော အကြောင်းပြချက်ဖြင့် လုံခြုံရေး ပိုမိုမြင့်တင်ထားကြောင်း တိုင်းဒေသကြီးအစိုးရနှင့် နီးစပ်သူများဧ။် အဆိုအရသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း သြဂုတ်လဆန်းမှစ၍ မြို့တွင်းလုံခြုံရေးများ ပိုမိုတင်းကျပ်ထားပြီး ရန်ကုန်မြို့တွင်းလူစည်ကားရာကာဂိတ်များတွင်လည်း ရဲတပ်ဖွဲ့ဝင်များ ချထားကြောင်း မျက်မြင်သက်သေတချို့ဧ။် ပြောပြချက်အရ သိရသည်။ ယာဉ်ထိမ်းရဲများလည်း မှတ်တိုင်တော်တော်များများမှာ စောင့်ကျပ်လျှက်ရှိသည်ဟု ရန်ကုန်မြို့ခံတဦးကဆိုသည်။

(၁၉)လမ်းမှ စားသောက်ဆိုင်များအားလည်း အာဏာပိုင်များမှ အကြောင်းပြချက် တစုံတရာ ပြောကြားခြင်း မရှိဘဲ ည(၈)နာရီးအထိသာ ဖွင့်ခိုင်းထားကြောင်း အဌားယာဉ်မောင်းတဦးကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လူစည်ကားရာနေရာများတွင် အဖျက်အမှောင့် လုပ်ငန်းများ မလုပ်နိုင်ရန် ကြိုတင်ကာကွယ်သောအဆင့်အဖြစ် လုံခြုံရေးအား ဆက်လက်တင်းကျပ်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ တာဝန်ရှိသူတဦးကပြောကြားသော်လည်း လမ်းပေါ်တွင် သွားလာနေသော မော်တော်ယာဉ်များအား တစုံတရာ အကြောင်းပြချက်မရှိဘဲ လူအုပ်ဖြင့် ပိတ်ဆို့ဟန့်တား၍ စစ်ဆေးခြင်းများ ပြုလုပ်နေခြင်းမှာ သာမန်ခရီးသွားပြည်သူများအတွက် အနှောက်အယှက် များစွာဖြစ်ရသည်ဟု ရန်ကုန်မြိုမှ အမည်မဖေါ်လိုသူ အဌားယာဉ်မောင်းတဦးမှ ပြောပြခဲ့ပါသည်။

No comments:

Post a Comment